ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်ထဲတွင်တွင်ကျယ် ကျယ်ရောင်းနိုင်ဖို့ဘာတွေများလိုအပ်ပါလိမ့်။
  • ကြော်ငြာအားကောင်းဖို့လား…
  • အရည်အသွေးအဆင့်မှီဖို့လား…
  • ပစ္စည်းမှန်ပြီး၊ဈေးနှုံးလည်းမှန်ဖို့လား…
  • သက်ဆိုင်ရာမှခွင့်ပြုချက်ရထားဖို့လား..စသည်ဖြင့်၊စိန်ခေါ်ချက်တွေရှိပါလိမ့်မယ်။
ဘယ်လို ပဲဖြစ်ဖြစ် ဒါတွေ အားလုံး ကိုခြုံကြည့် ယင် အများပြည် သူတွေရဲ့ စိတ်ချ မှုကို အကြွင်း မဲ့ရထား ဖို့ပါပဲ။ဒီလို လူထုရဲ့စိတ်ချမှုကို..လွယ်လွယ်နဲ့တော့ မရနိုင်ပါဘူး၊ ငွေကြေးနဲ့ဖန် တီးပြီးစိတ်ချမှု ယူကြည့် ယင်လည်း ခဏတာ ပဲရပ်တည် နိုင်ပါ လိမ့်မယ်။ အပြော ကောင်းလို့ လည်းဒီစိတ်ချမှုကို ရယူနိုင်မယ် ထင်ပါသလား၊ ဒါလည်းဝေးသေး။ ဗြုန်းခနည်းတော့ အကြောင်း မသိလို့ ၀ယ်ယူသုံး ချင်သုံးစွဲကြ လိမ့် မယ် နောက် ဆို ယင်တော့ လုံးဝပဲ။ ဒါတင် ဘယ်ကမလဲ မိသားစု၊ အသိုင်းအ၀ိုင်း ၊ရပ်ကွက်နဲ့လက် လှမ်းမှီ သရွေ့“သူငယ်ချင်းတို့ရေ ဒီပစ္စည်းကိုတော့၊ လုံးဝ လုံးဝ ၀ယ်မသုံးကြနဲ့နှော်၊ ငါတော့ခံလိုက်ရတယ်” ဆိုပြီး အတင်းတုတ်ခံရလို့ နောက်နောင်ဆို ဘယ်သူကမှ ၀ယ်ယူတော့မှာ မဟုတ်ဘူး ဆိုတာမှတ်။ ကိုယ့် ပစ္စည်း မြန်မြန်ရောင်း ထွက်ဖို့ဖြတ် လမ်းနည်းကိုမသုံးနဲ့။ မဟုတ်တာလည်း မပြောနဲ့။ အရှိကိုအရှိ အတိုင်းပဲပြော။ ဒါထက် အရေးကြီးတာက ရိုးသားဖို့၊ ပွင့်လင်းဖို့၊သစ္စာရှိဖို့ပဲ။ မသိတဲ့လူတွေ၊ နားမလည်တဲ့ လူတွေကို အချဉ်ဆိုပြီး မလိမ်နဲ့။တစ်ခါပဲရမယ် ။တနပ်စားဖြစ် သွားမယ်။ ဒါကြောင့် ရေရှည်အကျိုး ကိုမျှော် လင့်ချက် ထားပြီးလုပ် ဆောင်။ သူကငါ့လောက် မသိလို့ဆိုပြီး လိမ်ညာမပြောနဲ့၊ မက်လုံး တွေလည်းမပေးနဲ့။ ငါကသူ့ ထက်ချမ်း သာတယ်ဆိုပြီး ငွေအင်အားနဲ့ ဖိတဲ့အကျင့်ကို လည်းရှောင်၊ရှိခဲ့ယင် ဖျောက်ဖျက်ပစ်။ ကိုယ့်ရဲ့ကုန်ပစ္စည်း ရောင်းထွက်ဖို့အမြတ်အစွန်းရဖို့၊ ငါ့မိသားစု၊ ငါ့အမျိုးအတွက် ပဲဆိုတဲ့ အတ္တကို လည်းရှောင်။
ငါ့အတွက် အကျိုးရှိသလို အများပြည်သူတွေ အတွက်လည်း တန်ဖိုးဖြတ်မရတဲ့ အကျိုးမျိုး ရှိစေတဲ့ စေတနာ၊ မေတ္တာနဲ့ရည်ရွယ်ချက် ကောင်းထားပြီး လုပ်ဆောင်ပါ။ ဒီလိုဆိုသင့်ပစ္စည်း ချက်ချင်းလက် ငင်း ရောင်းမသွက်တောင်၊ အနှေးနဲ့အမြန် ရောင်းလို့မလောက်အောင် လူထုရဲ့အားပေးခြင်းကိုခံရမှာ ဧကန်မလွဲပါ။ ခရစ်ယာန်ကို ခရစ်ယာန်တွေက ရှုမြင်တဲ့အမြင် ထက်၊လူထုက ဘယ်လိုမြင် သလဲ ကိုယ့်ကိုယ်ကိုယ် အမြဲဆန်းစစ် အသက်ရှင်ပါ။ ခရစ်ယာန် ဆိုတာကိုယ့်အတွက် ကိုယ်အသက် ရှင်နေတဲ့ သူတွေမဟုတ် ဘူးဆိုတာ မှတ်ပါ။ ငါတို့တစ်တွေဟာ လူသားတိုင်းအပေါ်မေတ္တာထားအသက်ရှင်ဖို့ ဘုရားသ ခင်ရဲ့ ဘုန်းတော်မြတ်ကိုထင်ရှားစေဖို့ အသက် ရှင်နေကြတာလို့ ခံယူယုံကြည်ချက်နဲ့ အသက်ရှင် ရန် အရေး ကြီး ပါ တယ်။

◊ ဒါကြောင့်အောက်ပါအချက်များကိုဆန်းစစ်ဖို့ရန်ဖေါ်ပြလိုက်ပါတယ်
»»
ငါ့ကုန်ပစ္စည်းက၊ အခြားကုန်ပစ္စည်းတွေ ထက်ဘာ ထူးခြားမှုရှိသလဲ ဆန်းစစ်(မထူးမခြားများဖြစ်နေလား) ငါ့ကုန် ပစ္စည်းက၊ လူထုအတွက် ဘယ်လောက်အ ကျိုးပြုသလဲ(ငါပြီးမှမင်လား၊မင်းပြီးမှ ငါလား ဆိုတာ ဆန်း စစ်) ယနေ့ခရစ် ယာန်များအတွက် အရေးအကြီးဆုံးမှာ PublicConfirm (လူထုရဲ့အသိ အမှတ်ပြုခြင်း) ခံရဖို့ပါပဲ။ ဒါတွေကို လူမှုအဆောက် အအုံ တိုင်းမှာ ရိုးသားပွင့်လင်းစွာ အသက်ရှင်ဖို့ပါပဲ လို့ ဝေငှပါရစေ။ ဘုရားသခင့်ဘုန်း ထင်ရှားစေ ရန် ခရစ်တော်၌ရှိသော စိတ်သဘောထား အားဖြင့် အသက်ရှင်ကြပါစို့..။
(ရှင်မသဲခရစ်ဝင်ကျမ်း၊၅း၁၆) 
“ထိုနည်းတူ သူတပါးတို့သည် သင်တို့၏ ကောင်းသော အကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဖ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့”