ဆိုခဲ့ပါ အကြောင်း အရာ များဟာ အသင်းတော် နဲ့လည်း ဆက်နွယ်သက် ဆိုင်တယ်ဆို တာမြေကြီးလက် ခတ်မ လွဲပါပဲ။ သက်ရှိဇီဝရုပ်များ လိုပဲအသင်းတော်ဟာ လည်း ကြီးထွား ဖို့မ လုပ်မဖြစ် လုပ်ဆောင်ရပါ တယ်။ ကြီး ထွားစေ မှုကိုရပ်တန့်စေ လိုက်မယ်ဆို ယင်ရှင်သန်မှု ဟာ လည်း ဆိုခဲ့ပါ အကြောင်း အရာများဟာ အ သင်း တော် နဲ့ လည်း ဆက်နွယ်သက် ဆိုင်တယ်ဆို တာ မြေ ကြီးလက် ခတ်မလွဲပါပဲ။ သက်ရှိဇီဝရုပ်များလိုပဲ အသင်း တော် ဟာလည်းကြီးထွားဖို့ မလုပ်မဖြစ် လုပ်ဆောင် ရပါတယ်။ကြီးထွား စောမှုကိုရပ် တန့်စေ လိုက် မယ်ဆိုယင် ရှင်သန်မှုဟာလည်း ရပ်စဲသွားရပါလိမ့်မယ်။ အသင်းတော်ကြီးထွားဖို့ အကြောင်းပြော ကြ မယ် ဆို ရင် အင်မတန်မှ ခက်ခဲရှုပ်ထွေးလှ ပါတယ်။ ခန္ဓာကိုယ်တစ်ခုရှင် သန်ကြီးထွားဖို့ဆို ရင်မြောက်များ စွာသော လုပ်ငန်းစဉ်များနဲ့ အခန်းကဏ္ဍရပ်များ ကိုဆောင် ရွက်ရပါတယ်။  နက်နဲရှုပ်ထွေး လှတဲ့အ သင်း တော် ကြီးထွားခြင်းကိစ္စကို နားလည် သဘောပေါက်နိုင်ဖို့ ဆိုရင် အသင်းတော်ဆောင်ရွက် ရမယ့် ၊တွေ့ ကြုံရ မယ့်အ မျိုးမျိုးသောကြီး ထွားခြင်း သွင်ပြင် များကို ကောင်းမွန် ရှင်းလင်းစွာ သိရှိထားဖို့လို အပ်ပါ တယ်။ ဒီအအတွက် အခရာကျ တဲ့မေးခွန်းကတော့ "အသင်းတော်ဟာ ဘယ်လိုမျိုးကြီးထွားရမှာပါလဲ" ဆိုတာပါပဲ။ လူသတ္တ၀ါဟာ အသက်ရှင်သန်ရုံမျှမက စဉ်းစားတွေးခေါ် တတ်ပါတယ်။ လူဟာ လှုပ်ရှား လုပ်ဆောင် မှုပြုတတ် သလိုလှုံ့ဆော်မှုတွေကိုလည်း တုံ့ပြန်နိုင်စွမ်းရှိပါတယ်။ အသင်းတော်ဆိုတာ အမျိုးသမီး၊ အမျိုးသားနဲ့က လေးသူငယ်များပါဝင်ဖွဲ့စည်းထားတဲ့ လူမှုအသိုင်းအ၀ိုင်း(သို့) လူစုဖြစ်တာနဲ့အညီ လူတစ်ဦးချင်းကဲ့သို့ပဲလှုပ် ရှားလုပ်ဆောင် ၊တုံ့ပြန်တတ်တဲ့သဘာဝရှိပါတယ်။ ဒါကြောင့် အသင်းတော်ကြီး ထွားကျယ်ပြန့်ချင်းဆိုတာမ တော်တဆ(သို့)လူမှုဗေဒဆိုင်ရာ အမှတ်မဲ့တုံ့ပြန်မှုမဟုတ်ပါဘူး။ အသင်းတော် ရဲ့ယုံကြည်ခြင်းက ၄င်းအသင်းတော်ရဲ့ ယုံကြည်ခြင်းက ၄င်းအသင်းတော်ရဲ့သဘာဝနဲ့အသင်းတော်ရဲ့ သာသ နာပြုခြင်းတို့ကိုဌာန်း ပါတယ်။ဒါကြောင့် အသင်းတော်ကြီးထွားခြင်းကိုပြည့်ဝစွာ ဖော်ပြနိုင်ဖို့ဆိုရင် ခရစ်ယာန်ယုံကြည်ခြင်းဟာ ဘယ်လိုသန္တေတည်ခဲ့သလဲဆိုတာ နားလည်သဘောပေါက်ဖို့ ဦးစွာလိုအပ်ပါ တယ်။ 

● အသင်းတော်သည် ဘုရားသခင်၏ဖန် ဆင်ခြင်းဖြစ်သည်။ (The Church as  God's Creation)
ခရစ် ယာန်ယုံကြည်ခြင်းရဲ့အခြေခံကျပြီး ခိုင်မာလှ တဲ့ယုံကြည်ချက် တစ်ခုကတော့ အသင်းတော်ဟာ ဘုရား သခင် ရဲ့ခေါ်တော်မူခြင်း အားဖြင့် သာ ဖြစ် တည် လာခြင်းဖြစ် တယ် ဆို တဲ့ အ ချက် ပါ ပဲ။ ဒါကြောင့် အ သင်းတော် ဟာဘုရားသခင်ရဲ့ကျေးဇူးဂရုဏာတော်ရလဒ်တစ်ခုဖြစ်ပြီး ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို သိသာထင်ရှားစေတဲ့ မျက်မှောက် ထင်ရှားဖြစ် တည်နေတဲ့အရာ တစ်ခုပါပဲ။ ခရစ်ယာန်ယုံကြည်ခြင်းမှာ ဘုရားကို သုံးပါး အစု အဖွဲ့(သုံးပါးတစ်ဆူ)အဖြစ် မြင်တဲ့အတွက် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ ၀ိညာဉ်တော် ဘုရား တို့ဟာ မခွဲထာဝရအ တူကိန်းဝတ်စံ ပယ်လျှက်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ရှိပါတယ်။ အသင်းတော်ဟာ အဲဒီတြိနတိသ ဘောသဘာဝမှ ဆက်နွယ်ဆင်းသက် လာခြင်းဖြစ်ပါတယ်။ ဤသို့သော အားဖြင့် ဓမ္မသစ်ကျမ်းရေး သားသူများဟာ အသင်းတော်ကို ခန္ဓာ(body)၊ မိတ်သဟာရ(fellowship)၊ လူစု(people) သဏ္ဍန် အားဖြင့် ထင်ရှားစွာရည် ညွန်းရေးသားဖော်ပြခဲ့ကြခြင်းဖြစ်ပါတယ်။
● အသင်းတော်ဟာခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်ပါတယ်။(Church is  Body of Christ)  
အသင်းတော်ဟာ သင်းဝင်သူ များတို့ တစ်ဦးနဲ့တစ်ဦး အပြန်အ လှန်အ ကျိုးပြုခြင်းနဲ့ မတူညီသော စွမ်းဆောင်
ရည်/လုပ်ဆောင်ခြင်းများအာဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ ကိုယ်ခန္ဓာအတွက်ဦးခေါင်းဟာ လှုပ်ရှား မှုတွေကို ထိန်းချုပ်ရာ၊ ကိုယ်ခန္ဓာရဲ့အင်္ဂါအစိတ် အပိုင်းတွေဆီ သတင်းပို့ပြီး အဲဒီခန္ဓာအစိတ်အပိုင်းများထံမှ သတင်းကိုလည်းလက်ခံရာ၊ သင်ကြားခံယူနိုင်ရာ၊ မှတ်ဥာဏ်၊ စဉ်းစားဆင်ခြင်ခြင်းတို့ လုပ်ဆောင်နိုင်ရာဖြစ် သလိုခရစ်တော် သည် လည်း အသင်းတော်အပေါ်မှာ ထိုကဲ့သို့ဖြစ် ပါတယ်။ ဒီလိုပဲ၊ သမိုင်း ကိုပြန်ကြည့် ယင်အသင်းတော် ဟာခရစ်တော် ရဲ့ခြေထောက်များလက် များနဲ့ပါးစပ်များတို့ဖြစ်ကြ ပါတယ်ဆိုတာ ကို တွေ့ မြင်ရပါ လိမ့်မယ်။အသင်းတော်ရဲ့သာသနာပြုခြင်းအားဖြင့် ရှင်ပြန်ထမြောက်တော် မူသောခ ရစ်တော် ဟာ ကမ္ဘာ လောကကြီးထဲမှာ သူ့ရဲ့သာသနာတော်ကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

●အသင်းတော်ဟာသန့်ရှင်းသောဝိညာဉ်တော်ရဲ့မိတ်သဟာရဖြစ်သည်။(Fellowship in Holy Spirit) 
ဆိုကဲ့ပြီးသလို အသင်းတော်ဟာ အဘုရားသခင်ရဲ့ခေါ်တော်မူခြင်းခံရပြီးတဲ့နောက်မှာ- အမှုတော်မြတ်ထမ်း
ဆောင်ဖို့ရန် သီးသန့်ထားရှိပြီး၊ သန့်ရှင်းသော ၀ိညာဉ်တော်မီး အားဖြင့် သန့်ရှင်းစင်ကြယ်စေခြင်းခံရပါ တယ်။ ဤသို့အားဖြင့်အသင်းတော်ဟာ အသစ်ပြုပြင်ခြင်းခံရသူများ၊ သန့်စင်ဆေးကြောခြင်းခံရတဲ့ အပြစ် သားများ ရဲ့အဖေါ်အသင်းအဖွဲ့အစည်းဖြစ်လာခဲ့ပါတယ်။ တနည်းအားဖြင့် သန့်ရှင်းသော ၀ိညာဉ်တော်ဟာ ဦးခေါင်း ဖြစ်သော ခရစ်တော်အနေနဲ့ သူ့ရဲ့ခန္ဓာ(အသင်းတော်) အပေါ်ထိရောက်စွာ အုပ်စိုးနိုင်စေဖို့ တည် ရှိ သော အာရုံကြောစနစ်သဖွယ် ဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ သူ့ရဲ့တန်ခိုးတော်အားဖြင့် အသင်းတော် ကိုထိန်းသိမ်းစောင့်ရှောက် တည်တံ့မြဲမြံစေပါတယ်။ အပြန်အလှန်အားဖြင့်အသင်းတော် ဆိုတာ က မ္ဘာလော ကကြီး ထဲ မှာ သန့်ရှင်းသော ၀ိညာ ဉ်တော် တည် ရှိခြင်း ကို သက်သေပြုရာ၊ အထင်ရှား ဆုံးမြင်တွေ့ နိုင်ရာနေ ရာတစ်ခုဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ဟာ ဘုရားသခင်နဲ့ လူသားများ ကြား ညှိနှိုင်းဆောင်ရွက်ပေးသူသဖွယ်ဖြစ်ပါတယ်။

● အသင်းတော်သည်ဘုရားသခင်၏ပဋိညာဉ်ခံလူစုဖြစ်သည်။(The People of God)
မတူ ကွဲပြား လို အပ်ချက်များရှိလင့်ကစား အသင်းတော် ဟာ ကမ္ဘာလော ကကြီး ထဲ ဘုရား သ ခင်ရဲ့ ချစ်ခြင်းမေတ္တာတော်သက်သေဖြစ်ဖို့ရန် (ကျွန်ုပ်တို့ရဲ့အရှင်ဖြစ်တဲ့ခ ရစ်တော်ဘုရားရဲ့ခမည်းတော်ဖြစ်တော် မူသော) ဘုရားသ ခင်ရဲ့ရွေးကောက်ခေါ်ယူခြင်းကိုခံရပါတယ်။ အသင်းတော် ဟာသမိုင်းကိုကျော်ဖြတ်ပြီး မိမိရဲ့ပြည့်စုံ ခြင်းဖြစ် တဲ့ဘုရား သခင်ရဲ့နိုင်ငံတော်ပြီးပြည့်စုံခြင်း ကာလ သို့မမှိတ်မ သုန်ချီ တက်နေသော လူစုဖြစ်ပါတယ်။ ဒါကြောင့်အ သင်းတော် ဟာ ရွေးကောက်ခံရပြီး သီး သ န့်ဖယ် ထားသည် သာမက ကွဲ လွင့်နေ သော လူမျိုးများ၊ယဉ်ကျေးမှုများ၊ တိုင်းနိုင်ငံများအတွင်းပွား များဖို့ရန် စေလွှတ်ခြင်းခံ ရသော လော ကရဲ့ အ လွှာစုံ၊ အသိုင်းအ ၀ိုင်းစုံပါဝင်သောလူစုဖြစ်ပါတယ်။ အသင်းတော်ဟာ ဘုရားသခင်ရဲ့သဘော သဘာ ၀နဲ့ကိုက်ညီစွာကြီးထွားမှုရှိရပါမယ်။ အသင်းတော်ဟာသန့်ရှင်းသော ၀ိညာဉ်တော်ရဲ့မိတ်သ ဟာ ရဖြစ် တာကြောင့် သန့်ရှင်းခြင်းရှိ လျှက်ခံယူယုံကြည်မှုတူညီမျှစွာ ကြီးထွားမှုမျိုးဖြစ်သင့်ပါတယ်။ ခရစ်တော် ရဲ့ကိုယ်ခန္ဓာဖြစ်တာကြောင့်တမန်တော်များကဲ့သို့ စည်းလုံးညီညွတ်စွာနဲ့ ကြီးထွားမှုဖြစ်သင့်ပါတယ်။ ဘုရားသခင်ရဲ့ပဋိညာဉ်ခံလူစုဖြစ်တာကြောင့် သစ္စာရှိစွာ၊ ရဲရင့်စွာ ကြီးထွားမှုမျိုးဖြစ်သင့်ပါတယ်။ ဓမ္မအတွေး အမြင် သီအော်လော်ဂျီသဘောအရ ပြောရရင် အသင်းတော်ဟာ သမိုင်းကြောင်း အတွင်းမတော် တဆဖြစ် လို့ပေါ်ပေါက် လာခြင်းမဟုတ်ပါ။ လူ့ရဲ့ ဖန်တီးချက်လည်း မဟုတ်ပါ။ ဘုရားသခင်ရဲ့ဖေါ်ပြချက်သာဖြစ်ပြီး ဘုရားသခင်ရဲ့လုပ်ဆောင်တော်မူချက် "အဦးသီ" ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် အသင်းတော်ဟာ ဘုရား သခင် ရဲ့အလိုတော်နဲ့ တန်ခိုးတော် အားဖြင့်သာ တည် ရှိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်အ သင်း တော်ကြီး ထွားခြင်းကို ပြန်လည်သုံးသပ်လိုရင် သီသြလော်ဂျီသဘောအားဖြင့်သာစံထား သုံးသပ်ရပါ လိမ့်မယ်ဆိုတာဖေါ်ပြချင်ပါတယ်။
တင်ပြသူ-စောချစ်ခိုင်

♦ ♦ ♦ ♦ ♦