ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်ထဲတွင်တွင်ကျယ် ကျယ်ရောင်းနိုင်ဖို့ဘာတွေများလိုအပ်ပါလိမ့်။
ကြော်ငြာအားကောင်းဖို့လား
အရည်အသွေးအဆင့်မှီဖို့လား
ပစ္စည်းမှန်ပြီး၊ဈေးနှုံးလည်းမှန်ဖို့လား
သက်ဆိုင်ရာမှ ခွင့်ပြုချက် ရထားဖို့လား
စသည်ဖြင့်၊ စသည်ဖြင့် စိန်ခေါ်ချက်တွေ ရှိပါလိမ့် မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါတွေအားလုံးကို ခြုံကြည့် ယင် အများ ပြည်သူတွေရဲ့ စိတ်ချမှုကို အကြွင်းမဲ့ ရထား ဖို့ပါပဲ။ ဒီလိုလူထုရဲ့ စိတ်ချမှုကို.. လွယ်လွယ်နဲ့တော့ မရနိုင်ပါဘူး၊ ငွေကြေးနဲ့ ဖန်တီးပြီး စိတ်ချမှုယူကြည့်ယင်လည်း ခဏတာပဲ ရပ်တည် နိုင်ပါလိမ့်မယ်။ အပြော ကောင်းလို့လည်း ဒီစိတ်ချမှုကို ရယူနိုင်မယ် ထင်ပါသလား၊ ဒါလည်းဝေးသေး။

ဗြုန်းခနည်းတော့ အကြောင်း မသိလို့ ၀ယ်ယူသုံးချင် သုံးစွဲကြလိမ့်မယ် နောက်ဆိုယင် တော့လုံးဝ ပဲ။ ဒါတင် ဘယ်ကမလဲ မိသားစု၊ အသိုင်း အ၀ိုင်း၊ ရပ်ကွက်နဲ့ လက်လှမ်းမှီသရွေ့ “သူငယ်ချင်းတို့ရေ ဒီပစ္စည်းကိုတော့၊ လုံးဝလုံး၀၀ယ် မသုံးကြနဲ့နှော်၊ ငါတော့ ခံလိုက်ရတယ်” ဆိုပြီး အတင်းတုတ်ခံရလို့ နောက်နောင်ဆို ဘယ်သူကမှ ၀ယ်ယူတော့မှာ မဟုတ် ဘူးဆိုတာမှတ်။ ကိုယ့်ပစ္စည်းမြန်မြန် ရောင်းထွက်ဖို့ ဖြတ်လမ်းနည်းကို မသုံးနဲ့။ မဟုတ်တာလည်း မပြောနဲ့။ အရှိကို အရှိအတိုင်းပဲပြော။

ဒါထက်အရေးကြီးတာက ရိုးသားဖို့၊ပွင့်လင်းဖို့၊ သစ္စာရှိဖို့ပဲ။ မသိတဲ့လူတွေ၊ နားမ လည်တဲ့ လူတွေ ကို အချဉ်ဆိုပြီးမလိမ်နဲ့။ တစ်ခါပဲရမယ်။ တနပ်စားဖြစ်သွားမယ်။ ဒါကြောင့် ရေရှည် အကျိုးကို မျှော်လင့်ချက် ထားပြီး လုပ်ဆောင်။ သူကငါ့လောက် မသိလို့ဆိုပြီး လိမ်ညာမပြောနဲ့၊ မက်လုံး တွေလည်း မပေးနဲ့။ ငါက သူ့ထက် ချမ်းသာတယ်ဆိုပြီး ငွေအင် အားနဲ့ဖိတဲ့ အကျင့်ကိုလည်း ရှောင်၊ ရှိခဲ့ယင်ဖျောက် ဖျက်ပစ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်း ရောင်းထွက်ဖို့ အမြတ် အစွန်းရဖို့၊ ငါ့မိသားစု၊ ငါ့အမျိုးအတွက်ပဲ ဆိုတဲ့ အတ္တကို လည်းရှောင်။

ငါ့အတွက် အကျိုးရှိသလို အများပြည်သူ တွေအတွက်လည်း တန်ဖိုးဖြတ်မရတဲ့ အကျိုးမျိုးရှိစေတဲ့ စေတနာ၊ မတ္တာနဲ့ရည်ရွယ်ချက် ကောင်းထားပြီး လုပ်ဆောင်ပါ။ ဒီလိုဆို သင့်ပစ္စည်းချက်ချင်း လက်ငင်း ရောင်းမသွက် တောင်၊ အနှေးနဲ့အမြန် ရောင်းလို့ မလောက်အောင် လူထုရဲ့ အားပေးခြင်း ကိုခံရမှာ ဧကန် မလွဲပါ။ ခရစ်ယာန်ကို ခရစ်ယာန်တွေက ရှုမြင်တဲ့အမြင်ထက်၊ လူထုကဘယ်လိုမြင်သလဲ ကိုယ့်ကိုယ်ကိုယ် အမြဲဆန်းစစ် အသက် ရှင်ပါ။ ခရစ်ယာန် ဆိုတာ ကိုယ့် အတွက် ကိုယ်အသက်ရှင် နေတဲ့သူတွေမဟုတ်ဘူး ဆိုတာမှတ်ပါ။ ငါတို့တစ် တွေဟာ လူသားတိုင်း အပေါ်မေတ္တာထား အသက်ရှင်ဖို့ ဘုရားသခင်ရဲ့ ဘုန်းတော်မြတ်ကို ထင်ရှား စေဖို့ အသက်ရှင်နေကြတာ လို့ခံယူ ယုံကြည်ချက်နဲ့အသက်ရှင်ရန် အရေး ကြီးပါတယ်။

ဒါကြောင့်အောက်ပါအချက်များကို ဆန်းစစ်ဖို့ရန် ဖေါ်ပြလိုက်ပါတယ်။ ငါ့ကုန်ပစ္စည်းက၊ အခြားကုန် ပစ္စည်းတွေထက် ဘာထူးခြားမှု ရှိသလဲဆန်းစစ် (မထူးမခြားများ ဖြစ်နေလား) ငါ့ကုန်ပစ္စည်းက၊ လူထု အတွက် ဘယ် လောက် အကျိုးပြုသလဲ (ငါပြီးမှမင်လား၊ မင်းပြီးမှ ငါလားဆိုတာ ဆန်းစစ်) ယနေ့ခရစ် ယာန်များ အတွက် အရေးအကြီးဆုံးမှာ လူထုရဲ့ အသိအမှတ်ပြုခြင်း ခံရဖို့ပါပဲ။ ဒါတွေကို လူမှုအဆောက် အအုံ တိုင်းမှာ ရိုးသားပွင့် လင်းစွာ အသက်ရှင်ဖို့ပါပဲလို့ ဝေငှပါရစေ။ ဘုရားသခင့် ဘုန်းထင်ရှားစေရန် ခရစ်တော်၌ရှိသောစိတ် သဘော ထားအားဖြင့် အသက်ရှင်ကြပါစို့..။

(ရှင်မသဲခရစ်ဝင်ကျမ်း၊၅း၁၆)
“ထိုနည်းတူ သူတပါးတို့သည် သင်တို့၏ ကောင်းသော အကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ ၌ရှိတော် မူသောသင်တို့ အဖ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြ လော့”

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)…