ပင် ပန်း သ မျှ အ န တ္တ
မိတ် ဆွေ .... လော က ကြီး ထဲ မှာ … လူ တစ် ယောက် ဖြစ် လာ ပြီ ဆို တာ နဲ့ ၊ အ သက် အ ရွယ် အ လိုက် ၊ စိုး ရိမ် ကြောင့် ကြ ဗျာ ပါ ရ စိတ် တွေ က ပေါ ပါ့။ … လော ဘ စိတ် က တစ် မျိုး ၊ ဒေါ သ စိတ် က တစ် ဖုံ ၊ မော ဟ စိတ် က တစ် မှောက် ၊ ပင် ပန်း မှု တွေ မျိုး စုံ ၊ ဒု က္ခ ပြ သ နာ တွေ မျိုး စုံ နဲ့ လုံး ပန်း ရင်း တစ် ယောက် ပြီး တစ် ယောက်၊ လော က ကြီး က နေ အ ပြီး အ ပိုင် နှုတ် ဆက် ခွဲ ခွာ သွား သူ တွေ က လည်း၊ တစ် နေ့ တစ် နေ့ ဒု နဲ့ ဒေး ပါ။ ကိုယ် လည်း ဒီ လို ပဲ ၊ အ တ္တ တွေ၊ လော ဘ တွေ၊ မော ဟ တွေ နဲ့ လုံး ပန်း နေ ရင်း .. ကိုယ့် အ လှည့် ရောက် တာ နဲ့ .. သူ တို့ လို .. မြေ ကြီး လက် ခပ် မ လွဲ လော က ကြီး က နေ အ ပြီး အ ပိုင် နှုတ် ဆက် ထွက် ခွာ ရ မှာ ပဲ။ တော က လူ ပဲ ဖြစ် ဖြစ်၊ မြို့ က လူ ပဲ ဖြစ် ဖြစ် ၊ ဘယ် က လူ ပဲ ဖြစ် ဖြစ် ၊ လော က မှာ ငါ့ အ တွက် ၊ ငါ့ မိ သား စု အ တွက် ၊ ငါ့ အ သိုင်း ၀ိုင်း ရှင် သန် ရပ် တည် ဖို့ အ ရေး ၊ ရည် မှန်း ချက် တွေ ချ မှတ် ၊ အောင် မြင် ဖို့ အ ရေး ၊ နေ့ မ အား ၊ ညည့် မ အား ၊ မိုး လင်း မိုး ချုပ် ကြိုး စား နေ လိုက် ကြ တာ များ ၊ သေ သေ ချာ ချာ ဆင် ချင် ကြည့် ယင်  … နိ ဂုံး ရဲ့ အ ဖြေ က အ န တ္တ ပါ ပဲ။ (ဒေ သ နာ ကျမ်း ၁း ၁၄) မှာ၊- နေ ရောင် အောက် မှာ ပြု လေ သ မျှ သော အ မှု အ ရာ တို့ ကို ငါ မြင် ပြီ၊၊ အ လုံး စုံ တို့ သည် အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် ကြ ၏၊၊ တ ကယ် တမ်း ကြ တော့ … လော က ဆို တာ .. လူ သား တွေ ထာ ၀ ရ ရှင် သန် နေ ထိုင် ဖို့ ၊ခွင့် ပြု ချက် ရ ထား တဲ့ နေ ရာ မ ဟုတ် သ လို ၊ လော က ကြီး က နေ အ ပြီး အ ပိုင် ထွက် ခွာ ရ တဲ့ အ ခါ လည်း ၊ ခြေ ကုန် လက် ပန်း ကျ အောင် ၊ ဘ ၀ နဲ့ ရင်း ပြီး အ ချိန် ကုန် ခံ ရှာ ဖွေ စု ဆောင်း ထား သ မျှ တွေ ကို၊ အပ် ဖျား လောက် တောင် ကိုယ် နဲ့ အ တူ ယူ ခွင့် မ ရ ပါ လား …

ဒါ ဆို … လူ့ ဘ ၀ သက် တမ်း က ကော
လူ့ ဘ ၀ ဆို တာ အင် မ တန် ရ တောင့် ရ ခဲ တဲ့ ဘ ၀ ပါ ၊ ကိုယ့် ဘ ၀ ကို တန် ဖိုး ရှိ စွာ အ သက် ရှင် ကြ ပါ လို့ သွန် သင် တာ တွေ ၊ ဆုံး မ တာ တွေ ကြား ဖူး မှာ ပါ။ လူ့ ဘ ၀ ဆို တာ .. တ ကယ့် ကို တန် ဘိုး ရှိ ပြီး အ စား ပြန် မ ရ နိုင် တဲ့ ဘ ၀ ဖြစ် သ လို … အင် မ တန် တို တောင်း လှ တဲ့ ဘ ၀ ဖြစ် တာ ကို လည်း မေ့ ထား ဖို့ မ သင့် ပါ ဘူး။  လူ သား တိုင်း ဟာ .. လော က ကြီး ထဲ ခ ဏ တာ လာ ရောက် အ သက် ရှင် ကြ တဲ့ သူ တွေ ဖြစ် ပါ တယ်။ အ ချို့ က .. လူ့ သက် တမ်း စေ့ အ သက် ရှင် ရ တယ် .. အချို့ ကြ တော့ လည်း နှစ် တောင် မ ပြည့် လ လောက် နဲ့ ပဲ၊ အ ချို့ ဆို အ ရွယ် ကောင်း တဲ့ အ ချိန် မှာ ပဲ လော က ကြီး ကို အ ပြီး အ ပိုင် နှုတ် ဆက် သွား ကြ ရ တယ်။ အ ချို့ ကြ ပြန် တော့ လည်း ၀င် ခွင့် တောင် မ ရ လိုက် ဘူး။  တ နည်း ပြော ရ ယင် .. လူ သား တိုင်း ဟာ .. ဒီ လော က အ တွက် ဧည့် သည် တွေ ဖြစ် သ လို ၊ ဒီ လော က ကြီး က လည်း လူ သား တိုင်း အ တွက် ယာ ယီ တဲ ပါ ပဲ။ ဒါ ကြောင့် လော က ကြီး မှာ ကိုယ် နေ ချင် သ လောက် ၊ နေ ခွင့် ရ မ ရ သ လို ၊ မ နေ ချင် ပေ မဲ့ အ ချိန် မ တန် ပဲ ပြန် ချင် လို့ လည်း မ ရ ပါ ဘူး။ ဒါ ကြောင့် .. လော က မှာ ငါ ဘယ် အ သက် အ ရွယ် အ ထိ နေ ခွင့် ရ နိုင် မ လဲ လို့ မေး ခဲ့ ယင် ဖြေ ဖို့ တော် တော် ခက် ပါ လိမ့် မယ်။ ဘာ ကြောင့် လဲ ဆို တော့ ၊ သေ ခြင်း တရား မှာ အ သက် အ ရွယ် ကန့် သတ် ချက် ပြ ဌာန်း မ ထား လို့ ပါ ပဲ။ ဒါ ပေ မဲ့ … ကမ္ဘာ့ လူ့ သက် တန်း နဲ့ ပတ် သက် ပြီး ယျေ ဘု ယျ ခန့် မှန်း တွက် ချက် ထား ချက် အ ရ ဆို ယင် … ဒီ ခေတ် ကာ လ မှာ Life Span ဆို တဲ့ လူ့ သက် တမ်း ဟာ ..  ဖျန်း မျှ အ နေ နဲ့ အ မျိုး သား ဆို (၇၉) နှစ် ၊ အ မျိုး သ မီး ဆို (၈၁) လို့ ခန့် မှန်း ကြ ပါ တယ်။ ဒါ ကို စံ ထား ပြီး တွက် ကြည့် ယင်၊ (၃၆၅ ရက် × ၇၉ နှစ် = ၂၈၈၃၅ ရက်) ရက် ပေါင်း (၂၈၈၃၅)ရက် ဖြစ် ပါ တယ်။ တစ် နည်း ပြော ရ ယင် .. လူ့ ဘ ၀ သက် တမ်း ဟာ ရက် ပေါင်း (၂၈၈၃၅)ရက် ပဲ ရှိ ပါ တယ်။ အ ခု သင့် အ သက် က (၃၀) လား၊ (၄၀) လား၊ (၅၀)လား အ စ ရှိ သ ဖြင့် ထား ပြီး တွက် ကြည့် ရ အောင်။ လက် ရှိ ကိုယ့် ရဲ့ အ သက် က (၃၀) နှစ် ဆို ယင် ၊ အ သက် ရှင် ခဲ့ ပြီး တဲ့ ရက် ပေါင်း က (၁၀၉၅၉) ရက် ရှိ နေ ပြီး ၊ အ သက် ရှင် ဖို့ အ ခွင့် အ ရေး ရ နိုင် သေး တဲ့ ရက် ပေါင်း က (၁၇၈၈၅) ရက် ပါ။  ဒါ ကြောင့် သ မ္မာ ကျမ်း စာ က .. လူ့ ဘ ၀ ကို အ ခိုး အ ငွေ့ ၊ တော ထဲ မှာ အ လေ့ ကျ ပွင့် တတ် တဲ့ တော ပန်း လေး တွေ ၊ မြက် ပင် တွေ နဲ့ တင် စား ဖေါ် ပြ ထား တာ တွေ့ နိုင် ပါ တယ်။  (ဟေ ရှာ ယ ၄၀း ၆- ၈) မှာ၊- လူ မျိုး ရှိ သ မျှ သည် မြက် ပင် ဖြစ် ၏။ လူ မျိုး ၏ ဘုန်း ရှိ သ မျှ သည် လည်း တော အ ပွင့် ကဲ့ သို့ ဖြစ် ၏။ ထာ ဝ ရ ဘု ရား ၏ လေ တိုက် သော အ ခါ၊ မြက် ပင် သည်  ညိုး နွမ်း သွေ့ ခြောက် တတ် ၏။ အ ပွင့် သည် လည်း ကြွေ တတ် ၏။ အ ကယ် စင် စစ် လူ တို့ သည် မြက် ပင် ဖြစ် ကြ ၏။ မြက် ပင် သည် ညိုး နွမ်း သွေ့ ခြောက် တတ် ၏။ အ ပွင့် လည်း ကြွေ တတ် ၏။

အ ရွယ် မ ရွေး တဲ့ သေ ခြင်း တ ရား
သိ သိ ကြီး နဲ့ ပြော လေ့ ပြော ထ ရှိ တာ က ၊- ပ ထ မ အ ရွယ် မှာ ပ ညာ ရှာ၊ ဒု တိ ယ အ ရွယ် မှာ ဥ စ္စာ ရှာ၊ တ တိ ယ အ ရွယ် မှာ တ ရား ရှာ ပါ တဲ့။ သေ ခြင်း တ ရား မှာ တော့ အ သက် အ ရွယ် ဆို တာ မ ရှိ ပါ ဘူး ၊  အ ဆင့် အ တန်း လည်း မ ရှိ ဘူး၊ ဆင်း ရဲ ချမ်း သာ လည်း မ ရှိ သ လို၊ ရုပ် ဆိုး ရုပ် လှ လည်း မ ရှိ ပါ ဘူး၊ ပညာ တတ် တာ မ တတ် တာ လည်း မ ရှိ သ လို၊ ဖြူ တာ မဲ တာ လည်း မ ရှိ ပါ ဘူး။ ဘာ သာ လူ မျိုး မ ရှိ သ လို၊ အ မျိုး သ မီး အ မျိုး သား ဆို တာ လည်း မ ရှိ ပါ ဘူး။ လူ တစ် ဦး အ ဖြစ် မွေး ဖွား လာ ပြီ ဆို တာ နဲ့ ၊ မ လွဲ ဧ ကန် ရင် ဆိုင် ရ မှာ က သေ ခြင်း ပါ ပဲ။ သေ ခြင်း ဆို တာ .. လော က မှာ ချစ် ရ ၊ ခင် ရ ၊ နှစ် သက် ရ ၊ ခုံ မင် ရ တဲ့ သူ တွေ နဲ့ တင် မ က၊ တစ် သက် လုံး … လူ ပန်း၊ စိတ် ပန်း၊ အ ချိန် ကုန် ခံ ၊ မ နား မ နေ ကြိုး စား ရှာ ဖွေ စု ဆောင်း သိမ်း ဆည်း ထား တဲ့ ဥစ္စာ အား လုံး ကို အ ပြီး အ ပိုင် စွန့် လွှတ် ရ တာ ဖြစ် ပြီး ၊ လော က မှာ မြင် ရ ၊ တွေ့ ရ ၊ ကြား ရ ၊ သိ ရ ၊ ခံ စား ရ ၊ လော က ကြီး ထဲ က ရှိ ရှိ သ မျှ အ ရာ အ လုံး စုံ၊ ပတ် သက် ဆက် နွယ် မှု မှန် သ မျှ အား လုံး  နဲ့ အ ပြီး အ ပိုင် အ ဆက် ပြတ် ခွဲ ခွာ သွား ခြင်း၊ ချုပ် ငြိမ်း သွား ခြင်း လို့ ဆို နိုင် ကောင်း ပါ တယ်။ (ယော ဘ ၁၄း ၁၀- ၁၂) မှာ တော့၊- လူ သည် အ သက် ချုပ် ပြီး လျှင် အ ဘယ် မှာ ရှိ သ န ည်း။ အိုင် ရေ ပြတ် သ ကဲ့ သို့ ၄င်း၊ မြစ် ရေ ခန်း ခြောက် သ ကဲ့ သို့ ၄င်း၊ လူ သည် အိပ် ပြီး မှ နောက် တ ဖန် မ ထ ရ။ မိုဃ်း ကောင်း ကင် မ ကုန် မ ဆုံး မှီ တိုင် အောင် မ နိုး ရ၊၊ အ အိပ် အ ပျော် မ ပျက် ရ။ လို့ ဆို ထား ပါ တယ်။ သေ ခြင်း တ ရား ဟာ လူ တိုင်း ရှောင် လွဲ လို တဲ့ အ ရာ ဖြစ် ပေ မယ့် ၊ လူ တိုင်း မ လွဲ ဧ ကန် မု ချ ရင် ဆိုင် ရ မယ့် အ ရာ လည်း ဖြစ် နေ ပြန် ပါ တယ်။ ဒါ ဆို ဘာ ကြောင့် များ ၊ လူ တိုင်း မ လို လား တဲ့ … ဒီ သေ ခြင်း တ ရား က လူ တိုင်း အ တွက် ရှိ နေ ရ တာ လဲ။

အို ! သေ ခြင်း တ ရား
(ရောမ ၆း ၂၃) မှာ၊- အ ပြစ် တ ရား ၏ အ ခ ကား သေ ခြင်း ပေ တည်း။ ဘု ရား သ ခင် ပေး တော် မူ သော ဆု ကျေး ဇူး တော် ကား၊ ငါ တို့ သ ခင် ယေ ရှု ခ ရစ် အား ဖြင့် ထာ ဝ ရအ သက် ပေ တည်း လို့ ဖေါ် ပြ ထား တာ တွေ့ နိုင် ပါ တယ်။ အ ပြစ် တ ရား နဲ့ သေ ခြင်း တ ရား ဟာ ဒွန် တွဲ ပြီး ရှိ နေ ပါ တယ်။ အ ပြစ် ရှိ ယင် (၀ါ) အ ဖြစ် သား ဖြစ် ယင် သေ ခြင်း တ ရား ကို မု ချ ဧ ကန် ရင် ဆိုင် ရ မယ် လို့ ဆို လို တာ ဖြစ် ပါ တယ်။ ဒါ ကြောင့် လူ တိုင်း သေ ခြင်း တ ရား ကို မ လွဲ ဧ ကန် ရင် ဆိုင် ကြ ရ တာ ဟာ ၊ လူ တိုင်း မှာ အ ပြစ် ရှိ နေ လို့ (၀ါ) လူ တိုင်း ဟာ အ ပြစ် သား တွေ ဖြစ် နေ လို့ ပါ ပဲ ။ တ နည်း ပြော ရ ယင် “အ ပြစ် သား မ ဟုတ် ယင် ၊ မ သေ ဘူး” “ အ ပြစ် သား မှန် ယင်၊ သေ ရ မယ်” လို့ ဆို လို ခြင်း ဖြစ် ပါ တယ်။ ဒါ ဆို လူ တိုင်း သေ ရ လို့  လူ တိုင်း က အ ပြစ် သား ဆို၊ သေ ခြင်း တ ရား နဲ့ အ ပြစ် ၊ အ ပြစ် တ ရား နဲ့ လူ သား ဘာ ကြောင့် ဒွန် တွဲ နေ ရ တာ လဲ။

လူသားနှင့် အပြစ်တရား
သမ္မာ ကျမ်း စာ က .. (က မ္ဘာ ဦး ကျမ်း ၂း ၇) မှာ၊- ထို နောက်၊ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် မြေ မှုန့် ဖြင့် လူ ကို ဖန် ဆင်း ၍၊ သူ ၏ နှာ ခေါင်း ထဲ သို့ ဇီ ဝ အ သက် (မူ ရင်း တွင်၊- Spirit -နာမ် သက်၊ နာမ် ၀ိညာဉ်) ကို မှုတ် တော် မူ လျှင်၊ လူ သည် အ သက် ရှင် သော သ တ္တ ဝါ ဖြစ် လေ ၏။ လို့ ဖေါ် ပြ ထား ပါ တယ်။ ဘု ရား သ ခင် ဟာ လူ ကို မြေ မှုန့် က နေ ဖန် ဆင်း ခဲ့ တယ် ဆို ပေ မဲ့ ၊ လူ ကို ရှိ ရှိ သ မျှ သတ္တ ၀ါ တွေ နဲ့ မ တူ အောင် ဖန် ဆင်း တဲ့ အ ချက် က၊

(၁) လူ့ ကိုယ် ခန္ဓာ ကို မြေ ကြီး သ ဏ္ဍာန် နဲ့ ဖန် ဆင်း ပါ တယ်။ ဒါ ကြောင့် လူ သား ခန္ဓာ မှာ ဖေါ် ပြ ပါ အ ရာ တွေ နဲ့ ဖွဲ့ စည်း တည် ဆောက် ထား ကြောင်း ခွဲ ခြမ်း စိပ် ဖြာ လေ့ လာ တွေ့ ရှိ ရ ပါ တယ်။ အဲ ဒါ တွေ က တော့၊- အောက်စီ ဂျင် (O) ၆၁% ၊ ကာ ဗွန် (C) ၂၃%၊ ဟိုက် ဒ ရို ဂျင် (H) ၁၀%၊ နိုက် ထ ရို ဂျင်(H) ၁၀%၊ ဖော့ စ ဖ ရတ် (Ph) ၁.၁%၊ ပို တက် ဆီ ယမ် (K) .၂၀%၊ ကန့် (S) .၂၀%၊ ဆို ဒီယမ် (Na) .၁၄%၊ က လို ရင်း (Cl) .၁၂%၊ မ ဂ္ဂ နီ ဆီ ယမ်(Mg) .၀၂၇% ၊ ဆီ လီ ကွန် (Si).၀၂၆%၊သံ (Fe).၀၀၆%၊ ဖ လူ အို ရင်း (F) .၀၀၃၇%၊ ကြေး နီ (Cu) .၀၀၀၁%၊ သွပ် (Zn) .၀၀၃၃% ၊အ လူ မီ နီ ယံ(Al) .၀၀၀၀၈%၊ မန် ဂ နိ (Mn) .၀၀၀၀၂%၊ အိုင် အို ဒင်း (I) .၀၀၀၀၂%၊ ဆလီး နီး ယမ် (Se) .၀၀၀၀၂%၊ မို လေ တင် နန် (Mo) .၀၀၀၀၀၇%၊ ခ ရို မီ ယံ(Cr) .၀၀၀၀၂%၊ကို ဗော့ (Co) .၀၀၀၀၀၄% ဖြစ် ပါ တယ်။ ဒါ ပေ မယ့် လူ ဟာ အ သက် ရှင် တဲ့ သ တ္တ ၀ါ မ ဖြစ် သေး ပါ ဘူး။

(၂) အ သက် ရှင် တဲ့ သ တ္တ ၀ါ ဖြစ် လာ ခြင်း က၊ မြေ မှုန့် က နေ ဖန် ဆင်း ထား တဲ့ အာ ဒံ ဆို တဲ့ လူ သား (မူ ရင်း အ ဓိ ပ္ပါယ် ၊ အာ ဒံ = လူ သား၊ အ နီ ရောင်) ရဲ့ နှာ ခေါင်း ထဲ ဘု ရား သ ဏ္ဍာန် ဆောင် တဲ့ ဇီ ၀ အ သက် (Spirit- နာမ် သက်၊ နာမ် ၀ိညာဉ်၊ ဘု ရား ထံ မှ ပေး သော ဘု ရား ရဲ့ အ သက်) ကို မှုတ် သွင်း ပြီး ဖန် ဆင်း ခဲ့ လို့ အ ခြား သတ္တ ၀ါ တွေ နဲ့ မ တူ မြင့် မြတ် တဲ့၊ ဘု ရား နဲ့ သက် ဆိုင် သူ ဖြစ် ပြီး၊ ဘု ရား နဲ့ ဆက် သွယ် ဖို့ အ ခွင့် အ ရေး ရှိ တဲ့ သက် ရှိ သ တ္တ ၀ါ လည်း ဖြစ် ပါ တယ်။ နာမ် သက် ၊ နာမ် ၀ိညာဉ် ဆို တာ သူ့ အ လို လို ဖြစ် လာ တဲ့ အ သက်၊ ဘု ရား က သီး သန့် ဖန် ဆင်း ပြီး မှုတ် သွင်း ပေး လိုက် တဲ့ အ ရာ မ ဟုတ် ပါ ဘူး၊ ဆို လို တာ က ဘု ရား ဆီ က နေ လာ တဲ့ နာမ် သက် နာမ် ၀ိညာဉ် ဖြစ် လို့ ဘယ် သူ ၊ ဘယ် အ ရာ က မှ ချုပ် ငြိမ်း လို့ မ ရ ချုပ် ငြိမ်း အောင် ပြု လုပ် နိုင် တဲ့ အ ရာ လည်း မ ဟုတ် ပါ ဘူး။  လူ သား တိုင်း မှာ ဘု ရား ရဲ့ နာမ် သက် ၊ နာမ် ၀ိညာဉ် ရှိ လို့ လူ သား တိုင်း မှာ ကိုး ကွယ် လို တဲ့ (ဘု ရား ရှိ ကြောင်း ကို သိ နေ တဲ့ သ ဘော သ ဘာ ၀) ရှိ နေ ကြ တာ ဟာ ၊ ဘယ် သက် ရှိ သ တ္တ ၀ါ နဲ့ မှ မ တူ တဲ့ အ ချက် ပဲ ဖြစ် ပါ တယ်။ ဒါ ကြောင့် လူ သား တိုင်း ဟာ ဘု ရား ကို နည်း လမ်း မျိုး စုံ နဲ့ ရှာ ဖွေ ကိုး ကွယ် နေ ကြ တာ ကို လည်း တွေ့ နိုင် ပါ တယ်။

ဘာ ကြောင့် များ ဘု ရား သ ခင် က လူ ကို ဒီ လို သ ဏ္ဍာ န် နဲ့ ဖန် ဆင်း ရ လဲ ၊ ဘု ရား သ ခင် နဲ့ လူ သား အ ပြန် အ လှန် ဆက် သွယ် ဖို့ အ တွက် ပါ။ ဘု ရား သ ခင် ဟာ လူ နဲ့ မိတ် သ ဟာ ယ ဖွဲ့ ပြီး ရင်း နှီး စွာ အ ပြန် အ လှန် ပေါင်း သင်း နေ ထိုင် လို တဲ့ ဘု ရား သ ခင် ဖြစ် ပါ တယ်။ ဥ ပ မာ၊- က မ္ဘာ ဦး ကျမ်း (၂း) မှာ၊- လူ ဖက် က အ ပြစ် မ ကျူး လွန် ခင် အ ထိ ဘု ရား နဲ့ လူ တိုက် ရိုက် ဆက် ဆံ ပြော ဆို တာ တွေ ရှိ နေ ပါ တယ်။ (ကမ္ဘာ ဦး ၂း ၁၅- ၁၇ )ကို ဖတ် ကြည့် ယင်၊- ဘု ရား က သူ နဲ့ မိတ် သ ဟာ ယ ဖွဲ့ ဖို့ လူ ကို ဖန် ဆင်း ပြီး တာ နဲ့ ၊ ဥ ယျာဉ် ထဲ မှာ လူ ကို ပ ညာတ် တော် မူ ခဲ့ ပါ တယ်။ အဲ ဒါ က တော့ ၊ ဥ ယျာဉ် ထဲ က ရှိ ရှိ သ မျှ အ ပင် တွေ ရဲ့ အ သီး တွေ ကို စား ခွင့် ပေး ပြီး၊ ကောင်း မ ကောင်း ကို သိ ကျွမ်း တဲ့ အ ပင် ရဲ့ အ သီး ကို တော့ မ စား ကြ ဖို့ ပ ညာတ် ထား ခဲ့ ပါ တယ်။ အဲ ဒီ အ ပင် ရဲ့ အ သီး ကို စား ယင် တော့၊ စား မိ တဲ့ နေ့ မှာ ပဲ ဧ ကန် အ မှန် သေ ရ မယ် ၊ သေ ခြင်း ကို ရင် ဆိုင် ကြ ရ မယ် လို့ အ ကျိုး နဲ့ အ ကြောင်း ကို လည်း ရှင်း ပြ ခဲ့ ပါ တယ်။ ဒါ ပေ မဲ့ စာ တန် မာရ် နတ် ရဲ့ လှည့် ဖျား သွေး ဆောင် မှု ကြောင့် လူ ဟာ ဘု ရား ပ ညာတ် ထား တဲ့ ကြား ထဲ၊ မ ဖြစ် ဖြစ် အောင် ချိုး ဖေါက် ကျူး လွန် ခဲ့ ပါ တယ်။ တ နည်း ပြော ရ ယင် … အ ပြစ် မ ကျူး လွန် ခင် တုန်း က လူ ဟာ ဘု ရား နဲ့ အ ပြန် အ လှန် ဆက် ဆံ ခွင့် ရှိ ခဲ့ ပါ တယ်။ ဒါ ပေ မဲ့ .. လူ့ သား ဖက် က .. ဘု ရား သ ခင် တား မြစ် ထား တာ ကို သ စ္စာ ဖေါက် ကျူး လွန် ခဲ့ လို့၊ လူ သား ဟာ ဘု ရား သ ခင် နဲ့ အ လွန် အ လှမ်း ဝေး ကွာ ခြား နား တဲ့ လူ သား ဘ ၀ ကို ရောက် သွား  ခဲ့ ရ ပါ တယ် ၊ ဒါ ကို ကျမ်း ပညာ ရှင် ကြီး တွေ က လူ သား ရဲ့ ကျ ဆုံး ခြင်း လို့ (Fall of Man) ခေါ် ဆို ကြ ပါ တယ်။ တစ် နည်း ပြော ရ ယင် ၊ လူ ဟာ အ ယင် က ဘု ရား ရဲ့ မိ သား စု ၀င် အ ဆင့် က နေ၊ လိမ် လည် လှည့် ဖြား ခြင်း ရဲ့ မူ လ ဘူ တ ဖြစ် တဲ့ ၊ စာ တန် မာရ် နတ် ရဲ့ စ ကား ကို နား ယောင် လက် ခံ မိ ရာ က နေ ၊ စာ တန် မာရ် နတ် ရဲ့ ထောင် ချောက် ထဲ၊ ရုန်း လို့ မ ရ ထွက် လို့ မ ရ အောင် စုန်း စုန်း နစ် ပြီး၊ အ ပြစ် ဆို တဲ့ သေ ခြင်း တ ရား ကို မ လွဲ မ သွေ ရင် ဆို ရ တဲ့ လူ သား ဘ ၀ အ ဆင့် ကို ရောက် သွား ရ တာ ဖြစ် ပါ တယ်။ (က မ္ဘာ ဦး ကျမ်း၊ ၂း ၁၇) မှာ၊-“ထို အ ပင် ၏ အ သီး ကို ကား မ စား ရ။ စား သော နေ့ တွင် ဧ ကန် အ မှန် သေ ရ မည် ဟု၊ လူ ကို ပ ညတ် ထား တော် မူ ၏။”  ဒီ နေ ရာ မှာ ဘု ရား တား မြစ် ထား တဲ့ အ ရာ ကို ကျူး လွန် ဖေါက် ဖျက် ဖို့ သွေး ထိုး လှုံ့ ဆော် မြှောက် ပင့် ပေး တဲ့ သူ က နံ နက် သား မိုး သောက် ကြယ် ဆို တဲ့ စာ တန် မာရ် နတ် ပဲ ဖြစ် ပါ တယ်။ ဒါ ကြောင့် စာ တန် မာရ် နတ် ရဲ့ အ ကြောင်း ကို နဲ နဲ ထည့် သွင်း ဖေါ် ပြ ဖို့ လို လာ ပါ တယ်။

နံ နက် သား မိုး သောက် ကြယ် နှင့် သူ့ သ ဘော၊ သူ့ မ နော
တ ကယ် တော့ .. စာ တန် မာရ် နတ် ကို လည်း ဘု ရား သ ခင် ဖန် ဆင်း ခဲ့ တာ မ ဟုတ် ပါ ဘူး။ ဘု ရား သ ခင် ဖန် ဆင်း ခဲ့ တာ က ကောင်း ကင် တ မန် တွေ (Angels) ပါ။ ဘု ရား သ ခင် ရဲ့ အ လို တော် ကို ဖော် ဆောင် ပေး ရ တဲ့ သူ တွေ လည်း ဖြစ် တယ်။ (ဆာ လံ ကျမ်း ၈း ၄)၊- လူ သား သည် အ ဘယ် သို့ သော သူ ဖြစ် ၍ အ ကြည့် အ ရှု ကြွ လာ တော် မူ ရ သ နည်း။ သူ့ ကို ကောင်း ကင် တ မန် တို့ အောက် အ နည်း ငယ် နှိမ့် တော် မူ ပြီ လို့ ၊ ကောင်း ကင် တ မန် တွေ ဟာ လူ ထက် အ ဆင့် မြင့် မား ပါ တယ်၊ တန် ခိုး လည်း ရှိ ကြ တယ်၊ (Super Nature) သ ဘာ ၀ လွန် ကိစ္စ အ ချို့ ကို လည်း တတ် နိုင် စွမ်း ရှိ တယ်။ ဒါ တွေ က ဘု ရား သူ တို့ ကို ဖန် ဆင်း ပေး ထား တဲ့ တန် ခိုး စွမ်း အား တွေ ပါ။ အဲ ဒီ ကောင်း ကင် တ မန် တွေ ကို အုပ် ချုပ် ဖို့ ကောင်း ကင် တ မန် မင်း လူ စီ ဖာ ကို လည်း ဖန် ဆင်း ခဲ့ ပါ တယ်။ နောက် ပိုင်း မှာ လူ ဆီ ဖာ ဟာ ဘု ရား ကို တောင် အန် တု ပြီး၊ သူ့ ကို ဖန် ဆင်း တဲ့ ဘု ရား သ ခင် ကို တောင် စစ် တိုက် ခဲ့ ပါ တယ်။ ဒါ နဲ့ သူ စစ် ရှုံး ပြီး၊ သူ နဲ့ သူ့ နေက် လိုက် တဲ့ ကောင်း ကင် တ မန် (ဘု ရား သခင် ဖန် ဆင်း ခဲ့ တဲ့ ကောင်း ကင် တ မန် တွေ ထဲ က သုံး ပုံ တစ် ပုံ ) နဲ့ အ တူ ကောင်း ကင် ဘုံ က နေ ဖယ် ရှား ခံ ရ လို့ မြေ ကြီး (လူ့ လော က ကြီး) ထဲ ရောက် လာ ခဲ့ တယ်။ (ဗျာ ၁၂း ၇- ၉)၊- “ကောင်း ကင် ၌ စစ် ဖြစ် ၏။ မိ က္ခေလ နှင့် သူ ၏ ကောင်း ကင် တ မန် တို့ သည် န ဂါး ကို စစ် တိုက် ကြ ၏။ န ဂါး နှင့် သူ ၏ တ မန် တို့ သည် စစ် တိုက် ၍ မ နိုင် ကြ။ ကောင်း ကင်  လည်း သူ တို့ နေ စ ရာ မ ရှိ ။ ထို အ ခါ ဤ လော က တ နိုင် ငံ လုံး ကို လှည့် ဖြား ၍ မာ ရ် နတ် စာ တန် အ မည် ရှိ သော ရှေး မြွေ ဟောင်း တည်း ဟူ သော န ဂါး ကြီး ကို လည်း ကောင်း၊ သူ နှင့် အ တူ သူ ၏ တ မန် တို့ ကို လည်း ကောင်း၊ မြေ ကြီး သို့ ချ လိုက် ကြ ၏။”  (ဟေ ရှာ ယ ၊ ၁၄း ၁၂) ၊- “အို နံ နက် သား မိုး သောက် ကြယ် ၊ သင် သည် ကောင်း ကင် က ကျ လေ ပြီ တ ကား၊ အ ပြည် ပြည် တို့ ကို နှိပ် စက် သော သင် သည် မြေ တိုင် အောင် ခုတ် လှဲ ခြင်း ကို ခံ ရ လေ ပြီ တ ကား။ (ရှေ့ ဆက်)
အဲ ဒီ အ ချိန် က စ ပြီး၊ လူ စီ ဖာ ဆို တဲ့ မာ န မင်း နဲ့ သူ့ ရဲ့ နောက် လိုက် နတ် ဆိုး တွေ ဟာ ၊ ဘု ရား ကို ဆန့် ကျင် တဲ့ လုပ် ငန်း တွေ လုပ် ဖို့ ၊ လော က ကြီး ထဲ ရောက် လာ ခဲ့ ပါ တယ်။ အ ချို့ က သူ့ ကို လော က ရဲ့ ဘု ရား လို့ တောင် တင် စား ခေါ် ဝေါ် သ မုတ် ကြ တယ်၊ အ ခု ဆို သူ့ ကို ကိုး ကွယ် ၀တ် ပြု တဲ့ အ ဖွဲ့ တွေ တောင် ရှိ နေ ပါ ပြီ။ သူ ဟာ ဘု ရား သ ခင် နဲ့ အာ ဒံ (လူ ယောက် ကျား)၊ ဧ ၀ (လူ မိန်း မ) တို့  ရဲ့ ကြား က မိ ဿ ဟာ ယ ကို ၊ နည်း လမ်း အ မျိုး မျိုး နဲ့ ဖျက် ဖို့ လူ သား တိုင်း ကို နည်း လမ်း မျိုး စုံ နဲ့ ချဉ်း ကပ် လုပ် ဆောင် တာ က မ္ဘာ ဦး က နေ ဒီ က နေ့ တိုင် ပါ ပဲ။ ဒါ ပေ မယ့် သူ့ ကို ဘု ရား သ ခင် အ ပြီး အ ပိုင် တ ရား စီ ရင် မယ့် နေ့ ရက် အ ထိ သာ ဆက် လုပ် ခွင့် ရ မှာ ပါ ။ စာ တန် မာရ် နတ် နဲ့ အ ပေါင်း အ ပါ တွေ ဟာ၊ က မ္ဘာ လူ သား ထု အား လုံး ကို သေ ခြင်း ရဲ့ ကျွန် ဘ ၀ ရောက် စေ ရုံ သာ မ က ပါ ဘူး ၊ ဘု ရား သ ခင် နဲ့ အ ဆက် အ သွယ် လုပ် ဖို့ ဘု ရား သ ခင် လူ သား တိုင်း ကို မှုတ် သွင်း ပေး ထား တဲ့ ဇီ ၀ အ သက် (နာမ် သက်၊ နာမ် ၀ိညာဉ်) ကို လည်း  ဘု ရား နဲ့ ဝေး သ ထက် ဝေး သွား ဖို့ ၊ ဘု ရား နဲ့ အ ဆက် အ သွယ် ဖြတ် တောက် ဖို့ ၊ ဘု ရား ကို မ မြင် နိုင် အောင် ၊ မ သိ နိုင် အောင် အ မှောင် ချ ဖို့၊ သ မ္မာ တ ရား ကို နား မ လည် နိုင် အောင် ရှုပ် ထွေး မှု တွေ လုပ် ဖို့ ၊ နောက် ဆုံး လူ သား အား လုံး အ တွက် ဘု ရား သ ခင် ပေး သ နား တဲ့ ကယ် တင် ခြင်း ဆု ကျေး ဇူး (ထာ ၀ ရ အ သက်) ကို လူ တွေ မ ရ အောင်၊ နောက် ဆုံး သူ့ လို ပဲ လူ သား တွေ ရဲ့ ၀ိညာဉ် (နာမ် သက်၊ နာမ် ၀ိညာဉ်) ထာ ၀ ရ ပျက် သုန်း သွား ဖို့ (ထာ ၀ ရ သေ ခြင်း) အ စ ရှိ တဲ့ လုပ် ငန်း တွေ ကို ၊ အ ခွင့် အ ရေး ရ နေ သ မျှ ကာ လ ပတ် လုံး အား ထုတ် ကြိုး စား နေ ဦး မှာ ဖြစ် ပါ တယ်။

ဒါ ကြောင့် စာ တန် မာရ် နတ် (လူ စီ ဖာ) ဆို တာ ..  လူ သား အား လုံး ၊ သေ ခြင်း တ ရား နဲ့ မ လွဲ မ သွေ ရင် ဆိုင် ရ ဖို့ ၊ “ ဖန် ဆင်း ရှင် ဘု ရား နဲ့ လူ သား ထာ ၀ ရ မိ ဿ ဟာ ယ ဖွဲ့ အ သက် ရှင် နေ ထိုင် မယ့် သ မိုင်း” ကို “ဖန် ဆင်း ရှင် ဘု ရား သ ခင် နဲ့ လူ သား လုံး လုံး ခြား နား ဝေး ကွာ သွား ရ တဲ့ လူ့ သ မိုင်း” ဖြစ် အောင် မှောက် လှန် ခဲ့ တဲ့ သူ လည်း ဖြစ် ပါ တယ်။

ဒါ ကြောင့် .. အာ ဒံ ဆို တဲ့ လူ သား နဲ့ ဧ ၀ ဆို တဲ့ လူ မိန်း မ တို့ အ ပြစ် ပြု မိ တဲ့ နေ့ က စ ပြီး .. သူ တို့ က နေ ပေါက် ဖွား လာ တဲ့ လူ သား တိုင်း မှာ … ဘု ရား သ ခင် နဲ့ ဆိုင် တဲ့ နာမ် သက် (ကောင်း ကင် နဲ့ ဆိုင် တဲ့ နာမ် သက်၊ နာမ် ၀ိညာဉ်) သ ဘော ရှိ သ လို ၊ စာ တန် မာရ် နတ် ရဲ့ ခြယ် လှယ် အ နိုင် ကျင့် ၊ လှုံ့ ဆော် သွေး ဆောင် ခိုင်း စေ တာ တွေ ကို ခေါင်း ညိတ် လက် ခံ လုပ် ဆောင် မိ တတ် တဲ့ အ သွေး အ သား နဲ့ ဆိုင် တဲ့ (မြေ ကြီး သား လော ကီ နဲ့ ဆိုင် တဲ့ ဇာ တိ) သ ဘော လည်း ရှိ ပါ တယ်။ ဒါ ကြောင့် လူ ဟာ ကောင်း တာ ကို သိ ပေ မယ့် - မ ကောင်း တာ ကို လုပ် မိ တတ် ကြ တဲ့ သ ဘော တွေ ရှိ နေ တာ တွေ့ နိုင် ပါ တယ်။ အ ထူး သ ဖြင့် စာ တန် ဟာ လူ့ ရဲ့ ခန္ဓာ ၊ အ သွေး အ သား (Physical Body) ၊ စိတ် သ ဘော ထား (Conscience) နဲ့ အာ ရုံ ခံ စား မှု (Senses) တွေ အ ပေါ် ခြေ ကုတ် ယူ ပြီး၊ သွေး ဆောင် ဖြား ယောင်း ဗိုလ် ကျ သ လို၊ လူ့ ရဲ့ နာမ် သက် (နာမ် သက်၊ နာမ် ၀ိညာဉ်၊ ဇိဝ အ သက်) ကို တောင် ထာ ၀ ရ ပျက် စီး ရှုံး သွား ဖို့ ဆန္ဒ ပြင်း ပြ စွာ ကြိုး ပန်း အား ထုပ် နေ သူ လည်း ဖြစ် ပါ တယ်။ ( ၁ ပေ ၅း ၈) ထဲ မှာ၊- “သမ္မာ သ တိ ရှိ လျှက် မ အိပ် ဘဲ စောင့် နေ ကြ လော့၊ သင် တို့၏ ရန် သူ တည်း ဟူ သော မာရ် နတ် သည် ဟောက် သော ငြေ်္ခသေ့ ကဲ့ သို့ အ ဘယ် သူ ကို မျို ရ မည် နည်း ဟူ ၍ လှည့် လည် ရှာ ဖွေ လျက် ရှိ ၏။” ဒါ ပေ မယ့် သူ့ ကို ကြောက် စ ရာ မ လို ပါ ဘူး။ (လု ကာ ၁၂း ၄- ၅) မှာ၊- “ကိုယ် ခန္ဓာ ကို သတ် ၍ နောက် တ ဖန် အ လျှင်း မ ပြု နိုင် သော သူ တို့ ကို မ ကြောက် ကြ နှင့်၊ အ ဘယ် သူ ကို ကြောက် ရ မည် နည်း ဟူ မူ ကား၊ ကိုယ် ခန္ဓာ ကို သတ် ပြီး မှ င ရဲ ထဲ သို့ ချ နိုင် သော သူ ကို ကြောက် ကြ လော့” လို့ ဖေါ် ပြ ထား ပါ တယ်။

လူ့ အ တွင်း ထဲ က ဘု ရား သ ခင် မှုတ် သွင်း ပေး ထား တဲ့ ဇိ ၀ အ သက် ဆို တဲ့ (Spirit - နာမ် သက်၊ နာမ် ၀ိညာဉ်၊ ဇိဝ အ သက်) ၀ိညာဉ် ကို တော့ ဘု ရား သ ခင် ခွင့် မ ပြု ယင် ထိ ခွင့် တောင် မ ရှိ ဘူး ဆို တာ သ တိ ပြု စေ ချင် ပါ တယ်။ ဒါ ကြောင့် စာ တန် မာရ် နတ် ဟာ .. လူ့ ရဲ့ ဇိ ၀ အ သက် (Spirit - နာမ် သက်၊ နာမ် ၀ိညာဉ်၊ ဇိဝ အ သက်) ကို တိုက် ရိုက် မ ဖျက် ဆီး နိုင် လို့၊  လူ တွေ ဘု ရား ကို မ သိ အောင် ၊ ဘု ရား နဲ့ ပြန် ပြီး အ ဆက် အ သွယ် မ ရ အောင် ၊ ဘု ရား သ ခင် နဲ့ လူ ပြန် ပြီး မိတ် သ ဟာ ရ မ ဖွဲ့ နိုင် အောင်၊ လူ့ ရဲ့ ခန္ဓာ ၊ စိတ် ၊ အ သွေး အ သား အ စ ရှိ တဲ့ အ ရာ တွေ ကို သာ အ ခြေ ခံ ပြီး၊ နည်း လမ်း ပေါင်း စုံ၊ နည်း ပ ရိ ယယ် အ မျိုး မျိုး သုံး ပြီး ကြိုး စား အား ထုတ် နေ ရ  တယ် ဆို တာ ကို နား လည် ထား ဖို့ လို အပ် ပါ တယ်။

ခုတ် ရာ တစ် ခြား ၊ ရှ ရာ တစ် ခြား  
လူ ဆို တာ ဘု ရား ရဲ့ ဇိ ၀ အ သက် (Spirit - နာမ် သက်၊ နာမ် ၀ိညာဉ်၊ ဇိ ၀ အ သက်) မှုတ် သွင်း ဖန် ဆင်း ခံ ထား ရ တဲ့ လူ သား ဖြစ် လို့ … လူ သား တိုင်း မှာ ဘု ရား သ ခင် ကို ရှာ ချင် တဲ့ ၊ ဘု ရား သ ခင် နဲ့ ဆက် သွယ် လို တဲ့ ၊ ဘု ရား ကို ကိုး ကွယ် ၀တ် ပြု  အား ကိုး ခို လှုံ လို တဲ့ (inner being) အ တွင်း သ ဘော ကိုယ် စီ ရှိ ပြီး သား ဖြစ် ပါ တယ်။ ဒါ ကြောင့် .. လူ မှန် ယင် ကိုယ် ရဲ့ အ နေ အ ထား၊ အ ခြေ အ နေ၊ ၀န်း ကျင်၊ နီး စပ် မှု တွေ အ ပေါ် အ ခြေ ခံ ပြီး .. ကိုယ့် ကို စောင့် ရှောက် ပေး ဖို့ ၊ ကွယ် ကာ ပေး ဖို့ ၊ ကိုယ် ဖက် က နေ မား မား မတ် မတ် ရပ် တည် ပေး ဖို့ ပူ ဇော် ပ သ ကိုး ကွယ် တတ် ကြ ပါ တယ်။ တ ကယ် တော့  လူ တိုင်း ရဲ့ အ တွင်း ထဲ မှာ လူ့ ဘ ၀ ပြီး တာ နဲ့ ၊ နောင် တ မ လွန် ရှိ သေး ကြောင်း အ လို အ လျှောက် ကို သိ နှင့် တဲ့ သ ဘော ကိုယ် စီ ရှိ ကြ ပါ တယ်။ ဒါ ဟာ လူ့ အ တွင်း စိတ် ကို သက် သေ ခံ နေ တဲ့ ဘု ရား သ ခင် ရှိ ကြောင်း တွန်း အား လည်း ဖြစ် ပါ တယ်။ အ နီး စပ် ဆုံး ဥ ပ မာ ပေး ရ ယင် … လူ့ ရဲ့ မြေ မှုန့် နဲ့ ဖန် ဆင်း ထား တဲ့ ရုပ် ခန္ဓာ ထဲ ၊ ဘု ရား သ ခင် မှုတ် သွင်း ပေး တဲ့ (Spirit -နာမ် သက်၊ နာမ် ၀ိညာဉ်၊ ဇိ ၀ အ သက်) ဟာ ဖုန်း ဟမ်း ဆက် ထဲ မှာ ထည့် ထား တဲ့ Sim Card တစ် ခု လို ပါ ပဲ။  ကိုယ့် ကို ဖန် ဆင်း တော် မူ တဲ့ ဘု ရား သ ခင် နဲ့ ဆက် သွယ် ဖို့ ဖြစ် ပါ တယ်။ ဒါ ဆို ဆက် သွယ် လို့ မ ရ တဲ့ အ ကြောင်း က၊- ဘက် ထ ရီ အား ကုန် နေ လို့၊ ဆက် သွယ် မှု ဧ ရိ ယာ ပြင် ပ ရောက် နေ လို့၊ ဖုန်း ပိတ် ထား လို့ ၊ ဖုန်း ဘေ ကုန် နေ လို့ ၊ ဒါ မှ မ ဟုတ် ဟမ်း စက် ပျက် နေ လို့ အ စ ရှိ သ ၍ ပေါ့။ 


ကယ် တင် ရှင် ယေ ရှု ခ ရစ် တော်
ဒီ လို ဖန် ဆင်း ရှင် ထာ ၀ ရ ဘု ရား ကို လူ သား တွေ မ သိ နိုင် အောင်၊ မ မြင် နိုင် အောင်၊ လက် မ ခံ နိုင် အောင်၊ ဘု ရား သ ခင် နဲ့ လူ့ အ ဖွဲ့ အ စည်း တစ် ခု လုံး ဝေး သ ထက် ဝေး အောင် လိမ် လည် လှည့် ဖြား မှောက် လှန် နေ တဲ့ တ ရား ခံ က တော့ ၊ နံ နက် သား မိုး သောက် ကြယ် ဆို တဲ့ စာ တန် မာ ရ် နတ် ပါ ပဲ။ ဒီ လို ပြောင်း ပြန် လှန် ခံ ထား ရ တဲ့ ကမ္ဘာ့ လူ့ သ မိုင်း တစ် ခု လုံး ကို  ပြန် လည် တည့် မတ် ပေး တဲ့ သူ က တော့ ခ ရစ် တော် ယေ ရှု ပါ ပဲ။ ခ ရစ် တော် ယေ ရှု ဟာ လိမ် လည် လှည့် ဖြား တာ ခံ နေ ရ တဲ့ လူ သား အား လုံး ကို ဖန် ဆင်း ရှင် ဘု ရား သ ခင် နဲ့ န ဂို အ တိုင်း ပြန် လည် မိ ဿ ဟာ ယ ဖွဲ့ ခွင့် လူ သား တွေ ရ ဖို့ ၊ ဖန် ဆင်း ရှင် ဘု ရား သ ခင် အ ရာ က နေ ကိုယ် တိုင် ၊ ယေ ရှု ဆို တဲ့ နာ မ နဲ့ လူ့ သား ဇာ တိ ကို ခံ ယူ ပြီး လော က ကြီး ထဲ ကြွ ရောက် လာ ခဲ့ ပါ တယ်။ အ ကြောင်း က တော့၊  လူ သား အား လုံး ကို ဘု ရား သ ခင် နဲ့ ဝေး သ ထက် ဝေး အောင်၊ ဘု ရား သ ခင် ရဲ့ အ လို တော် ကို နား မ လည် နိုင် အောင်၊ ဘု ရား သ ခင် ပေး တော် မူ တဲ့ ထာ ၀ ရ အ သက် ဆို တဲ့ ကယ် တင် ခြင်း ဆု ကျေး ဇူး မ ရ အောင်၊ ကုန် ကုန် ပြော ရ ယင် .. ကန့် င ရဲ မီး အိုင် ထဲ မှာ ထာ ၀ ရ ကာ လ သူ (စာ တန် မာ ရ် နတ်) နဲ့ အ တူ ပစ် ချ ခံ ရ အောင် ၊ အ ပြစ် ရဲ့ ကျွန် အ ဖြစ် ချုပ် နှောင် ခံ နေ ရ တဲ့ အ ချုပ် အ နှေင် ကြီး ထဲ က လွတ် မြောက် အောင် ကယ် တင် ဖို့ ကြွ လာ ခြင်း ဖြစ် ပါ တယ်။
နား လည် အောင် ပြော ရ ယင်၊- ပ ညတ် (ဥ ပ ဒေ) ဆို တာ လိုက် နာ ဖို့ ဖြစ် ပြီး၊ ချိုး ဖေါက် ယင် တော့ သတ် မှတ် ထား တဲ့ အ ပြစ် ဒဏ် ကို မ လွဲ မ သွေ ခံ ယူ ပေး ဆပ် ရ မှာ ဖြစ် ပါ တယ်။ အ ပြစ် ဒဏ် ဆို တာ က လည်း ကျော သား ရင် သား ခွဲ ခြား မှု မ ရှိ ရ ပါ ဘူး။ လူ ဆို တာ မွေး ရာ ပါ အ ပြစ် ရှိ သူ တွေ ဖြစ် လို့ ၊ အ ပြစ် ရဲ့ အ ဖိုး အ ခ ဆို တဲ့ သေ ခြင်း ကို တစ် ယောက် မ ကျန် ရင် ဆိုင် နေ ကြ ရ သူ တွေ ချည်း ဖြစ် ကြ ပါ တယ်။ ဒီ လို အ ပြစ် ရဲ့ ကျွန် ပြု ခံ ဘ ၀ က နေ လွတ် မြောက် အောင် ကိုယ့် အ နေ နဲ့ တော့ ဘယ် လို နည်း နဲ့ မှ လွတ် မြောက် အောင် ကြိုး ပန်း လုပ် ဆောင် ဖို့ ဆို တာ မ ဖြစ် နိုင် အ ခြေ အ နေ တစ် ခု ပါ။ ဘု ရား သ ခင် ဟာ မိ ဿ ဟာ ယ ဖွဲ့ ဖို့ ဖန် ဆင်း တော် မူ ထား တဲ့ လူ ကို လူ မှန် နေ ရာ မှန် ပြန် ရောက် ဖို့ အ တွက်၊ ပြ ဌာန်း ထား တဲ့ ဥ ပ ဒေ ရဲ့ အ ဖိုး အ ခ ကို လူ သား အား လုံး အ စား ၊ ကိုယ် တိုင် ပေး ဆပ် အ သေ ခံ တော် မူ ခဲ့ တာ ဖြစ် ပါ တယ်။ ခ ရစ် တော် ယေ ရှု ရဲ့ အ သေ ခံ ခြင်း ဟာ တ ကယ့် ကို အံ့ သြ ဖွယ် ဖြစ် ပါ တယ်။ ခ ရစ် တော် ရဲ့ ဦး ခေါင်း တော်၊ ခန္တီ တော်၊ ခြေ တော်၊ လက် တော်၊ မျက် လုံး တော် အ စ ရှိ သ ဖြင့် ခန္ဓာ တစ် ခု လုံး နဲ့ သက် ဆိုင် တဲ့ ကိုယ် အ င်္ဂါ အ စိတ် အ ပိုင်း များ သာ မ က ၊ အ သွေး တော်၊ နှ လုံး တော် နှင့် သက် တော် အ စ ရှိ သ ဖြင့် လူ သား အား လုံး ရဲ့ အ ပြစ် ကျူး လွန် သ မျှ အ င်္ဂါ အ စိတ် အ ပိုင်း အ လုံး စုံ အ တွက် အ ပြစ် ဒဏ် ရဲ့ အ ဖိုး အ ခ ကို ကိုယ် စား ပေး ဆပ် ခံ ယူ သွား တာ က တော့ ထင် ရှား လှ ပါ တယ်။ နောက် တစ် ခု က .. ဘု ရား သ ခင် လူ သား တွေ ကို ဘယ် လောက် ချစ် သ လဲ ဆို တာ လူ သား တွေ သိ အောင် ပြ သ လိုက် ခြင်း လည်း ဖြစ် ပါ တယ်။ ဒါ့ အ ပြင် တစ် လော က လုံး အ ရှုံး ပေး ရ တဲ့ သေ ခြင်း ကို လည်း သုံး ရက် မြောက် တဲ့ နေ့ မှာ ပြန် လည် ရှင် ပြန် ထ မြောက် ပြီး ၊ သေ ခြင်း ကို အောင် မြင် တော် မူ ကြောင်း လူ သား အား လုံး ကို သက် သေ ပြ တော် မူ ခဲ့ ပါ တယ်။ (ရှင် ယော ဟန် ၁၁း ၂၅)၊- “ယေ ရှု က လည်း ၊ ငါ သည် ထ မြောက် ခြင်း အ ကြောင်း၊ အ သက် ရှင် ခြင်း အ ကြောင်း ဖြစ် ၏။ ငါ့ ကို ယုံ ကြည် သော သူ သည် သေ လွန် သော် လည်း ရှင် လိမ့် မည်” လက် တွေ့ သက် သေ အ ဖြစ် ၊ သေ ခြင်း ကို အောင် မြင် သော ယေ ရှု ခ ရစ် တော် ကို ကြည့် ပါ …ခ ရစ် တော် ယေ ရှု ဟာ လူ သား အား လုံး ရဲ့ အပြစ် အ တွက် အ သေ ခံ ပြီး တဲ့ နောက် ၊ သုံး ရက် မြောက် သော နေ့ မှာ ပြန် လည် ရှင် ပြန် ထ မြောက် လာ ခဲ့ ခြင်း ဟာ ၊ လူ သား တွေ လုံး ၀ မ ရုန်း ထွက် နိုင် တဲ့ သေ ခြင်း တ ရား ကို အောင် မြင် ကြောင်း သက် သေ ဖြစ် ပါ တယ်။ တ နည်း ပြော ရ ယင်၊ စာ တန် မာရ် နတ် ရဲ့ အ မြင့် ဆုံး လက် နက် ဖြစ် တဲ့ သေ ခြင်း ကို အ နိုင် ယူ အ ပြီး အ ပိုင် ချေ မှုန်း လိုက် တဲ့ သက် သေ လည်း ဖြစ် ပါ တယ်။ (၁ ကော၊ ၁၅း ၅၅)မှာ၊- အို သေ မင်း၊ သင် ၏ လက် နက် သည် အ ဘယ် မှာ ရှိ သ နည်း ၊ အို မ ရ ဏ နိုင် ငံ သင် ၏ အောင် ခြင်း သည် အ ဘယ် မှာ ရှိ သ နည်း။

မျှော် နေ ပါ သည် ..  
ဒီ လို ကိုယ် စား အ သေ ခံ သွား တဲ့ ကယ် တင် ရှင် ကို ၊ ကိုယ့် ကို ကယ် တင် တဲ့ အ သက် သ ခင် ကျေး ဇူး ရှင် အ နေ နဲ့ လက် ခံ ယုံ ကြည် ဖို့ ပဲ ဖြစ် ပါ တယ်။ (ရှင် ယော ဟန် ၃း ၁၆ - ၂၁) မှာ၊- “ဘု ရား သ ခင် ၏ သား တော် ကို ယုံ ကြည် သော သူ အ ပေါင်း တို့ သည် ပျက် စီး ခြင်း သို့ မ ရောက်၊ ထာ ၀ ရ အ သက် ကို ရ စေ ခြင်း ငှာ ဘု ရား သ ခင် သည် မိ မိ ၌ တစ် ပါး တည်း သော သား တော် ကို စွန့် တော် မူ သည့် တိုင် အောင် လော ကီ သား တို့ ကို ချစ် တော် မူ ၏။ လော ကီ သား တို့ အား အ ပြစ် စီ ရင် ခြင်း ငှာ ဘု ရား သ ခင် သည် သား တော် ကို ဤ လော က သို့ စေ လွှတ် တော် မူ သည် မ ဟုတ်၊ လော ကီ သား တို့ သည် ကိုယ် တော် အား ဖြင့် ကယ် တင် ခြင်း သို့ ရောက် မည့် အ ကြောင်း စေ လွှတ် တော် မူ ၏။ သား တော် ကို ယုံ ကြည် သော သူ သည် အ ပြစ် စီ ရင် ခြင်း ကို မ ခံ ရ၊ မ ယုံ ကြည် သော သူ မူ ကား ဘု ရား သခင် ၌ တစ် ပါး တည်း သော သား တော် ကို မ ယုံ ကြည် သော ကြောင့် ယ ခု ပင် အ ပြစ် စီ ရင် ခြင်း ကို ခံ ရ ၏”(ရှေ့ ဆက် ဖတ် ရန်)။ တ ကယ် တော့ လူ သား တွေ ဟာ .. ကိုယ့် ကို မေ တ္တာ စစ် နဲ့ ချစ် တဲ့ သူ နဲ့ ချစ် ဟန် ဆောင် နေ တဲ့ ရန် သူ၊ ကိုယ့် ရဲ့ သ ခင် အ စစ် အ မှန် နဲ့ သ ခင် ဟန် ဆောင် ပြီး လိမ် လည် လှည့် ဖြား နေ သူ ကို ကွဲ ကွဲ ပြား ပြား မ ခွဲ ခြား တတ် တဲ့ သူ တွေ နဲ့ တူ နေ ပါ တယ်။
ချစ် သော မိတ် ဆွေ.. လူ သား အား လုံး ဟာ ဘု ရား သ ခင် နဲ့ သက် ဆိုင် တဲ့ နာမ် ၀ိညာဉ် ဆို တဲ့ ဇိ ၀ နာမ် သက် နဲ့  မြေ ကြီး ဆို တဲ့ ဇာ တိ ရုပ် ခန္ဓာ  ပေါင်း စပ် ဖွဲ့ စည်း ထား ခြင်း ခံ ရ သူ တွေ ဖြစ် လို့ ၊ နာမ် ၀ိညာဉ် နဲ့ ရုပ် ခွဲ ခွာ ခြင်း ဆို တဲ့ သေ ခြင်း တ ရား ကို ရင် ဆိုင် ပြီး ယင်၊ ဇာ တိ ရုပ် ခန္ဓာ က မူ ရင်း အ ရပ် မြေ ကြီး ထံ ပြန် သွား ရ သ လို၊ နာမ် ၀ိညာဉ် က တော့ မူ လ ဘူ တ ဘု ရား သ ခင် ထံ ပြန် ကြ ရ မယ် မိတ် ဆွေ … (က မ္ဘာ ဦး ကျမ်း ၂း ၇) ထို နောက်၊ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် မြေ မှုန့် ဖြင့် လူ ကို ဖန် ဆင်း ၍၊ သူ ၏ နှာ ခေါင်း ထဲ သို့ ကို မှုတ် တော် မူ လျှင်၊ လူ သည် အ သက် ရှင် သော သ တ္တ ဝါ ဖြစ် လေ ၏” ဇီ ဝ အ သက်=(မူ ရင်း တွင်၊- Spirit-နာမ် သက်၊ နာမ် ၀ိညာဉ်၊ ဇိ ၀ အ သက်)
ဖန် ဆင်း ရှင် ဘု ရား သ ခင် က လည်း ၊ သူ ဖန် ဆင်း ထား တဲ့ လူ သား အား လုံး သူ့ ထံ ပြန် လာ ပြီး ၊ အို ခြင်း ၊ နာ ခြင်း ၊ သေ ခြင်း ကင်း သော ထာ ၀ ရ ပျော် ရွှင် မှု အ ပေါင်း နဲ့ ပြည့် ၀ ပြီး၊ ဖန် ဆင်း ရှင် ဘု ရား သခင် နဲ့ အ တူ  ထာ ၀ ရ အ သက် ရှင် ပြီး၊ ထာ ၀ ရ ကာ လ မိ ဿ ဟာ ယ ဖွဲ့ နေ ထိုင် ဖို့ အ လို တော် ရှိ နေ ပါ တယ်။
လော က ထဲ က ခ ရီး သွား ဧည့် သည် တွေ ပါ
လူ သား မှန် သ မျှ လော က ကြီး ရဲ့ ဧည့် သည် တွေ ဖြစ် လို့ ၊ ခေ တ္တ ခ ဏ လေး သာ လော က ကြီး ထဲ လူ့ ဘ ၀ ခ ရီး ကို နှင် ကြ ရ တာ သာ ဖြစ် ပါ တယ်။ ခ ရီး သွား သူ တိုင်း မှာ ၊ ငါ ဘယ် က နေ ခ ရီး စ ထွက် တာ၊ ခ ရီး ကို ဘယ် လမ်း နဲ့ သွား နေ တာ ၊ ငါ့ ခ ရီး အ ဆုံး ပန်း တိုင် က ဘယ် နေ ရာ ဆို တာ ၊ ခ ရီး သွား ဧည့် သည် တိုင်း ရှိ ပြီး သား၊ သိ ပြီး သား ပါ၊ မိတ် ဆွေ ရဲ့ ခ ရီး အ စ ဘယ် က လာ ပြီး၊ အ ခု ဘယ် ရောက် နေ တယ်၊  ခ ရီး ပန်း တိုင် အ ဆုံး က ဘယ် နေ ရာ ပါ ဆို တာ တိ တိ ကျ ကျ သိ ထား ဖို့၊ ရှိ ထား ဖို့ လို ပါ တယ်။ ဒါ ကြောင့် လော က လူ့ ဘ ၀ အ သက် ဆို တာ ၊ လော က ကြီး ထဲ ခ ဏ တာ လျောက် လှမ်း ရ တဲ့ ဘ ၀ ခ ရီး တစ် ခု ဖြစ် လို့ ၊ ဘ ၀ ခ ရီး ရဲ့ လမ်း ခု လပ် မှာ တွေ့ ရ ၊ မြင် ရ ၊ ကြား ရ ၊ သိ ရ ၊ ခံ စား ရ သ မျှ အ ပေါ် စွဲ လန်း ခုံ မင် ပြီး ခံ စား နေ မယ် ဆို ယင် တော့၊ ကိုယ့် ရဲ့ ရည် ရွယ် ချက် ခ ရီး အ ဆုံး ပန်း တိုင် နဲ့ လွဲ သွား နိုင် ပါ တယ်။
စဉ်း စား ဆင် ခြင် ကြည့် စေ ချင် ပါ သည် ..
၁။ လော က ကြီး ထဲ လူ သား တစ် ယောက် အ နေ နဲ့ သင် ဘာ ကြောင့် ရောက် လာ ရ တာ လဲ။ အ လို အ လျှောက် ဖြစ် စဉ် ကြောင့် လား၊ ဒါ မှ မ ဟုတ် မ တော် တ ဆ ရောက် လာ တာ လား၊ ဘယ် က နေ ရောက် လာ တာ လည်း။
၂။ လော က ကြီး ဟာ သင့် အ တွက် ထာ ၀ ရ နေ ခွင့် ပြု ထား တဲ့ ထာ ၀ ရ နေ အိမ် လား (သို့) ယာ ယီ နေ ထိုင် ဖို့ ခွင့် ထား တဲ့ နေ ရာ လား။ သင် ဟာ လော က ကြီး ရဲ့ အိမ် ရှင် လား၊ ဧည့် သည် လား။
၃။ လော က ကြီး က သင့် အ တွက် နောက် ဆုံး ပန်း တိုင် လား၊ သင် ဟာ လော က ကြီး ထဲ ရောက် လာ တဲ့ ခ ရီး သွား ဧည့် သည် လား။
၎။ တစ် နေ့ ကျ ယင် သင် နဲ့ ပတ် သက် ဆက် နွယ် ခဲ့ သ မျှ အား လုံး ကို အ ပြီး အ ပိုင် စွန့် လွှတ် ခွဲ ခွာ သွား ရ မယ် ဆို တာ လက် ခံ ပါ သ လား။ စဉ်း စား မိ တိုင်း သင် ဘယ် လို ခံ စား ရ သ လဲ။
၅။ လူ့ သက် တမ်း အ ရ ဆို သင် ဘယ် လောက် အ သက် ရှင် ခွင့် ရှိ ဦး မှာ လဲ။ သက် တမ်း စေ့ အ သက် ရှင် ခွင့် ရ မယ် လို့ သင် ယုံ ကြည် ထား ပါ သ လား။
၆။ လူ့ ဘ ၀ ဆို တာ သေ ဆုံး ခြင်း မှာ ပဲ အ ဆုံး သတ် သွား လား။ နောင် တ မ လွန် ကော ရှိ နေ သေး လား။ နောင် တ မ လွန် ဆို တာ က ကော ဘာ ကို ပြော တာ လဲ။
၇။ အဲ ဒီ နေ့ ရက် ကို ဖြတ် သန်း ဖို့ သင် ဘာ တွေ ပြင် ဆင် ထား ပြီ လည်း။

မိတ် ဆွေ ..
သင့် အ ပြစ် ကြွေး အ တွက် ကိုယ် စား ပေး ဆပ် တဲ့ ယေ ရှု ခ ရစ် တော်၊ သုံး ရက် မြောက် တဲ့ နေ့ မှာ သေ ခြင်း တ ရား ကို အ စိုး ရ တော် မူ ကြောင်း သက် သေ ထူ အာ မ ခံ ချက် ပေး တော် မူ သော ယေ ရှု ခ ရစ် တော် ၊ လူ့ ဘာ သာ စ ကား နဲ့ ဖော် ပြ လို့ မ ရ အောင် ကို သင့် ကို ချစ် တဲ့ ယေ ရှု ခ ရစ် တော် ကို သင် သိ ရှိ နိုင် ဖို့ .. မေ တ္တာ များ စွာ နဲ့ ဝေ မျှ လိုက် ခြင်း ဖြစ် ပါ တယ်။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)....