လုကာ၂၄း၁၃-၃၂။ ဆာလံ၊ ၁၁၉း၈၁“ အကျွန်ုပ် ၀ိညာဉ် သည်ကယ် တင်တော်မူခြင်းကျေး ဇူးကိုေ တာင့် တ လျှက်နှင့် ခွန်အားေ လျာ့ပါ၏”သော ကြာကြီး ညနေပိုင်း ၌ဖြစ်ခဲ့တဲ့ အဖြစ်အ ပျက်တွေ ဟာဧေ မာက်မြို့ကို သွားနေ တဲ့ခရစ်တော် ရဲ့တပ ည့်တော်များ နဲ့ကလောဖ အတွက်ဦးနှောက် ထဲမှာမြ င်ယောင်ပြီးစွဲနေပါ တယ်။သူတို့ နေရာ မှာကျွန်ုပ်တို့ သာဆိုယင် ဘယ်လောက်တော င်စိတ်တြွေေ ခာက်ခြား၊စိတ်တွေရှုပ်ထွေး ၊စိတ်ဂနာ မငြိမ်ဖြစ် လိမ့်မလဲမသိ ဘူး။ယုံကြည်ကိုး စားစရာကောင်း လို့နောက်တော် ကိုေ တာင် လိုက် ခဲ့ကြတဲ့ သူတို့ ရဲ့သခင်၊သူတို့ကို အ ရမ်းချစ်ရှာတဲ့သ ခင်ယေရှုလက်ဝါး ကဒ်တိုင်ပေါ်မှာ တုန်လှုပ်ခြော က်ခြားစရာကောင်းတဲ့အေ သသတ်ခြင်းမျိုးကိုခံ လိုက်ရပြီ။ခရစ်တော်ေ ယရှုအသေသတ်ခြင်း ခံရတဲ့နေရာ ဟာအောက်တန်းတ ကာအောက်တန်းထဲမှာမှအောက်အ ကျဆုံးနေရာ၊ရှ က်စရာနေရာမျိုးတွေထဲ မှာမှရှက် စရာ အကောင်းဆုံး၊ အယုတ်ညံ့ ဆုံးေ နရာဖြစ်ပါတယ်။ ဒါ့အပြင်အင်မ တန်ရက်စက်ကြမ်းကြုပ်လှတဲ့ညှင်း ပန်းနှိ ပ်စက်ခြင်းတွေ ကိုလည်းသခင်ယေရှုခရစ်တော်ခမျာ နာကြင်ဝေဒ နာတွေကိုအထွဍ်အထိပ်ရောက်အောင်ကြိ တ်မှိတ်ခံခဲ့ရပါ တယ်။အဲဒီခေတ်အခါတုန်း ကအဲဒီလိုစီ ရင်မှုမျိုးဟြာေ ပာမဆုံးတဲ့ရှ က်စရာအားလုံးထဲမှာ မှရှက်ဖို့ အကောင်းဆုံး၊ အယုတ်ညံ့ဆုံး၊ အောက် တန်းအကျဆုံးပါပဲ။လူတကားမြင်အောင်လက်ဝါး
ကဒ်တိုင်ပေါ်မှာသံနဲ့ ရိုက်ထားပြီး သေတာတောင်အရှက်တကွဲအကျိုးနဲပြီးသေစေတဲ့စီရင်ချက်ဖြစ်ပါတယ်။
ခရစ်တော်ဘုရားအသေသတ်ခြင်းမခံမှီတပတ်လောက်သံလွင်ခက်တနင်္ဂနွေနေ့ကဆိုယင်သခင်ယေရှုကိုလူ
အုပ်လူအုပ်ကြီးကဟောရှဏ္ဏဖြစ်စေသတည်းဆိုပြီးတော့သံလွင်ခက်တွေဝှေ့ယမ်းပြီးသောင်းသောင်းဖျဖျဆီး
ကြိုခဲ့ကြတာကိုတပည့်တော်တွေအနေနဲ့တွေ့ခဲ့ရပါသေးတယ်။အဲဒီတုန်းကဆိုသခင်ယေရှုပြောထားတဲ့စ
ကားတော်ကိုတောင်အောင်းမေ့ပြီးဟုတ်ပါလားခရစ်တော်ကငါတို့ကိုဆိုးညစ်တဲ့ရောမအာဏာပိုင်တွေလက်
ထဲကနေကယ်နှုတ်တော့မယ်ဟေ့ဆိုပြီးတပည့်တော်တွေဆီမှာမျှော်လင့်ချက်အတွေးတွေအများကြီးရှိခဲ့ကြမှာ
ပဲ(မဿဲ၊၂၁း၉)။ဒါပေမဲ့အခုတော့အဖြစ်အပျက်တွေအားလုံးဟာမထင်မှတ်ပဲပျောက်ခြင်းမလှပျောက်ဆုံးကုန်
ပါပြီ။အခုမြင်နေရတာကအသက်မရှိတော့တဲ့သခင့်ရဲ့ရုပ်အလောင်း၊စည်းတံဆိပ်ခတ်ထားတဲ့ဂူပဲရှိပါတော့
တယ်။မျှော်လင့်ချက်တွေလည်းလုံးဝလုံးဝကွယ်ပျောက်သွားပါပြီ။ပုံအောထားသမျှအားလုံးသဲထဲရေသွန်လိုက်
သလိုပါပဲ။ဒါကြောင့်နောက်တော်လိုက်တပည့်တော်တွေလည်းအယင်တုံးကလိုသာမန်အသက်တာနဲ့အသက်
ရှင်ဖို့ပဲရှိပါတော့တယ်။ဒါကြောင့်တပည့်တော်တွေထဲက နှစ်ဦးလည်းကိုယ့်နေရာကိုယ့်ဒေသကိုပြန်ဖို့အလာ
အပြန်လမ်းမှာ-“သချိုင်းမှာခရစ်တော်မရှိတော့ဘူးဂူတံခါးကြီးလည်းပွင့်လို့”ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့
အခါသူတို့ရဲ့စိတ်ပျက်လက်ပျက်မျော်လင့်ခြင်းကင်းမဲ့နေတဲ့စိတ်တွေကိုလုံးဝနိုးဆွပေးလိုက်သလိုပါပဲ။
စိတ်ဓါတ်ကျနေတာတွေလည်းလုံးလုံးလျားလျားကွယ်ပျောက်စေခဲ့ပါတယ်။စိတ်ဓါတ်အကြီးအကျယ်ကျနေတဲ့
တပည့်တော်(၂)ယောက်ရဲ့မျော်လင့်ချက်အထွဒ်အထိပ်ကတော့“ထိုသူသည်ဣသရေလအမျိုးကိုရွေးနှုတ်
အံ့သောသူဖြစ်သည်ဟုငါတို့သည်အထက်ကမြော်လင့်ကြပြီ”ဆိုတဲ့မြော်လင့်ချက်ပါပဲ(လုကာ၊၂၄း၂၁)။မြော်
လင့်ခြင်းဟာကျွန်ုပ်တို့ကိုလွတ်မြောက်ခြင်းအခွင့်ကိုလွယ်ကူစွာရစေပါတယ်။ဒီနေရာမှာမျော်လင့်ချက်
မရှိတော့တာနဲ့ချက်ချင်းဆိုသလိုစိတ်ဓါတ်ကျခြင်းကိုဖြစ်စေပါတယ်။ဘယ်တော့မှ ဖြစ်မလာတော့ပါဘူးကွာ
ဆိုတဲ့စိတ်တွေလည်းရှိလာပါတယ်။ဒါထက်ဆိုးတာကနောက်နောင်ဘာကိုမှမမျှော်လင့်ရဲသလောက်ဖြစ်သွား
တတ်ပါတယ်။ဘာလို့လဲဆိုယင်..နောက်တစ်ကြိမ်ဒီလိုစိတ်ဓါတ်ကျစရာကိုမရင်ဆိုင်ချင်တော့လို့ပါပဲ။
ဒါပေမဲ့မျော်လင့်ချက်မြဲမြံခိုင်ခန့်မှု၊ပျက်စီးပျောက်ကွယ်သွားတာတွေဟာကိုယ့်ရဲ့ယုံကြည်မျော်လင့်မှုပမာဏ
အပေါ်မှာပဲအခြေခံနေပါတယ်။ဒါကြောင့်ပိုပြီးယုံကြည်ချက်များလေလေပိုပြီးမျော်လင့်ခြင်းတွေခိုင်မာလေလေ
ပါပဲ။နှလုံးသားတစ်ခုကို မျော်လင့်ချက်မီးပြန်လည်တောက်လောင်စေတဲ့အတွေ့အကြုံတိုင်းဟာအဲဒီနှလုံးသား
ရဲ့မျော်လင့်ချက်တွေကိုပြန်လည်အသက်ရှင်စေခြင်း၊အသက်သွင်းပေးလိုက်ခြင်းပါပဲ။

ဆင်ခြင်ရန်။
ခရစ်တော်နဲ့သာဆိုယင်ကျွန်ုပ်တို့ရဲ့မျော်လင့်ခြင်းတွေအဆုံးမရှိပါ…
ခရစ်တော်မပါယင်တော့ ဘာမျော်လင့်စရာမှကျွန်ုပ်တို့အတွက်မရှိတော့ပါ….
ဆုတောင်းရန်။
အဖဘုရား..ခရစ်တော်ယေရှုအားအချိန်တိုင်းမျော်လင့်နေတတ်သူဖြစ်ရန်ကူမတော်မူပါ။အာမင်။
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)
0 Comments
Post a Comment