၂၀ရာစု ဆန်းပိုင်း တွင်ခရစ် ယာန်သာ သနာပြု အဖွဲ့အစည်း များတွေ့ ဆုံ စည်းဝေးကြပြီး သာသ နာပြု လမ်း စဉ်များ ကို သုံး သပ်ကြ သည်။ Protestant အဖွဲ့များ ၏ နှီးနှော ဖလှယ် ပွဲများမှ သာသ နာပြုပုံ စံ သစ်များ ကိုဖော် ထုတ်ကြ သည်။ ရောမ ကက် သလစ်အ သင်းတော် တွင်လည်း ၁၉၆၂- ၁၉၆၅ အတွင်း ပြုပြင် ပြောင်း လဲမှုများ ဖြစ်ပေါ် ခဲ့ပါ သည်။ ၂၀ ရာစု အတွင်း ခရစ် ယာန် သာ သနာပြုရေး ဓမ္မအတွေး အခေါ် (Mission Theology) များ ရှုထောင့် အမျိုးမျိုး မှ ပေါ် ထွက်ခဲ့ ပါသည်။
ယနေ့ ၂၁ ရာ စု တွင် ခရစ် ယာန် သာ သနာပြုခြင်း ၌ အောက်ဖော်ပြ ပါအကြောင်း အရာ များ ပါဝင် ပါ သည်။
(က) Stewarding Creation- ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာ မြေကြီး ကိုထိန်း သိမ်းစောင့် ရှောက်ခြင်း သည် ဘုရား ပေးသော Mission ဖြစ်သည်။ (ကမ္ဘာ ၁း ၂၆- ၃၀) ပတ်ဝန်း ကျင်ညစ် ညမ်းမှု ကိုတား ဆီးခြင်း၊ သဘာဝ ဘက်မျှ မှုကို ထိန်း သိမ်းခြင်း တို့ပါ ဝင်ပါ သည်။
(ခ) Social Service- အကူ အညီလို အပ်နေသော လူသား များကို အစေ ခံဝန် ထမ်း ရန် ခရစ် တော် အလိုရှိ ပါ သည်။ (မာကု ၁း ၂၆- ၃၀) ဆင်း ရဲသူ များ၊ သဘာ ဝဘေး ဒဏ်ခံ ရသူများ၊ မကျန်း မာသူ များ၊ သက်ကြီး ရွယ်အို များ ကို ကူ ညီရပါ မည်။ သတိပြု ရန်ရှိ သည်မှာ လူမှု ဝန် ထမ်းခြင်း ကိုသာ ဆောင် ရွက်ပြီး ခရစ် တော်ပေး သော တခြား တာ ဝန်များ ကို ပစ် ပယ်သည့် အစွန်း ရောက် အတွေး အခေါ် များ လည်း ပေါ်ထွက် နေပါ သည်။
(ဂ) Evangelism- ယေရှု ခရစ် တော် ၏ ကယ် တင်ခြင်း တရား ကို အပြော အဆို အပြု အမူ (words and deeds) များ အားဖြင့် သက် သေ ခံကြ သည်။(မဿဲ ၂၈း ၁၉ -၂၀)၂၀ ရာစု တွင် Cross Cultural Theology ကိုဖော် ထုတ် ခဲ့ပြီး ရေခံမြေ ခံနှင့် လျော် ညီ စွာ ဧ ဝံဂေ လိ တရား ကို သက် သေခံကြ ပါသည်။ ဒေသ ခံယဉ် ကျေး မှု ကို အလေး မထား သောကြောင့် အတိတ် တွင်ဖြစ် ခဲ့သော အမှား များ ကို ပြင် ဆင် လာကြ ပါ သည်။
အချုပ် အားဖြင့် ဆိုရ လျှင် သမ္မာ ကျမ်း စာတွင် ဖော်ပြ ထားသော ဘုရား သခင်ပေး အပ် သည့် တာ ဝန်များ ကို ခရစ် ယာန် တစ် ဦးခြင်း အနေဖြင့် လည်း ကောင်း၊ အသင်း တော်များ အနေဖြင့် လည်း ကောင်း ဆောင် ရွက်ကြ ရပါ မည်။ ခေတ်နှင့် လျော်ညီ သော သာ သနာ ပြုနည်း စနစ် များ ကို လည်း ဖော် ထုတ် ကြရ ပါ မည်။
ဒေါက်တာစောစေးခူ