အဓိကကျမ်းချက်များ။
ယောဟန်၊ ၃း၁၆။ ရောမ၊ ၁၀း၉-၁၃။ လုကာ၊ ၁၃း၂၃-၂၅။ ရောမ၊ ၃း၂၁-၂၈။
နိဒါန်း။
ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရောက်ရန် ဒုတိယအရေးကြီးဆုံးအခြေနေမှာ စိတ်ချသောယုံကြည်ခြင်း ပင်ဖြစ်ပါသည်။ ကယ်တင်ခြင်းခံစားရရှိနိုင်ဖို့ရန်နှင့် ခရစ်တော်၏တပည့်တော်စစ်တစ်ဦးအဖြစ်နောက်တော် သို့ လိုက်ဖို့ရန် ကျွန်ုပ်တို့လုံးဝယုံကြည်ရပါမည်။ ဘာတွေယုံကြည်ရမည်နည်း။
(၁) ကျွန်ုပ်တို့သည်လုံးဝ ဥဿုံအပြစ် သားဖြစ်ကြောင်းယုံကြည်ရမည်။ (၂)ကျွန်ုပ်တို့၏ထိုအပြစ်များအတွက် ခရစ်တော်သည်မိမိ အသွေးကို သွန်း တော်မူခဲ့ခြင်း၊ ထိုအပြစ်များအတွက် အသေခံတော်မူခဲ့ခြင်းကိုယုံကြည်ရမည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အပြစ်အ တွက်နောင်တရရမည်။ ထိုအပြစ်များအတွက် ခွင့်လွတ်ခြင်းရရှိရန် ဘုရားသခင် ထံတော်ပါး၌တောင်းလျှောက်ရပါမည်။ ထို့အပြင် ခရစ်တော်အတွက်အသီးသီးသောအသက်တာနှင့်အသက် ရှင်ခြင်း၊ခရစ်တော်အား ကျွန်ုပ်တို့ဘ၀အသက်တာ၏အရှင်သခင်အဖြစ် လုံးလုံးလျားလျားလက်ခံရပါ မည်(မာကု၊၁း၁၅။ တမန်တော်၊၂၀း၂၁။ ယော ဟန်၊၁း၁၂)။

စိတ်ချသောယုံခြင်းဆိုသည်မှာ။
စိတ်ချသောယုံကြည်ခြင်းဆိုသည်မှာ ကယ်တင်ခြင်းကိုမှက်မှောက်ပြုသော ယုံကြည်ခြင်းကိုဆိုလိုပြီး သွင်ပြင်လက္ခဏာအခြေအနေအမျိုးမျိုး ပါဝင်လျှက်ရှိပါသည်။ အချုပ်အားဖြင့်-
-       အသက်တာအားဘုရားသခင်အားဆက်ကပ်အပ်နှံခြင်း(ဆာလံ၊ ၃၇း၅)
-       ခရစ်တော်ယေရှုအားယုံကြည်ကိုးစားခြင်း(ယော၊၃း၁၅)
-       အမှန်တကယ်နှလုံးသားထဲမှ နာခံမှုများဖြစ်ခြင်း(ရောမ၊၆း၁၇)
-       အမှန်တကယ်နှလုံးသားဖြင့်ယုံကြည်ကိုးစားခြင်း(ရောမ၊၁၀း၉-၁၀)
- သမ္မာကျမ်းစာသည် ဘုရားသခင်မိန့်မွက်တော်မူသော စကားတော်ဖြစ်ကြောင်း အကြွင်းမဲ့ယုံ ကြည် ခြင်း(၂တိ၊ ၃း၁၆-၁၇)
-       ဘုရားသခင်အပေါ်လုံးဝဥဿုံစိတ်ချယုံကြည်သည့်အသင့်အနေအထားရှိခြင်း(ဟေဗြဲ၊ ၂း၁၃)
-       ခရစ်တော်အား မိမိအသက်တာထဲသို့ ကြွရောက်ရန်ဖိတ်ခေါ်နေတတ်ခြင်း(ဗျာဒိတ်၊၃း၂၀)တို့ဖြစ် ပါ သည်။
ဒုတိယမွေးဖွားခြင်းဆိုသည်မှာ။
လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ် သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” (၂ကော၊၅း၁၇)ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင် လည်း သင်တို့ကိုအကုန်အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့သခင် ယေရှုခရစ်ကြွလာတော်မူသောအခါ သင် တို့၏ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူပါစေသော။” (၁သက်၊၅း၂၃)
သမ္မကျမ်းစာမှ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာနှင့် ၀ိညာဉ်များကိုသာမက ခန္ဓာတည်းဟူသော ကိုယ်အင်္ဂါအစိတ် အပိုင်းအားလုံး၊ ကျွန်ုပ်တို့၏စိတ်ဓတ်၊ လိုအင်ဆန္ဒနှင့် စိတ်လှုပ်ရှားမှုများပါဝင်သော ၀ိညာဉ်ဟုရှင်းလင်းပြတ် သားစွာဖေါ်ပြထားပါသည်။ Watchman Nee ဆိုသူက ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုသည် ကျွန်ုပ်တို့မည်သို့ ခံစား နေရကြောင်းကိုဖေါ်ပြနေသကဲ့သို့ ကျွန်ုပ်တို့၏စိတ်က ကျွန်ုပ်တို့ဘာတွေတွေးနေကြောင်း ထို့အတူ ကျွန်ုပ်တို့၏ လိုအင်ဆန္ဒများကလည်း ကျွန်ုပ်တို့ဘာကိုအလိုရှိနေကြောင်း ဖေါ်ပြနေတတ်ပါသည်ဟုဆိုထား ပါသည်။
လူတစ်ဦးတွင် ခန္ဓာကိုယ်၊ စိတ်(soul-လိပ်ပြာ/နာမ်စိတ်။mind-အတွင်းစိတ်/inner being)၊ ၀ိညာဉ်(၃) မျိုးဖြင့် မွေးဖွားလာသော်လည်း အတွင်းရှိနာမ်စိတ်(လိပ်ပြာ)ကသာ သူ့အသက်တာကို လွှမ်းမိုးချယ်လှယ် ထားကြောင်းအများအားဖြင့်တွေ့ရှိရပါသည်။ ထို့ကြောင့်လူသည် ဆုံးဖြတ်ချက်များချတိုင်း ထိုစိတ်(soul/ mind-emotions-intellect-will)ဖြင့်သာ အရာအားလုံးနှင့်အခြေအနေအရပ်ရပ်တို့ကို အကဲဖြတ်လေ့ရှိ သည်။ (လူသည်ဘုရားသခင်ဖန်ဆင်းစက အခြားသက်ရှိသတ္တ၀ါများနှင့်မတူ တမူထူးခြားစွာမှုတ် သွင်းတော်မူခဲ့သော ၀ိညာဉ်(spirite-ဘုရာနှင့်အဆက်အသွယ်ပြုရန်)ဖြင့် အသက်တာအတွက်ဆုံးဖြတ်ချက် ချခြင်း၊ ဆင်ခြင်စဉ်းစား ခြင်း၊ ဝေဖန်ပိုင်းခြားခြင်းအလွန်နည်းသည်။ တနည်းဆိုသော် ဘုရားသခင်နှင့် ဆက် သွယ်ရန်ဖန်ဆင်းပေးထား သောဝိညာဉ်သည် လှုပ်ရှားသက်ဝင်မှုမရှိသောကြောင့် ဘုရားသခင်ထံပါး မှညွန်ကြားသော အချက်အလက်များ ကိုမရရှိတော့သောကြောင့် ၀ိညာဉ်အသက်တာသေသည်ဟုဆိုပါ သည်။ တနည်းဆိုသော် မိမိပုဂ္ဂလိက ပိုင်ဆိုင်သော နာမ်စိတ်(သို့)လိပ်ပြာ(mind/soul-emotion-intellect-will)များဖြင့်သာ ချဆုံးဖြတ်ချက်ချ လျှောက်လှမ်းအသက်ရှင်နေကြခြင်းဖြစ်သည်။ အထူးသဖြင့် အာရုံငါးပါး မှ ပေါ်လာသောစိတ်လှုပ်ရှားမှု-စိတ်ခံ စားမှု(emotion)ကိုရှေ့တန်းတင်ပြီးအသက်ရှင်ကြသည်။ ထို့ကြောင့် လူသည် အမြဲလိုလိုပင် ထိုစိတ်လှုပ် ရှားမှု၏စေရာကိုခံရကြသည်။ ဤသို့အားဖြင့် လူသည်ဘုရားကိုကျော ခိုင်းပြီး အရာရာအားလုံးကို မိမိ၏အတွင်း စိတ်များ(soul/mind-emotion-intellct-will)မှ တောင်းဆိုလာမှု များအပေါ်အခြေခံပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက် များချမှတ်ကာ two-bitအရေးမပါသောကဏ္ဍနှစ်ရပ်ဖြင့် အသက်ရှင်နေကြခြင်းဖြစ်သည်ဟု Colin Urquhart: In Christ Jesus စာအုပ်တွင် ဖေါ်ပြထားပါသည်။
သခင်ခရစ်တော်ဖေါ်ပြသော “ဒုတိယမွေးဖွားခြင်း” မခံယူမှီလူသည် ဘုရားသခင်မှုတ်သွင်းတော်မူသော ၀ိညာဉ်အသက်တာဖြင့်အသက်ရှင်ခြင်းမရှိဘဲ မိမိ၏ခန္ဓာနှင့်စိတ်(body and mind/soul-inner being)မှ အခြေခံကာပေါ်ပေါက်လာသော စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်၊ အသိတရားများ ခံစားမှုများအားဖြင့်သာ ရပ်တည် အသက်ရှင်သောသတ္တ၀ါအဖြစ်သာရှိပါသည်။ တနည်းအားဖြင့် ၀ိညာဉ်အားဖြင့် အရာခပ်သိမ်းကို သိကျွမ်း တော်မူသောဘုရားသခင်နှင့်အဆက်အသွယ်မလုပ်ဘဲ၊ အားမကိုးဘဲ လူ့အသိတရား၊ လူ့အတွေး အခေါ်၊ လူ့ရည် ရွယ်ချက်၊ လူ့ဆန္ဒများဖြင့်သာ အသက်ရှင်သောကြောင့် ၀ိညာဉ်သေလျှက်ရှိသည်ဟု နားလည်နိုင်ပါသည်။သင်တို့သည် အထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏တန်ခိုးကိုအစိုး ရသောမင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သော ၀ိညာဉ်တော်၏အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ကျင် လည်ကြ၍ ထိုဒုစရိုက်အပြစ်၌သေ လျှက်ရှိနေသောသင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ” (ဧဖက်၊ ၂း၁-၂)။ထို့ကြောင့် ဒုတိယမွေးဖွားခြင်းဆိုသည်မှာ- အပြစ်ကြောင့်သေလျှက်ရှိသော ကျွန်ုပ်တို့အ တွင်းရှိဘုရားသခင် မှုတ်သွင်းတော်မူသောအတွင်းရှိ ၀ိညာဉ်ဧရိယာကိုပြန်လည် အသက်ရှင်သန် လာစေခြင်းဖြစ်သည်။ ထိုဝိညာဉ်တော်၏ လမ်းပြမှုအားဖြင့် သေနေသောဝိညာဉ်ပြန်လည်အသက်ရှင်လာ ပါက ထိုလူသည် (three- bit) ခန္ဓာ(body)၊ စိတ်(mind/soul)၊ ၀ိညာဉ်(spirite)အပေါ်အခြေခံလျှက် ရပ်တည်အသက်ရှင်သောသတ္တ၀ါဖြစ်လာပါလိမ့်မည်။ (ဂလာတိ၊၅း၁၆-၂၅)(ရောမ၊၈း၉)ယောဟန်၊၃း၃-၈)။
ထို့ကြောင့် ခရစ်တော်ယေရှုက ကျွန်ုပ်တို့အနေဖြင့် ဒုတိယမွေးဖွားခြင်းမခံယူလျှင် ဘုရားသခင်၏နိုင် ငံ တော်ကိုမြင်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူခဲ့ပါသည်။ ဘုရားသခင်၏နိုင်ငံတော်ကိုမြင်ရခြင်းဆိုသည်မှာ -ဘုရားသခင်နှင့်အမှန် တကယ်တွေ့ကြုံသိကျွမ်းရခြင်း၊ ဘုရားသခင်၏ ကျွန်ုပ်တို့အပေါ်ထား ရှိသောမေတ္တာတော်နှင့် ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူခြင်းအား အကြွင်းမဲ့နား လည်သဘောပေါက်ခြင်း၊ သန့်ရှင်းသောဝိညာဉ် တော်၏လမ်းပြခြင်း၊ခွန်အားပေးခြင်းအားဖြင့် ဘုရားသခင် အလိုတော်ရှိသော အသက်ရှင်ခြင်းဖြင့်နေထိုင်အ သက်ရှင်ခြင်းပင်ဖြစ်ပါသည်။

ဘုရားသခင်ထံတော်ပါးမှယုံကြည်ခြင်းလက်ဆောင်။
ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည် မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့်ကယ်တင် တော်မူခြင်းသို့ရောက်သည်မ ဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှဝါကြွားစရာအခွင့်မရှိ” (ဧဖက်၊ ၂း၈-၉)။
ကျွန်ုပ်တို့သည် ဘုရားသခင်ကိုအကြွင်းမဲ့ယုံကြည်သော ယုံကြည်ခြင်းများပါလျှက်မွေးဖွားလာသောသူ များမဟုတ်ပါ။ ထိုယုံကြည်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်မှလက်ဆောင်ဖြစ်ပါသည်။ လူကိုဘုရားသ ခင်ဖန်ဆင်းစက အဖြစ်ကင်းမဲ့ပါသည်၊ ဘုရားနှင့်လည်းအမြဲမိတ်သဟာရဖွဲ့စကားပြောဆိုခြင်းလည်း ရှိပါ သည်၊ နောက်ပိုင်းတွင် လူသည်ဘုရားသခင်၏စကားတော်ကိုနာမခံခြင်းကြောင့် အပြစ်သားဘ၀သို့ရောက် ပြီးဘုရားနှင့်မိတ်သဟာရဖွဲ့ခြင်းလည်း မရှိတော့ပါ။ ထိုအချိန်မှစ၍ လူသည်မိမိ၏စိတ်(soul/mind-emotion,intellect,will) အလိုအတိုင်း အရာရာကိုဆုံးဖြတ်ပြီး ဘ၀ကိုလျှောက်လှမ်းခဲ့ကြပါသည်။(ဘုရား သခင်မှုတ်သွင်းပေးတော် မူသောဝိညာဉ်(spirit)အလုပ်မလုပ်တော့ပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် မိမိကိုယ်ကိုအဖြစ်သားဖြစ် ကြောင်းဝန်ခံသောသူများ၊ ယေရှုခရစ်တော်အားမိမိတို့၏အပြစ်အတွက် ကိုယ် စားအသေခံတော်မူသော ကယ် တင်ရှင်ဖြစ်ကြောင်းလက်ခံသူများ၊ နောင်တရသောသူများကို ဘုရားသခင် ထံတော်သို့ပြန်လှည့်လာစေရန် သူတို့၏အသက်တာ အသီးသီးထဲတွင် ၀င်ရောက် အလုပ် လုပ်ဆောင်ပေးသော၊ဘုရားသခင်အားယုံကြည်ရာ ရန်ဆောင်ရွက်ပေးသော၊ ယေရှုခရစ်တော်အား ကယ် တင်ပိုင်ရှင်အဖြစ်လည်းကောင်း အသက်တာ၏သခင်အဖြစ် လည်းကောင်းလက်ခံယုံကြည်လာစေ ရန် ဆောင်ရွက်ပေးသောပုဂ္ဂိုလ်ပင်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ကယ်တင်ခြင်းစိတ်ချမှု။
ထိုယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ခံစားမှုကိုမှီခိုအားထားသော ယုံကြည်စိတ်ချခြင်းမျိုးမဟုတ်ပါ။အောက် ပါအချက်များတို့အပေါ်တွင်သာတည်မှီနေသောယုံကြည်ခြင်းဖြစ်သည်။
-    ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့အားမည်သို့သွန်သင်နေပါသနည်း၊ ဘာပြောနေ ပါသနည်း။(ယောဟန်၊ ၅း၂၄။ ဟေဗြဲ၊၁၃း၅။ယောဟန်၊၆း၃၇။ ရောမ၊၈း၃၈-၃၉။ တိတု၊ ၁း၂။ ယော ဟန်၁၀း၂၈-၂၉)။
-       ကျွန်ုပ်တို့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏ သက်သေခံခြင်း။ (ရောမ၊ ၈း၁၄-၁၆။ ၁ယော၊၃း ၂၄) ။ 
အပြစ်သား၏ဆုတောင်းချက်
သင်သည်အမှန်တကယ် သင်၏အပြစ်သားဖြစ်ခြင်းကို သိလျှက်အပြစ်လွှတ်ခြင်းကိုခံစားလိုပါလျှင် လည်းကောင်း၊ ဘုရားသခင်၏ သားသမီး(သို့)ယေရှုခရစ်တော်၏ တပည့်တော်ဖြစ်လို လျှင်ဖေါ်ပြပါဆုတောင်းချက်တွင်ပါဝင်သော သဘောတရားများပါဝင်သော ဆုတောင်းခြင်းဖြင့် ဘု ရားသခင်အားဆုတောင်းနိုင်ပါသည်။
          “သခင်ဘုရား ကျွန်တော်ဟာအပြစ်သားတစ်ယောက်ဖြစ်ပါတယ်ဆိုတာကိုနားလည်ပါပြီ။ ကျွန်ုပ်အပြစ်အတွက်ယေရှုခရစ်တော် အသေခံတော်မူကြောင်းကိုလည်း ယုံကြည်ပါပြီ။ အပြစ်ကြောင့် ခံရမည် ပြစ်ဒဏ်ကိုလည်း ကျွန်ုပ်အပေါ်ကနေဖယ်ရှားပြီး ယေရှုခရစ်တော်ကိုယ်တိုင် လက်ဝါးကဒ်တိုင်ပေါ်မှာ ဒီအပြစ်တွေအားလုံးကို ခံယူသွားခဲ့ပါပြီ။ ယခုကျွန်ုနောင်တရပါပြီ။ အပြစ် သားဘ၀ကနေ ဘုရားသခင်ထံပြန်လှည့်လာပါပြီ။ ကျွန်ုပ်၏အပြစ်များကို ခွင့်လွှတ်ပေးပါရန် ယခု ကျွန်ုပ်တောင်းလျေက်ပါ၏ ။ယေရှုခရစ်တော်ထံ ကျွန်ုပ်၏  အသက်တာအား  ဆက်ကပ်ပါ၏။ ကိုယ်
တော့်ကို ကျွန်ုပ်ဘ၀ရဲ့ကယ်တင်ရှင်အဖြစ်လည်း ကောင်း၊ သခင်အဖြစ်လည်းကောင်းလက်ခံပါ၏။ ကိုယ်တော်၏မိန့်တော်မူချက်များကို ကျွန်ုပ်နာခံလိုက်လျှောက်ပါမည်။ ကျွန်ုပ်၏ဘ၀အသက် တာထဲသို့ ကိုယ်တော်၏ကောင်းမြတ်ခြင်းများဖြင့် ဆင်းသက်ကြွ လာတော်မူပါ။ ယခုကျွန်ုပ်သည် ဘုရားသခင်၏ သားသမီးဖြစ်ခွင့်ကိုလည်းကောင်း၊  အပြစ်များလည်း အသွေးတော် အားဖြင့်  ဆေးကြောခြင်းခံရကြောင်းကိုသိရပါပြီ။ ချီးမွမ်းပါ၏ ။အာမင်”
       
မေးခွန်းများနှင့်ဆွေးနွေးရန်အချက်များ
၁။      အခြားသောသူတစ်ဦးက သင့်ကို သင်ဘယ်လိုဘယ်ပုံ ခရစ်ယာန်တစ်ဦးဖြစ်လာသလဲဟုမေး လျှင် သင်မည်သို့ ပြန်လည်ပြောကြားမည်နည်း။(သူတို့နားလည်နိုင်သော စကားဖြင့်ပြော ရန်)။
၂။       သူသည်ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း သင်မည်သည့်သက်သေဖြင့်ဖေါ်ပြမည်နည်း။
၃။       ယေရှုခရစ်တော်အား သင်၏  ကယ်တင်ပိုင်ရှင်သခင်အဖြစ် လက်ခံလိုက်သည်နှင့် တစ်ပြိုင် နက်ဘာဖြစ်မည်နည်း။
၎။   သမ္မာကျမ်းစာသည်  ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ကြောင်း ယုံကြည်ခြင်း၊ ကယ် တင် ခြင်းနှင့်ဆိုင်သောစိတ်ချသည့် ယုံကြည်ခြင်းတို့သည် ဘာကြောင့်အရေးကြီးပါသလဲ။
၅။    အများသောလူများသည် မိမိတို့ ကယ်တင်ခြင်းရရှိရန် လိုအပ်ကြောင်းကို ဘာကြောင့်မသိ ကြသနည်း။(၂ကော၊၄း၎)။
၆။  ဘုရားသခင်နည်းလမ်းဖြင့် အသက်ရှင်ခြင်းနှင့် လူ့နည်းလမ်းဖြင့် အသက်ရှင်ခြင်းနှစ်မျိုး အား နှိုင်းယှဉ်ပါ။
၇။       ကယ်တင်ခြင်းသည် ခရီးလမ်း၏အစလား၊ ခရီးလမ်း၏အဆုံးသတ်နိဂုံးလားရှင်းပြပါ။

အကျဉ်းချုပ်။
-     ကယ်တင်ခြင်းခံရရန်နှင့်  ခရစ်တော်၏  တပည့်တော်စစ်ဖြစ်ရန်  အပြစ်အားလုံးကို  ၀န်ခံဝန် ချတောင်းပန်ခြင်း၊နောင်တရခြင်းနှင့် အပြစ်အားလုံးကိုလွှတ်ပေးပါရန် ဘုရားသခင်အားတောင်း ဆိုရပါမည်။ ဘ၀အသက်တာအားလုံးကို ခရစ်တော်ပုံအောအပ်နှံရပါ မည်။ ယေရှုခရစ်ေ တာ် အား မိမိ ၏ကယ် တင်ရှင်သခင်အဖြစ်အုပ်စိုးပါရန် တောင်းခံရပါမည်။
-   ကယ်တင်ခြင်းခံရသောအခါ ကျွန်ုပ်တို့၏  ကယ်တင်ခြင်းအတွက်လည်းကောင်း၊ ကျွန်ုပ်တို့၏ ၀ိညာဉ် အသက်တာရှင်သန်ဖို့ရန် သန့်ရှင်းသောဝိညာဉ်တော်ကို စာရံအဖြစ်ရရှိခြင်း၊ အာမခံ တစ်ခုအဖြစ် လည်းကောင်းရရှိပါမည်။(ဧဖက်၊ ၁း၁၃-၁၄)။
-       ခရစ်ယာန်တစ်ဦးဖြစ်လာသောအခါ ကျွန်ုပ်တို့၏  ယခင်အသက်တာအား  စွန့်လွှတ်ရန် လွယ်ကူ လာ ပါ လိမ့်မည်။(ယောဟန်၊၁၀း၁၀)။