အဓိကကျမ်းချက်များ။
တမန်တော်၊ ၂း၃၈-၃၉။ လုကာ၊ ၁၅း၇-၁၀ ။ယေ ဇကျေ လ၊၁၈း၃၀-၃၂ ။ခရစ် ယာန် တစ် ဦးဖြစ် ဖို့ရန် သို့ တည်း မဟုတ် ဘုရား သခင် ၏ ခလေးသူငယ် တစ်ဦးဖြစ် ဖို့ရန် အတွက်“နောင် တ”သည် ပထမဦးဆုံး အဆင့် ပင်ဖြစ် သည်။ ယင်းနောင် တနှင့်ပတ် သက်၍ မူရင်းGreeနှင့် Hebrew ဝေါ ဟာရများ ကိုလေ့ လာခြင်းဖြင့် ပို၍ နက် နဲသော အဓိပ္ပါယ် များ ကိုတွေ့ရပါ လိမ့်မည်။ Greekဝေါ ဟာရ အားဖြင့် နောင် တ ကို “metanoia” ဟုခေါ် ပါ သည်။ အနက်မှာ-နောက် ထပ်စိတ်ရှိရန်(to have anothermind) သို့မဟုတ် လမ်းကြောင်းပြောင်းရန် (tochangecourse) ဟူသော အဓိပ္ပါယ်များ ပါဝင်နေပါသည် (မဿဲ၊၄း၁၇။မာကု၊၁း၁၅)။ Hebrew ဝေါဟာရ အားဖြင့်လည်းနောင်တကို “shup” ပြန်လှည့်ရန်(to turnback) ဥပမာကျွန်ုပ် တို့ ၏အတွေ့ အကြုံများမှUပုံ သဏ္ဍာန်ပြန် လှည့်ခြင်း(၃ဓမ္မ၊၈း၄၇ ။ယေဇကျေ၊၁၄း၆) ။ယနေ့ခေတ် တွင်နောင်တ ဆိုသောစ ကားကို “မိမိတို့ လုပ်ရပ်များ အတွက်ဝမ်းနည်းစွာ ခံစားရခြင်း”ဟူ၍ သာရိုးရိုးလေး မှတ်ယူကြပါသည်။ သို့ရာတွင် သမ္မာ ကျမ်းစာေ တ်ာမြတ်ထဲ၌နောင်တနှင့်ပတ် သက်၍ ထိုထက်လေး နက်သော အနက်အဓိပ္ပါယ် ရှိနေပါသည်။ မည်သို့ပင်ဖြစ်ပါေ စနောင်တသည် ခရစ်တော်ယေရှုဘု ရား၏ တပည့်တော်ဖြစ်ရန် ပထမဦးဆုံး လုပ်ဆောင် ရမည့်အရာပင်ဖြစ်ပါသည်။
စစ်မှန်သောနောင်တရခြင်း။
စစ်မှန်သော နောင်တရခြင်း ဆိုသည်မှာ ကျွန်ုပ်တို့၏“စဉ်းစားတွေးခေါ်မှု”နှင့် “လုပ်ဆောင်မှုများ" ပြောင်းလဲခြင်း ပင်ဖြစ် သည်။ ကျွန်ုပ်တို့၏ စဉ်းစား တွေးခေါ်မှုများအား ကျွန်ုပ်တို့ ပြောင်းလဲခြင်း (We change our thinking) အပြစ်၏ သဘော သဘာဝ၊ ဆိုးကျိုးနှင့်နောက်ဆက်တွဲ အကျိုးဆက်များကို လေးလေး နက်နက်ရှု မြင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ အထဲ၌ရှိနေသော သမျှသည် ဘုရားသခင်အတွက် အလွန် အမင်း စက်စုတ် ရွံရှာဖွယ် ဖြစ်ကြောင်း မိမိကိုယ်ကို သိရှိနားလည် လက်ခံခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှု များအား ကျွန်ုပ်တို့ ပြောင်းလဲခြင်း (We change ouraction) ဘုရားသခင်ကို ကျွန်ုပ်တို့ အနေဖြင့် နားမထောင်ခြင်း ၊နာမခံခြင်း၊ တစ်ကိုယ်ကောင်း စိတ်ထားခြင်းနှင့် ဆန့်ကျင် ပုန်ကန်ခြင်း အနေအထားမှ ဘုရားသခင်ထံ တော်ပါးသို့ ပြန်လှည့်ခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် အလွန်အလှမ်း ကွာဝေးလွန်း လှသည့် အပြစ်၏ကျေးကျွန် ဘ၀မှပြန်လှည့်ခြင်း၊ ဘုရားသခင် ထံတော်ပါး၌ ကျွန်ုပ်တို့၏ အသက်တာအား ၀န်ခံအပ်နှံခြင်း၊ ခရစ်တော် ယေရှုအား ကျွန်ုပ်တို့၏ အရှင်သခင် အဖြစ်နေရာပေးခြင်း ပင်ဖြစ်သည်။ ဤအပိုင်းသည် ကျွန်ုပ်တို့ဖက်မှ ဆောင်ရွက်ရမည့် အပိုင်း၊ ကျွန်ုပ်တို့၏တာ ၀န်ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးမှာ အပြစ်ပြုခဲ့ကြသူများ ဖြစ်ကြ ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ အားလုံး သခင်ယေရှုအား ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် လည်းကောင်း၊ ဘ၀၏အသခင် အဖြစ်လည်းကောင်း လက်ခံရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ ကျူးလွန်ခဲ့သမျှသော အပြစ်ကြွေးများ အတွက် သခင်ယေရှု ခရစ်တော်သည် လက်ဝါးကဒ်တိုင် ပေါ်တွင် ပေးဆပ်ခဲ့ပြီး ဖြစ်သကဲ့သို့ ညစ်ငြမ်းသည့် အပြစ်ဒုစရိုက် များကြောင့် သန့်ရှင်းမြင့်မြတ် စုံလင်သည့် ဘုရားနှင့် အလှမ်းကွာဝေး ခဲ့ရသော ကျွန်ုပ်တို့ကို ထိုဘုရားသခင်နှင့် ပြန်လည် ဆက်သွယ်နိုင်ရန် ပို့ဆောင်ပေး တော်မူသော ပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကျူးလွန်ခဲ့သော အပြစ်များ အတွက် နောင်တရရပါမည်၊ ဘ၀အသက်တာတွင် မိမိသဘော ဆန္ဒအတိုင်း အသက်မရှင်ဘဲ ယေရှုခရစ်တော်အား ဘ၀၏ အရှင်သခင် အဖြစ် လက်ခံကာ ယေရှုခရစ်တော်၏ သဘောဆန္ဒ အတိုင်း အသက်ရှင် ရပါမည်။ ဘုရားသခင် မတတ် နိုင်သော အရာတစ်စုံ တစ်ခုမှမရှိပါ။ ကျွန်ုပ်တို့ကို ခွန်အားပေး ပါလိမ့်မည်။
နောင်တရခြင်း၌အရေးကြီးသောလိုအပ်ချက်(၃)ချက်။
နောင်တရခြင်းသည် အထင်အရှား သိမြင်သော အသိတရား (သတိမူခြင်း)။(Repentance is cognitive)
ဆိုလိုရင်း ရှင်းလင်းသော်လည်း နားလည်ဖို့ရန် လိုအပ်ပါသည်။ နောင်တရခြင်းသည် ကျွန်ုပ်တို့၌ အပြစ် ရှိကြောင်း၊ ကျွန်ုပ်တို့သည် အပြစ် သားဖြစ်ကြောင်း လုံးလုံးလျားလျား ၀န်ခံခြင်း၊ ထိုအပြစ် များသည် သန့်ရှင်း ဖြောင့်မတ်တော် မူသော ဘုရားသခင်၏ ရှေ့မှောက်တွင် အလွန်ကြောက် ရွံဖွယ်သော အမှုဖြစ် ကြောင်း ခံယူခြင်း ပင်ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များနှင့် ဘုရားသခင်၏ သန့်ရှင်းဖြောင့်မတ်ခြင်းကို နှိုင်းယှဉ်ပြီး မည်မျှ ကွာခြား နေကြောင်း မြင်တွေ့ သိရှိနားလည် သဘောပေါက်ရန် အလိုတော်ရှိပါသည်။ ဘုရားသခင်သည် သူနှင့် အတူရပ်တည် အသက်ရှင်ရမည့် နေရာကို ကျွန်ုပ်တို့ မြင်တွေ့ဖို့ရန် အလိုတော် ရှိပါသည်။
ဘုရားသခင် သည် ကျွန်ုပ်တို့၏ ရှိရှိသမျှသော အသက်တာများကို သူ၏ လက်တော်ထဲ သို့ စိတ်ချလက်ချ လုံးလုံးလျှားလျှား အပ်နှံရန် ၊ထိုအရာများကို နားလည်နိုင်ရန် လမ်းပြပေးမည့် သန့်ရှင်းသော ၀ိညာဉ်တော်အား အကြွင်းမဲ့ ယုံကြည်လက်ခံ ရန်နှင့် အထူးသဖြင့် သမ္မာကျမ်းစာ တော်မြတ် ဖတ်သည့်အခါတိုင်း နားလည်ဖို့ရန် အတွက် သန့်ရှင်းသော ၀ိညာဉ်တော်အား မှီခိုအားကိုး လက်ခံရန် အလိုတော်ရှိပါသည်။
နောင်တရခြင်းသည်စိတ်ခံစားမှုနှင့်သက်ဆိုင်ခြင်း။ (Repentance is emotional)
ဘုရားသခင်ရှေ့တော်၌ ရှိနေမည့် ကျွန်ုပ်တို့၏ အခြေအနေမှန်ကို လက်ခံပြီဆိုပါက ဘုရားသခင် ရှေ့တော်၌ ရှိနေမည့် ကျွန်ုပ်တို့၏ အခြေအနေမှန်ကို လက်ခံပြီဆိုပါက စိတ်ခံစားမှုနှင့် သက်ဆိုင်သော စွမ်းအားကို သင်ရရှိခံစား လာလိမ့်မည် (ဟေရှာယ၊၆း၅)။ ကျူးလွန်ခဲ့သော အပြစ်များကို တွေ့မြင်လာခြင်း၊ ထိုအပြစ်များ အတွက် ယူကျုံးမရဖြစ်ခြင်း၊ ၀မ်းနဲခြင်းများ ပါဝင် လာလိမ့်မည် (ဆာလံ၊၅၁း၉)။
ယင်းနောက် ဘ၀ထဲရှိ အမှား အယွင်းများ အတွက် စိတ်လေး လံခြင်းများ ခံစားလာလိမ့်မည်။ ဤစိတ်ခံစားမှုများသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ခွင့်လွတ်ခြင်း ရှိနိုင်မည့်နေ ရာသို့ ပို့ဆောင်ပေးမည့် စိတ်ခံစားမှုလည်း ဖြစ်ပါသည် (၂ကော၊၇း၉၁၀)။ နောင်တရလျှက် မိမိအပြစ် များကြောင့် ယူကျုံးမရ ၀မ်းနဲလာခြင်းသည် ခွင့်လွတ်ခြင်း ပေးနေသော ဘုရားသခင့် ထံတော်ပါးသို့ ပို့ဆောင်ပေးမည့် သန့်ရှင်းသော ၀ိညာဉ်တော်၏ နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။
နောင်တရခြင်းသည် ကိုယ်ပိုင်ဆန္ဒ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် သက်ဆိုင်ခြင်း။ (Repentance is volitional)
နောင်တရခြင်းတွင် အလိုဆန္ဒ ပါဝင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နောင်တရခြင်း ဆိုသည်မှာ စိတ်ပြောင်းခြင်း ၊နှလုံးသားပြောင်းခြင်း၊ ဘ၀အသက်တာ တစ်ခုလုံး၏ ရည်ရွယ်ချက် ဦးတည်ချက် ပြောင်း သွားခြင်း ပင်ဖြစ်သည်။ ဘုရားသခင်၏ တန်ခိုးတော်အောက်၌ ဘ၀သစ်အသက်တာ အသစ်ကို အစပြုအသက်ရှင်ခြင်းလည်း ဖြစ်သည် (conversion)။
ဘုရားသခင်နှင့် အတူ နောင်တရသော အပြုအမူ၊ တွေးခေါ် စဉ်းစား ဆင်ခြင်မှုများဖြင့် ဦးတည် တက်လှမ်းခြင်း လည်းဖြစ်သည်။ ဘုရားသခင်သည် သူ၏မျက်မှောက် တော်အောက်တွင် ကျွန်ုပ်တို့၏ လိုအပ်ချက်များ၊ အခြေအနေများကို ဖေါ်ပြသောအခါ ကျွန်ုပ်တို့ ဖက်မှလည်း ဘုရားသခင်၏ ဖွင့်ပြတော် မူချက်အတိုင်း လိုက်လျှောက် အသက်ရှင်ရပါမည် (ရောမ၊ ၂း၎)။ ရွေးချယ်မှု အပိုင်းသည် ကျွန်ုပ် တို့၏ တာဝန်သာ ဖြစ်သည်။
ခွင့်လွတ်ခြင်းတန်ခိုးတော်။
နောင်တရခြင်း တစ်ခုတည်းဖြင့် အထ မမြောက်ပါ။ ခွင့်လွတ် ခြင်းနှင့် ဒွန်တွဲလျှက် ရှိပါသည်။ သန့်ရှင်းဖြောင့် မတ်သော ဘုရားသခင်၏ ရှေ့တော်မှောက်၌ ကျွန်ုပ်တို့၏ အားနဲသော အခြေအနေမှန်ကို သိရှိနားလည် သဘောပေါက်ဖို့ရန် အရေးကြီးသကဲ့သို့ တန်ဖိုး မဖြတ်နိုင်သည့် နွေးထွးသော ဘုရားသခင်၏ မေတ္တာတော်နှင့် ကျေးဇူးတော်ကို လည်းနားလည်း ထိတွေ့ခံစားတတ်ဖို့ရန် လိုအပ်ပါသည်။
တစ်ပါးတည်းသော၏ သားတော်ကို ကျွန်ုပ်တို့၏ အပြစ်ဖြေစရာ အဖြစ်ပေးတော်မူ သောကြောင့် ကျွန်ုပ်တို့အပြစ် လွတ်ခြင်းကို ခံစားရခြင်း ဖြစ်ပါသည်။ ပေးသော အဖိုးအခမှာ အလွန်များ လှပါသည်။ ဤအချက်ကို ကြည့်ခြင်း အားဖြင့် ကျွန်ုပ်တို့အား မည်မျှ ချစ်တော်မူကြောင်း ခံစားတွေ့ရှိ နိုင်ပါသည် (၁ယော၊၁း၇၉)။ ဤနည်းလမ်းသည် ကျွန်ုပ်တို့၏ အပြစ်ကိုဖယ်ရှား ရှင်းလင်းနိုင်သော တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်ပါသည် (ဘုရားသခင် ထံတော်ပါး၌ အဖြစ်ဝန်ချ တောင်းပန်ခြင်း)။
ကျွန်ုပ်ဖက် ကသာ အပြစ်ဝန်ခံပြီး ၀န်ချပါက ဘုရားသခင်က ခွင့်လွှတ်မည် အမှန်ပင်။ ထိုသို့အပြစ်ဝန် ချခြင်း ပြုလုပ်သည်နှင့် တစ်ပြိုင်နက် ယေရှုအား ကျွန်ုပ်တို့ဘ၀ တစ်ခုလုံး၏ “သခင်” အဖြစ် လည်းကောင်း “ကယ် တင် ရှင်” အဖြစ် လည်းကောင်း ထားရပါမည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အမြဲတမ်း အပြစ်ပြုလုပ် ခဲ့သော ကျွန်ုပ်တို့ကို ဘုရားသခင်က ခွင့်လွတ်ပါသည်။ အပြစ်သား စာရင်းမှ ပယ်ဖျက်ခြင်း ခံရခြင်းကို ဆိုလိုပါသည်။ ကျွန်ုပ်တို့ အနေဖြင့် အပြစ်ဒဏ် ခံရမည်၊ အပြစ်ရှိနေသည်ဟု ခံစားချက် မလိုအပ်တော့ပါ။ ဘုရားသခင် ကျွန်ုပ်တို့ အားလုံးလုံး လျားလျား လက်ခံ လိုက်ခြင်းကြောင့် ဖြစ်ပါသည်။ (ရောမ၊ ၂း၎)။
ဆွေးနွေးရန်မေးခွန်းများ။
*ဘုရားသခင် ကျွန်ုပ်တို့အား မည်သို့ မြင်တွေ့ကြောင်း၊ ကျွန်ုပ်တို့ အနေဖြင့်လည်း မိမိအသက်တာ၊ မိမိ၏ ပြုမူလုပ် ဆောင်ချက်တို့ကို အမှန်မသိ သေးသရွေ့ ကာလပတ်လုံး နောင်တရခြင်း ရှိနိုင်ပါသလား။
*မိမိအပြစ်အတွက် ယူကျုံးမရ ၀မ်းနဲရုံဖြင့် မပြီးသေးပါ၊ အဘယ်ကြောင့်နည်း။
*ကျွန်ုပ်တို့ နောင်တရသော အခါများစွာသော အရာများကို စွန့်လွတ် ရပါလိမ့်မည်။ ထို့အခါ ကျွန်ုပ်တို့ ဘ၀သည် စိတ်ဝင်စားစရာ မကောင်းတော့သည့် ဘ၀၊ ငြီးငွေ့ဖွယ်ရာ ကောင်းသော ဘ၀ ဖြစ်သွားရန် ရှိပါ သလား။
*စစ်မှန်သော နောင်တရလျှင် ကျွန်ုပ်တို့၏ နေ့စဉ်အသက်ရှင်ခြင်း၌ မည်သည့် အချက်များအားဖြင့် သက်ဝင်လှုပ်ရှား ပါမည်နည်း။ (လက်တွေ့လုပ်ဆောင်ရန် နည်းလမ်း များကိုဖေါ်ပြပါ)။
*မိမိဆန္ဒအားဖြင့် မသွားမလာ ဘုရားသခင် အလိုတော်အတိုင်း သွားလာသည့်အခါ မည်သည့် အရာက ကျွန်ုပ်တို့ နှလုံးသားအား လွမ်းမိုး အုပ်စိုးမည်နည်း။ (ကောလော၊ ၃း ၁၅- ၁၇)။
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)
0 Comments
Post a Comment