နိဒါန်း။
ကျန်းမာ ကြံ့ ခိုင် သော အ သင်း တော် ခေါင်း ဆောင် များ ဖြစ် စေ ရန် ကျန်း မာ ကြံ့ ခိုင် သော အ သင်း တော် ခေါင်း ဆောင် များ သင် ခန်း စာ များ|-

ကျန်းမာ ကြံ့ခိုင်သော အသင်း တော်ခေါင်း ဆောင်များ သည် ၀ိညာဉ်ရေးပိုင်း ဆိုင်ရာ ကျန်းမာရေး ကောင်းမွန် သူများ ဖြစ်စေရန် လိုအပ် ပါသည်။
ကျန်းမာ ကြံ့ခိုင်သော အသင်း တော်ခေါင်း ဆောင်များ သည်စေ တနာနှင့် အစေခံ လို စိတ်ရှိရန် လိုအပ် ပါသည်။
ကျန်းမာ ကြံ့ခိုင်သော အသင်း တော်ခေါင်း ဆောင်များ သည်သမ္မ္မာ ကျမ်းစာ အားဖြင့် ဦးဆောင် သောသူ များဖြစ် စေရန် လိုအပ် ပါသည်။
ကျန်းမာ ကြံ့ခိုင်သော အသင်းတော် ခေါင်းဆောင် များသည်၊ အခြားသော အသင်းသူ/ သားများ အားလည်း ဦးဆောင်မှု ပြုနိုင်သည့် စွမ်းဆောင် ရည်မြှင့် တင်ပေး နိုင်သူများဖြစ် စေရန် လိုအပ် ပါသည်။

သင်ခန်းစာ(၁)
ကျန်းမာ ကြံ့ခိုင်သော အသင်းတော် ခေါင်းဆောင်များ သည်ဝိညာဉ် ရေးပိုင်း ဆိုင်ရာ ကျန်းမာရေး ကောင်းမွန် သူများဖြစ် စေရန် လိုအပ်ပါ သည်။

ဝိညာဉ်ရေး ဆိုင်ရာ ကျန်းမာရေး ဟူသည့် ခေါင်းဆောင် များတွင်ရှိ သင့်ရှိ ထိုက် သော အရည် အချင်း တစ်ရပ်သည် ခရစ်ယာန် ခေါင်းဆောင် မှု၏တစ်မူ ထူးခြားသော အချက်ဖြစ် သည်ကို အသင်း တော်၏ ခေါင်းဆောင် များနှင့် အသင်းသူ/ သားများ တို့ သိရှိနား လည် ရန်လို အပ်ပါ သည်။(၁ရာ၊ ၁၆း၇။ မ၊၇း ၁၂-၂၁)

တိမော သေသြ၀ါဒ စာပထမ စောင်အားဖြင့် လေ့လာစဉ်း စား ကြရန် တမန် တော်ကြီး ရှင်ပေါလု ထံမှ တိမော သေအား ညွန်ကြား ချက်များကို ဖတ်ရှုလေ့ လာရန် ဖြစ်ပါသည်။

(၁တိ၊ ၄း၇-၈။ ၁တိ၊ ၄း၁၂။ ၁တိ ၄း၁၆။ ၁တိ၊၅း ၁-၂။ ၁တိ၊ ၆း၁၁)

(က)တမန် တော်ကြီး ရှင်ပေါလု၏ တိမောသေ အား သင်ကြား ချက်များ (၁တိ၎း ၇-၈၊၁၂၊ ၁၆၊၅း၁-၂ ၊၆း၁၁)

(ခ)တမန် တော်ကြီး ရှင်ပေါလု၏ အခြားသော အသင်းတော် ခေါင်းဆောင် များအား သင်ကြား ချက်များ (၁တိ၊၃း၁-၇)
၁။       ဖော်ပြပါ ကျမ်းချက်မှာ အသင်းတော် ခေါင်း ဆောင်များ လိုအပ်သည့်(ဒေသနာ သွန်သင်ပေး တတ်သော စွမ်းဆောင်မှု အရည် အချင်း)
၂။       အသင်းတော် ခေါင်းဆောင် များသည် မကြာ မီကမှယုံကြည် လာသူများ မဖြစ်သင့်ပေ။
၃။       ခရစ် ယာန်ခေါင်း ဆောင်များ၏ အရည် အချင်း ကို အခန်း ကဏ္ဍ (၃)ရပ်ဖြင့် စမ်းသပ်ရန် လိုအပ်ပါသည်။

ပထမ အချက်မှာ -ခေါင်းဆောင် ၏နှလုံး သား ဖြစ်သည်။ ခေါင်းဆောင် တစ်ဦး သည် ဥစ္စာပိုင် ဆိုင်မှုကို စွဲလမ်း စိတ်မရှိခြင်း (လောဘ)။ အရက် သောက်ခြင်း (မူးယစ် ဆေးဝါး သုံးစွဲမှု) ဒေါသကို ထိန်းသိမ်း ခြင်း၊ ပဋိပက္ခ မဖြစ်စေရန်၊ သဟဇာ တစိတ်ဖြင့် ထိန်းသိမ်း လိုစိတ် ရှိခြင်း။ စည်းစိမ် တပ်မက်မှု မရှိခြင်း စသည့် အချက်များနှင့် ကင်းစင် သောသူ များဖြစ်ရ ပါမည်။

ဒုတိယ အချက် မှာ- ခေါင်းဆောင် တစ်ဦးသည် ဖြောင့်မတ် သောအိမ် ထောင်ဘ၀ရှိ/ မရှိစမ်း စစ်ရန် ဖြစ်သည်။ ဇနီးမယား တစ်ဦး တည်းသာ ရှိသော သူ(၃း၂)။ ကလေးများကို ကောင်းမွန် စွာပြုစု ပျိုးထောင်သူ (၃း၎)။ ဖြစ်ရန် လိုသည်။

တတိယ အချက်မှာ- ခေါင်းဆောင် တစ်ဦး သည် မိမိ၏ ပတ်ဝန်းကျင် အသိုင်း အ၀န်း တွင်ရိုးရိုး သားသား ဂုဏ်သိက္ခာ ရှိရှိနေတတ် သောသူ ဖြစ်ကြောင်း စသဖြင့် စမ်းသပ်ရန် လိုအပ်သည်။

ကျန်းမာ သော အတွင်း ပိုင်းစိတ် (နှလုံးသား) ကိုပေါ်လာ စေရန်မည် ကဲ့သို့ ကျင့်ကြံ ကြမည် နည်း။

ကြိုးစား အားထုတ် ရန်ဖြစ် သည် (၁တိ၎း ၇-၈) မိမိ၏ စိတ်သ ဘောထား ကိုမိမိ ကိုယ်တိုင် အစဉ် အမြဲစမ်း စစ်မှုပြု ကြရမည်။

တစ်ဦးတည်း ဆုတောင်း ခြင်းနှင့် ၀တ်ပြုကိုး ကွယ်ခြင်း တို့ကိုမပျက် မကွက် ကျင့်ဆောင် ပြုမူကြ ရမည်။ အသင်းသူ/ သားတို့အား ဟောပြောခြင်း မပြုမီ ကျမ်းစာမှ သင်ယူသော သင်ခန်း စာများကို မိမိ၏ အသက်တာ တွင်ကိုယ် တိုင်လိုက် နာကျင့် သုံးမှု ပြုရမည်။

အသင်းသူ/ သားတို့အား ဟောပြော ခြင်း မပြုမီ ကျမ်းစာမှ သင်ယူသော သင်ခန်း စာများကို မိမိ၏ အသက်တာ တွင်ကိုယ်တိုင် လိုက်နာ ကျင့်သုံး မှုပြုရမည်။

သင်ခန်းစာ(၂)
ဧ၀ံဂေလိ တရားနှင့် ဘုရားသခင် ၏မြတ်စွာ သော မဟာ မေတ္တာတို့ကို အမြဲသတိ ထားစဉ်း စားဆင်ခြင် မှုပြုခြင်း (၁တိ၊၁း ၁၂-၁၇)။ ဤကမ္ဘာ တစ်ဝှမ်း တွင် ကျန်းမာ ကြံ့ခိုင်သော အသင်း တော်၏ အကြောင်း ထက်ပို၍ အရေးကြီး သောကြောင်း အရာတစ်စုံ တစ်ခုမျှမရှိ ဆိုသည်ကို ကျွန်ုပ်တို့ နားလည် သဘောပေါက် ပါသလား။

အနန္တ တန်ခိုးရှင် ဘုရားသခင် သည်ကျန်း မာကြံ့ခိုင် သော အသင်းတော် များဟူသည့် အကြောင်း သည် အထွဋ် အထိပ်ဖြစ် ကြောင်း သမ္မာကျမ်းစာ တွင်တွေ့ ရှိရပါသည်။

“ခေါ်တော်မူ သောကြောင့် မြော်လင့်ရ သောအရာ ကား အဘယ် အရာဖြစ် သည်ကို၎င်း၊ သန့်ရှင်း သူတို့သည် ခံရသော အမွေတော် ၏ဘုန်း စည်းစိမ်ကား အဘယ်မျှ လောက်ကြီး သည်ကို၎င်း၊ ယုံကြည်သော ငါတို့၌ ပြတော်မူ သောအ လွန်ကြီး လှစွာသော တန်ခိုးတော် ကား အဘယ်မျှ လောက်ကြီး သည်ကို၎င်း၊ သင်တို့ သည်သိစေ ခြင်းငှာ၊ သင်တို့၏ ဥာဏ်မျက်စိ ကိုလင်း စေပါမည် အကြောင်း ဆုတောင်း ပဌနာပြု၏။ ထိုတန်ခိုး တော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြှောက် စေ တော်မူ၍ ခရစ်တော် ပြုပြင်သော မဟာတန်ခိုး အာနုဘော် အရှိန် ကဲ့သို့ ဖြစ်၏။ ခပ်သိမ်း သော အထွဋ် အမြတ်၊ အာဏာ စက်၊ တန်ခိုး ၊အစိုးရခြင်း မှစ၍ ယခုဘ၀ နောင်ဘ၀၌ ခေါ်ဝေါ် သမုတ်သော ဘွဲ့နာမ အလုံးစုံတို့ အထက် ကောင်းကင် အရပ်၌ မိမိလက်ျာ တော် ဘက်မှာ အလွန် မြင့်မြတ် သောနေရာ ကိုခရစ်တော် အားပေး တော်မူ၍၊ ခြေဖ၀ါး တော်အောက် သို့အလုံး စုံကို ချထား သဖြင့်၊ အသင်း တော်ဘို့၊ သူ့ကို အလုံးစုံ တို့၏ အချုပ်အချာ ဦးခေါင်း ဖြစ်စေ တော်မူ၏။  ထိုအသင်း တော်ကား၊ အလုံးစုံ တို့ကို အလုံး စုံ တို့နှင့် ပြည့်စုံတော် မူသောသူ တို့၏ပြည့်စုံခြင်း တည်း ဟူသော ခရစ်တော်၏ ကိုယ်ဖြစ် သတည်း။”

ဧဖက်၊ ၁း၁၈-၂၃ သခင် ယေရှုခ ရစ်တော် သေခြင်း မှ ပြန်လည် ထမြောက်ခြင်း အားဖြင့် စကြာဝဠာ အလုံးစုံကို လွှမ်းမိုးအုပ် စိုးထား သော ဘုရားသခင်၏ အနန္တတန် ခိုးတော်ပြ တော်မူသည့် အကြောင်းကို ဤကျမ်းချက် အားဖြင့် ဖော်ပြထား ပါသည်။

(ဧ၊၃း ၁၀) ဤတန်ခိုး တော်ပြခြင်း သည်မည်သည့် အတွက်ကြောင့် ဖြစ်သနည်း။ ဤကျမ်းချက် သည် အသင်းတော် အတွက်ဖြစ် သည်ကို တွေ့ရှိ ရသည်။

စကြာဝဠာ တွင် ဘုရား သခင်ပြု တော်မူသော အရာခပ် သိမ်း၏ ရည်မှန်းချက် သည် ကိုယ်တော်၏ အသင်းတော် ဖြစ်ပါသည်။ ဘုရားသခင် ပြုတော်မူသော အရာသည် အသင်းတော် အားကောင်းကြီး မင်္ဂလာအပြည့် အ၀ခံစား နိုင်စေရန် ဖြစ်ပါသည်။

ထိုပြင် ဘုရား သခင်သည် တန်ခိုးတော်နှင့် ဥာဏ်တော် တို့ကို ဤကမ္ဘာ တစ်ဝှမ်းရှိ အသင်းတော် တို့အား မည်ကဲ့သို့ ပြတော်မူ သနည်း။ ကောင်းကင် တမန်များအား ဖြင့် မဟုတ်၊ လောကုတ္တရာ နိ မိတ် လက္ခဏာ များအားဖြင့် မဟုတ်၊ လောကီ တန်ခိုးများ အားဖြင့်မဟုတ်၊ အသင်းတော် အားဖြင့် ပြတော်မူမည့် အကြောင်း ကြောင့် အသင်းတော် သည် ဘုရားသခင် အတွက် အရေး ကြီး ပါသည်။

စကြာဝဠာ၌ ရှိသော ဘုရားသခင်၏ အကြံအစည် တော်သည် အသင်းတော်နှင့် သက်ဆိုင်ပါသည်။ အသင်းတော်သည် အရေးကြီးသော အခန်းကဏ္ဍ၌ ပါရှိသောကြောင့် ကျန်းမာကြံ့ ခိုင်သော အသင်းတော်များ ဖြစ်ရန် အတွက် အရေးကြီး ပေသည်။

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇နှင့် ၁၉ တွင် လူ့ဘ၀ သမိုင်းစဉ် နိဂုံးတွင် ဖြစ်ပျက်မည့် အရာများ အကြောင်းကို တွေ့ရှိရ ပါသည်။ အခန်းကြီး ၁၇မှ ၁၈သည် ရန်သူ အပေါင်းကို ဘုရားသခင် အောင်မြင် တော်မူ၍ အခန်းကြီး ၁၉တွင် ကြီးမားလှသော ပွဲသဘင် ဆင်ယင် ကျင်းပခြင်းကို တွေ့ရှိရ ပါသည်။

ဤပွဲ၏ အလည်ဗဟို၌ အသင်းတော်ကို တွေ့ရှိ ရပါသည်။ အခန်းငယ် ၆-၉ တွင် ကြီးမြတ် သော မင်္ဂလာပွဲကို တွေ့၍ မည်သူနှင့် မည် သူထိမ်းမြှား ခြင်းပြုကြ ပါသနည်း။

သခင်ယေရှူနှင့် အသင်းတော် မင်္ဂလာ ဆောင်ခြင်း ဖြစ်သည် ဟု စဉ်းစားလျှင် သမိုင်းစဉ် တစ်ခုလုံး၏ အနက် အဓိပ္ပါယ်နှင့် အထွဋ် အထိပ် ရည်ရွယ်ချက် ကို နားလည် သဘောပေါက် ရမည်ဖြစ်သည်။

ကိုယ်တော် အတွက် သတို့သမီး အဖြစ် သန့်ရှင်းသော သူမျာ (အသင်းတော်) ဖြစ်စေရန် သမိုင်းအစ ကတည်း ကပင် ဘုရားသခင်သည် ကြံစည်၍ လုပ်ဆောင် တော်မူ၏။

ထိုသို့ ကျန်းမာသော သတို့သမီး ဖြစ်စေရန် အရေးကြီး သဖြင့် ကျန်းမာ ကြံ့ခိုင်သော အသင်းတော်များ ရှိစေရန် ထက်ပို၍ အရေးကြီးသော အရာ မရှိတော့ ပေ။

ကျန်းမာကြံ့ ခိုင်သော အသင်းတော် များဖြစ် စေရန်၊ ကျန်းမာသော အသင်းတော် ခေါင်းဆောင်များ လိုအပ်သည် ဟူသည့် ခေါင်းစဉ်ကို လေ့လာ ရန် အောက်ဖော်ပြပါ အချက်(၄)ချက် အားဖြင့် ဆန်းစစ်ရန် ဖြစ်သည်။

၁။       ကျန်းမာ ကြံ့ခိုင်သော အသင်းတော် ခေါင်းဆောင် များသည် ၀ိညာဉ်ရေး ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန် သူများဖြစ်ရန် လိုအပ် ပါသည်။

၂။       ကျန်းမာ ကြံ့ခိုင်သော အသင်းတော် ခေါင်းဆောင် များသည် အလိုလို စေတနာ စိတ်ဖြင့် အစေခံ စိတ် ရှိသူများဖြစ်ရန် လိုအပ်ပါသည်။

၃။       ကျန်းမာ ကြံ့ခိုင်သော အသင်း တော် ခေါင်းဆောင်များ သည် သမ္မာကျမ်းစာ အားဖြင့် ဦးဆောင် သော သူများ ဖြစ်ရန် လိုအပ် ပါသည်။

၎။       ကျန်းမာကြံ့ ခိုင်သော အသင်းတော် ခေါင်းဆောင် များသည် အခြားသော အသင်းသူ/ သားများတို့၏ ဦးဆောင်နိုင်မှု စွမ်းဆောင် ရည်ကို မြှင့်တင်ပေး နိုင်စွမ်း ရှိသူများ ဖြစ်စေ ရန်လို အပ်ပါသည်။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)