ပိုက်ဆွတွေ ဘယ်ရောက် ကုန်မလဲ မသိဘူး….ပိုက်ဆံက ဘယ်လိုကုန် သွားလဲမသိဘူး   စသည်ဖြင့် လူတွေပြော ကြ၊ ညည်းညူ နေကြခြင်းကို အမြဲကြားရသည်။ မိမိ၏ကိုယ် ပိုင်ငွေကြေးများကို စနစ်တကျစီမံ ခန့်ခွဲသုံးစွဲ နိုင်ပါက ထိုသို့ပြော ရန်မလိုဟု ထင်မိပါသည်။ ကိုယ်ပိုင်ငွေ ကြေးစီမံခန့်ခွဲမှု (Personal Finance) သည် financial management တွင် လေ့လာ အပ်သောဘာ သာရပ်တစ်ခု အနေဖြင့် ပါဝင်နေ ပါသည်။ ထို့ကြောင့် မိမိ၏ ကိုယ်ပိုင်ဝင်ငွေ၊ အသုံးစရိတ်များ ကိုကောင်းမွန်စွာ၊ စနစ်တကျခွဲဝေ သုံးစွဲနိုင်ရန်သည် Personal financial planning process များထဲမှ အချက်တစ်ချို့ ကိုကောက်နုတ် ဖော်ပြ လိုက် ပါသည်။

၁။မိမိကိုယ်ကိုမိမိပြန်လည်သုံးသပ်ပါ။
မိမိသည် မိသားစုတွင်အဓိက၀င်ငွေရှာသူဟုတ်မဟုတ်။

မိမိတစ်လတာ အသုံးစရိတ်များ ကိုသုံးစွဲရာတွင် အစားအ သောက်မှာ လား၊ အ၀တ်အစား မှာလား၊ အခြားမှာ လားစသည်ဖြင့် မည်သည့်အရာများ ကိုဦးစားပေးပြီး သုံးမိနေသလဲ။ မိမိတွင် တစ်လစာ ၀င်ငွေမည်မျှရှိသည်၊ မိမိ၏၀င်ငွေရ လမ်းများမှာမည် သည်ကဖြစ်သည် (ဥပမာ-လစာ၊မုန့်ဖိုး) စသည် တို့ကို ပြန်လည် သုံးသပ်ပါ။ ထိုအခါမိမိတစ်လ တာရသောဝင် ငွေနှင့် မိမိပြန် လည်သုံးစွဲမှု သည် ညီညွတ်မှု ရှိရဲ့လား။ မည်သည့် အရာများကို မလိုအပ်ပဲ သုံးမိနေသလဲ ဆိုတာကိုချင့် ချိန်နိုင် မည်ဖြစ်သည်။ ထို့နောက် နောက်လများတွင် မိမိ(သို့) မိသားစု၏ ၀င်ငွေနှင့် အသုံးစရိတ် များကိုခန့်မှန်းပါ။ ထပ်မံကုန် ကျလာနိုင် သည့် အရာများ ကို ဥပမာ- မိမိထပ်မံ တက်ရောက်လိုသည့် သင်တန်း စရိတ်များ… အိမ်ထောင် ရှင်ဖြစ် ပါက မိမိ၏သား သမီးများပညာ ရေးအတွက် အသုံးစရိတ်များ --စသည်ဖြင့် ထည့်သွင်း စဉ်းစားပါ။

၂။Financial Goal နှင့် Financial Plan ချမှတ်ပါ။
အနာဂတ်အတွက် ကုန်ကျနိုင်မည့်စ ရိတ်များကို စဉ်းစားပြီး မည်သည့် အတွက်သုံး စွဲမည်ကို ပန်းတိုင် ထားခြင်းသည် Financial Goal ချမှတ်ထား ခြင်းဖြစ်သည်။ လူတစ်ဦး နှင့် တစ်ဦးထား ရှိသော ပန်းတိုင်မှာ မတူညီနိုင်ပါ။ ဥပမာ-ပညာ ရေးကို တန်ဖိုးထားသော သူ၏ပန်း တိုင်မှာ သင်တန်း(သို့) ကျောင်းဆက် တက်ရန်ပိုက်ဆံစုခြင်းဖြစ် မည်။ ထိုသို့ Goal  ချမှတ်ပြီး နောက် မည်သို့သုံး စွဲမည်ကို စဉ်းစားထား ခြင်းသည် Plan ချမှတ် ထားခြင်း ဖြစ်သည်။ Plan ချမှတ်ရာ တွင် မိမိ၏အနာ ဂတ်ဝင်ငွေမှာ မိမိကုန် ကျမည့် အသုံးစရိတ် ထက်နည်း ပါက ပိုက်ဆံစုခြင်း(သို့) ငွေရင်းနှိး မြုတ်နှံခြင်း စသည်ဖြင့်ကုန် ကျစရိတ် ကာမိ ရန်ကြိုတင်ပြင် ဆင်ထားရမည်။ မိမိပိုက်ဆံကို ရင်းနှီးမြုတ်နှံ ရာတွင်လည်း နည်းလမ်း အမျိုးမျိုးကို အသုံးပြုနိုင်သည်။ ဘဏ်တွင် အတိုးရ ရန်ပိုက်ဆံ စုခြင်းမှ ရွှေဝယ်စု ထားခြင်း၊ အိမ်၊ မြေ၀ယ် ထားခြင်းစ သည်ဖြင့် နည်းလမ်း များကို မြန်မာ နိုင်ငံ တွင် အများဆုံး အသုံးပြုကြသည်။ မိမိစုရမည့် ငွေပမာဏ ပေါ်မူတည်ပြီး ငွေကြေးဖေါင်း ပွမှုကြောင့်ဖြစ် ပေါ်မည့် ငွေကြေးတန်ဖိုး တို့ကိုပါ ထည့်သွင်း စဉ်းစာ၊ငွေရင်း နှီးမြုတ်နှံခြင်း၊ ငွေစုခြင်းနည်း လမ်းများကို ရွေးခြယ် သင်သည်။ ထို့အပြင် အကြံပြု လိုသည်မှာ မိမိပုံမှန် ၀င်ငွေမှ အသုံးစ ရိတ်များ ကိုပြန်လည် သုံးစွဲရာတွင် စနစ်တကျသုံးစွဲတတ် ရန်အရေး ကြီးပါသည်။ ဥပမာ-တစ် လစာဝင် ငွေ သည် ကျပ်(၁၅၀၀၀၀) ၀င်ငွေရှိပါက  တစ်နေ့ ကိုကျပ် (၅၀၀၀) ထက် ပိုမသုံး စွဲခြင်း စသည်ဖြင့် သတ်မှတ် ထားနိုင်ပါက အကောင်း ဆုံးဖြစ်သည်။

အရေးကြီး ဆုံးအချက်မှာ ခရစ်ယာန် များဖြစ်နေ သောကြောင့် မိမိဝင် ငွေမှာ ဘုရားသ ခင်၏သာ သနာ့လုပ်ငန်း အတွက် ဆယ်ဖို့တစ် ဖို့ပြန်လည် ပေးလှူရန် ကိုတော့ဖြင့် မမေ့သင်ပါ။

လူငယ် တစ်ဦးစီ တိုင်းသည် မိမိကိုယ် တိုင်ဖြစ်စေ ၊မိသားစု အတွက်ဖြစ်စေ၊ အသင်း တော်အ တွက်ဖြစ်စေ ဘဏ္ဍာစိုး ကောင်း များဖြစ် စေရန် ဆန္ဓပြု လျက် တင်ပြအပ် ပါသည်။

Mandy Maw