"သတိရတယ် အမေ"

 အချိန်တိုင်းပါဘဲ...
နေအရမ်း မကောင်းဖြစ်နေတဲ့ကြားက
သမီး ဖုန်းဆက်ရင် ဘာမှမဖြစ်သလို
အားတင်း ပြီး ပြောနေတာကို .
သမီး အိမ်ရောက်မှ သိရတော့
သမီးရင်တွေ ကွဲမတတ်ပါဘဲ..
အမေ .ဘယ်လောက်တောင်
နာကျင်ခဲ့ရလဲ နော် ...

ဆေးထိုးအပ်ရာတွေများလွန်းလို့..
အမေ့လက်ဖမိုးတွေ
အမေ့တင်ပါးမှာကော..
အကြိတ်တွေ ဖြစ်နေလို့..
သမီး ရေခဲကပ်ပေးရင်း
သနားလိုက်တာ အမေ့ကို.
အမေကို ပြုစုလိုက်ရတဲ့ အချိန်..
တော်တော်ကို နည်းခဲ့တယ်နော်.
အရင်က အမေနမ်းလို့
ထွက်ထွက်ပြေးနေတဲ့ သမီး .
ပြန်ရောက်လို့ .
အမေကို အကြိမ်ကြိမ် နမ်းခဲ့ပေမဲ့...
အမေ သမီးကို ပြန်မနမ်းနှိင်တော့ဘူးနော်....
သမီးရဲ့ တီးတိုးဖော်...
အမေ .ပါ...

အမေ့ရဲ့ အားပေးစကားပြောတာတွေ
ကြားချင်လိုက်တာ...
အဖြစ်အပျက်တိုင်း သတိရလွန်းလို့...
မျက်ရည်တွေနဲ့ဘဲ
တစ်ရက်ပြီးတစ်ရက် ကျော်နေရတယ်  ...
အခွင့်ရနှိင်မယ်ဆိုရင် ..
အချိန်တွေ နောက်ပြန်လှည့်ပြီး..
အမေနဲ့ အတူတူ နေချင်လိုက်တာ....

Nan Ei Ei May