ခရစ်ယာန် ဘယ်လို ဖြစ်လာ တာလဲ၊ အချို့က ဘိုးဘွား ဘီဘင် ကတည်းက ခရစ်ယာန်တွေ ဖြစ်လို့ ခရစ်ယာန် ဖြစ်လာတာ၊ တချို့ ကြတော့ အိမ်ထောင် ပြုလို့ ခရစ်ယာန် ဖြစ်လာတာ၊ အချို့ကြတော့ ဧ၀ံဂေလိ တရားကြောင့် ခရစ်ယာန် ဖြစ်လာ တာ ဆိုပြီး မတူ ကွဲပြားတဲ့ ပုံစံတွေ  အများကြီး တွေ့ရပါ လိမ့်မယ်။ အရေးကြီး တာက သင် ဘယ်ပုံ ဘယ်နည်းနဲ့ ခရစ်ယာန် ဖြစ်လာတာလဲ (ခရစ်ယာန် အသက်တာကို ရရှိခဲ့ တာလဲ)။ သမ္မာကျမ်းစာထဲမှာ (တမန် ၁၁း၂၆)| “ခရစ်ယာန်” ဆိုတဲ့ ဝေါဟာရဟာ ခရစ်တော်ရဲ့ သွန်သင်ချက် အတိုင်း လိုက်လျှောက် အသက်ရှင် သူတွေကို တပါးသူတွေက မှဲ့တွင် ခေါ်ဆိုတဲ့ နာမ်မည် ဖြစ်ပါတယ်။ အဓိပ္ပါယ်က “ခရစ်တော်ရဲ့ နောက်လိုက်” (Follower of Christ) လို့ အဓိပ္ပါယ် ရပါတယ်။

ဘွဲ့နဲ့ ရာထူး ဆိုတာ ဂုဏ်အရှိန် အ၀ါကို ထုတ်ဖေါ် ပြသတာထက် အရည်အချင်းကို ရည်ညွှန်း တာဖြစ် သလို၊ ခရစ်ယာန် ဆိုတဲ့ နာမ်မည်ထက် ခရစ်ယာန် ဆိုတဲ့ နာမ်မည်နဲ့ ထိုက်တန်တဲ့ အသက်ရှင်မှု စံနှုန်းတွေနဲ့ ပြည့်မီ နေဖို့က ပိုပြီး အရေးကြီးလှ ပါတယ်။ ကနဦး အသင်းတော် ခေတ်ကာလ တုန်းက ဘိုးဘေးတွေ ဘယ်လိုပုံစံနဲ့ ခရစ်ယာန် ဖြစ်လာ ကြသလဲ၊ ဓမ္မသစ်ကျမ်း ထဲမှာ တွေ့နိုင် ပါတယ်။ ခရစ်ယာန်လို့ အခေါ်ခံရယင် (သို့) အခေါ်ခံချင်ယင် ကိုယ့်မှာ ဒီနာမ်မည်နဲ့ ထိုက်တန်တဲ့ အသက်တာမျိုး ရှိနေဖို့ လိုပါတယ်။

သင် ဘယ်လို နည်းနဲ့ဘဲ ဖြစ်လာဖြစ်လာ သင့်အသက် တာမှာ အောက်ပါ အချက်တွေနဲ့ ပြည့်စုံ ခဲ့ရဲ့လားလို့ ကိုယ့်ကိုယ်ကို မေးသင့် ပါတယ်|-
(၁) ကိုယ့်ကိုယ်ကို အပြစ်သား ဖြစ်ကြောင်း အမှန်တကယ် သိပြီး ၀န်ခံခဲ့ရဲ့လား၊-
(၂) ကိုယ့်လုပ်ခဲ့တဲ့ အပြစ်တွေ အတွက် အမှန်တကယ် နောင်တရ ခဲ့ရဲ့လား၊-
(၃) အဲဒီအပြစ် တွေကို တကယ်ဘဲ ရွံရှာ ခဲ့ရဲ့လား၊-
(၄) သေခြင်း တရားကြောင့် မိမိဟာ အပြစ်တရားရဲ့ ကျေးကျွန်ဖြစ်ကြောင်း လုံးဝ သဘောပေါက် ခဲ့ရဲ့လား၊-
(၅) အပြစ်ကျေးကျွန် ဘ၀ကနေ လုံးဝ လွှတ်မြောက်လိုစိတ် ပြင်းပြ ခဲ့ပါရဲ့လား၊-
(၆) ကိုယ့်အပြစ်တွေကို ခရစ်တော် ယေရှုထံ နောင်တစိတ်နဲ့ တိုးဝင်ချဉ်းကပ် ၀န်ချတောင်းပန် ပြီးပြီလား၊-
(၇) ခရစ်တော်ယေရှုဟာ ကိုယ့်ဘ၀ကို အပြစ်ထဲက ကယ်တင်ပေးတဲ့ ကယ်တင်ရှင် အဖြစ် လက်ခံပြီးပြီလား၊-
(၈) ခရစ်တော်ရဲ့ စကားတော်ကို နာခံလိုက်လျှောက်တဲ့ အသက်တာသစ်နဲ့ အစပြု အသက်ရှင် ခဲ့ပါသလား၊-

(မှတ်ချက်|- ဒီအချက် တွေဟာ ဒုတိယမွေးခြင်း ခံယူမယ့်သူရဲ့ ရှေ့ပြေး ဆောင်ရွက် ရမယ့် အချက်တွေ ဖြစ် သလို၊ နှစ်ခြင်းဆရာ ယောဟန် အနေနဲ့ စိတ်ပြောင်း လဲပြီးတဲ့၊ နောင်တရ ၀န်ခံပြီးတဲ့ သူတွေကိုပဲ နှစ်ခြင်း မင်္ဂလာ ပေးခဲ့သလို၊ နှစ်ခြင်း အသင်းတော်တွေ အနေနဲ့လည်း ဒီအတိုင်းပဲ ကျင့်သုံးနေတာ ဖြစ်ပါတယ် (မသဲ ၃း၅-၈)။ (တနည်း ပြောရယင် နှစ်ခြင်းမင်္ဂလာ ခံယူလို့ ခရစ်ယာန် ဖြစ်လာတာ မဟုတ်ပါဘူး၊ ခရစ်ယာန် ဖြစ်လို့၊ ပြောင်းလဲ ပြီးလို့၊ နောင်တရ ပြီးလို့သာ နှစ်ခြင်းမင်္ဂလာ ခံယူတာ ဖြစ်ပါတယ်)။ (မသဲ ၃း၁-၁၁)| “ငါသည် နောင်တ အဘို့ အလိုငှါ သင်တို့ကို ရေနှင့် ဗတ္တိဇံ ပေး၏။” နှစ်ခြင်း ဆရာယောဟန် ပြောတဲ့၊ နောင်တနဲ့ ဆိုင်တဲ့ ဗတ္တိဇံ တရားဖြစ် ပါတယ်။ ဒီလို ဖြစ်လာဖို့- မိတ်ဆွေနဲ့ ခရစ်တော်ယေရှု နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ဖို့ လိုပါတယ်။

ဒုတိယမွေးခြင်းကိုခံသော ခရစ်ယာန်ဟူသည်
ဒုတိယ မွေးခြင်းကို ခံသော ခရစ်ယာန်ဟူသည် အဘယ်နည်း။ ဤမေးခွန်းကို ယောဟန် ၃း၁-၂၁ မှာ ဖော်ပြ ထားတဲ့ အရေးကြီးတဲ့ အကြောင်းအရာနဲ့ ဖြေဆိုနိုင်ပါသည်။ ထင်ပေါ် ကျော်ကြားတဲ့ ဖာရိရှဲ၊ စိန်ဟဲဒရင် အဖွဲ့ဝင် ဖြစ်တဲ့ (ယုဒလူတို့တွင်အရာရှိ) နိကောဒင်နဲ့ သခင်ယေရှု ခရစ်တော် မျက်နှာချင်းဆိုင် စကားပြောခဲ့ ပါတယ်။ နိုကောဒင်က ညဥ့်အချိန်မှာ သခင်ယေရှုဆီ လာခဲ့ပါတယ်၊ မေးခွန်း မေးမြန်းဖို့ လာခဲ့တာ ဖြစ်ပါတယ်။ သခင်ယေရှုက နိကောဒင်အား ဤသို့ပြောခဲ့သည်။

ဒုတိယ မွေးခြင်းကို မခံသော သူမည်သည်ကား ဘုရား သခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်။ နိကောဒင်ကလည်း အသက်ကြီးသော သူသည် မွေးခြင်းကို အဘယ်သို့ ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။ ယေရှုကလည်း ရေနှင့် ၀ိညာဉ်တော် မမွေးသောသူ မည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်သို့မ၀င်ရဟု ငါအမှန်အကန်ဆို၏။ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ၀ိညာဉ်တော် မွေးသော အရာသည် ၀ိညာဉ်ဖြစ်၏။ ဒုတိယမွေးခြင်း ကိုခံရမည်ဟု ငါပြောသည်ကို အံ့သြခြင်းမရှိနှင့် ……….“ (ယောဟန်၃း၃-၇)

ဒုတိယ မွေးဖွားခြင်း ဆိုတဲ့ စကားစုဟာ ၀ိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကို ဆိုလိုပါတယ်။ နိကောဒင်ဟာ ဒုတိယ မွေးဖွားခြင်းခံဖို့ တောင့်တခဲ့သူ ဖြစ်ပါတယ်။ နိကောဒင် အနေနဲ့ သူ့ရဲ့နှလုံးသား ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အသစ်သော မွေးဖွားခြင်း၊ ဒုတိယအကြိမ် မွေးဖွားခြင်းဆိုတာ ယုံကြည်တဲ့ သူတွေကို ထာဝရအသက် ပေးအပ်တဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ တနည်းအားဖြင့် ယုံကြည်တဲ့ သူတွေကို ထာဝရအသက် ပေးတာ ဖြစ်ပါတယ်။ (၂ကော ၅း၁၇၊ တိတု ၃း၅၊ ၁ပေ၊ ၁း၃၊ ၁ယော၊ ၂း၂၉၊ ၃း၉၊ ၄း၇၊ ၅း၁-၄၊ ၁၈)။ ဒုတိယ မွေးခြင်းဟာ ယေရှုခရစ်တော်၏  နာမတော်ကို ယုံကြည်လို့ ဘုရားသခင်ရဲ့ သားဖြစ်ရတဲ့ အခွင့်ထူးကို ရရှိတာ ဖြစ်တယ်လို့ (ယောဟန် ၁း၁၂၊၁၃) ထဲမှာ ဖေါ်ပြ ထား ပါတယ်။
လူတစ်ယောက်ဟာ ဘာကြောင့် ဒုတိယမွေးခြင်းခံဖို့ လိုအပ် ရတာလဲ။ ဆိုတဲ့ အတွေးအခေါ် တစ်ရပ် ပေါ် ထွက်လာ ပါတယ်။ တမန်တော်ပေါလုက (ဧဖက်၂း၁) ထဲမှာ “ထိုဒုစရိုက် အပြစ်၌ သေလျက်ရှိ သော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင် စေတော်မူပြီ” လို့ ဖော်ပြထားပါတယ်။ ရောမမြို့မှာ ရှိတဲ့ ယုံကြည် သူတွေဆီအဘယ့် ကြောင့်နည်း ဟူမူကား လူအပေါင်း တို့သည် ဒုစရိုက်ကိုပြု၍ ဘုရား သခင်ရှေ့ တော်၌ အသားရေပျက်ကြပြီ(ရောမ၊၃း၂၃)လို့ တမန်တော်က ဆိုထားပါတယ်။ ဒါကြောင့် လူတစ်ယောက် အပြစ် လွှတ်ခြင်း အခွင့် ရရှိဖို့နဲ့ ဘုရားသခင်နဲ့ မိတ်သ ဟာရဖွဲ့ဖို့ အခွင့် အရေး ရရှိဖို့အတွက် ဒုတိယ မွေးခြင်းခံဖို့ လိုအပ်ပါတယ်။

ဒုတိယ မွေးခြင်း ဘယ်လို ခံရမှာလဲ။ ဧဖက် ၂း၈-၉ မှာ ”ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်၊ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းကို ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ၀ါကြွား စရာအခွင့်မရှိ။ လို့ ဖေါ်ပြ ထားပါတယ်။ လူတစ်ယောက် ကယ်တင်ခြင်း ခံရပြီးဆိုတာနဲ့ ဒုတိယ မွေးခြင်း ကိုရရှိပြီး၊ သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ အသစ် ပြုပြင်ခြင်းကို ခံရခြင်း၊ အသစ် မွေးဖွားခြင်း ခံရခြင်းကြောင့် ဘုရားသခင်၏ သားသမီး ဖြစ်ခွင့်ကို ရရှိစေပါတယ်။ အဲဒီကနေ တဆင့် ကြီးထွား ရှင်သန်ဖို့ လိုလာပြန်တယ်။

ဥပမာ|- တမန် တော်ကြီး ရှင်ပေါလုရဲ့ ဘုရားသခင်နဲ့ နဖူးတွေ့ ဒူးတွေ့ သိကျွမ်းခဲ့သော အသက်တာ
(၁)ဘုရားသခင်ရဲ့ ဆုံးမခြင်း ခံရ၊-
(၂)နောင်တရခြင်း၊ ၀န်ခံခြင်း၊ ယုံကြည်ခြင်း၊အသက်တာပြောင်းလဲခြင်း၊-
(၃)ဗတ္တိဇံခံယူခြင်း၊-
(၄)သန့်ရှင်းသောဝိညာဉ်တော်ခံရခြင်း၊-

ဒီအချက်တွေ ကိုယ့်အသက် တာမှာ ပြည့်စုံပြီ ဆိုယင်တော့ ၊ ခရစ်ယာန်ဘ၀ အစကို ရရှိပြီလို့ သတ်မှတ် နိုင်ပါ တယ်။ ဒီအချက်တွေ ပြည့်စုံလာတဲ့ ပုံစံချင်း၊ အချိန်၊ အကြောင်းတရားတွေချင်း တစ်ယောက်နဲ့ တစ်ယောက် တူကြမှာတော့ မဟုတ်ဘူး။ အချို့က ခရစ်တော်ကို ရှာရင်း တွေ့တယ်၊ အချို့ကြတော့ ခရစ်တော် ကိုယ်တိုင်က ရွေးကောက် တာလည်း ရှိတယ်။ အချို့ကြတော့ တမဟုတ်ချင်း ပြောင်းလဲ သွားတာမျိုး ရှိသလို၊ အချို့တွေ ကြတော့လည်း ဖြေးဖြေးချင်း ပြောင်းလဲတယ်။ အခြား ပြောင်းလဲတဲ့ ပုံစံတွေ အများကြီး ရှိပါတယ်။ ဘယ်ပုံစံနဲ့ ဘဲပြောင်းလဲ ပြောင်းလဲ၊ အထက်က (၈)ချက်နဲ့ ပြည့်စုံ တဲ့သူ ဖြစ်ဖို့ အရေးကြီး ပါတယ်။ 

ဒါကို ဒုတိယ မွေးခြင်း လို့ဆိုပြီး၊ အဲဒီ အချက်တွေနဲ့ ပြည့်စုံတဲ့ သူတွေကိုမှ “ရေနှစ်ခြင်းမင်္ဂလာ” ပေးကြပါတယ်။ အဓိပ္ပါယ်က ရေနှစ် ခြင်း မင်္ဂလာ ခံယူလို့ ပြောင်းလဲ တာမဟုတ်ဘဲ၊ ပြောင်းလဲပြီးတဲ့သူ၊ ယုံကြည်ပြီးတဲ့ သူကိုသာ ရေနှစ်ခြင်း မင်္ဂလာပေး တာဖြစ်ပါတယ်။ 

ကျွန်ုပ်တို့ ဘယ်ပုံ ဘယ်နည်းနဲ့ ခရစ်ယာန် ဖြစ်လာ ကြတာလဲ? ကိုယ့်ကိုယ်ကို ပြန်မေးကြည့် ကြရအောင်။ အဆင့်နဲ့ ပြောရယင် ဒီအဆင့်ဟာ ခရစ်ယာန် အသက်တာရဲ့ အစလို့ ဆိုနိုင်သလို၊ ဒုတိယ မွေးခြင်း (Born again) အသက်တာ လို့လည်း ပြောလို့ရပါတယ်။

လောကမှာ သက်ရှိ မှန်ယင် ရှင်သန်ခြင်း ရှိသလို၊ ကြီးထွားခြင်း လည်းရှိပါတယ်။ ရှင်သန် နေကြောင်းကို ကြီးထွားခြင်းနဲ့ သက်သေ ပြနိုင်သလို၊ ကြီးထွား နေပါတယ် ဆိုတာကလည်း သူရှင်သန် နေကြောင်းကို ထေက်ပြ နေတာ ဖြစ်ပါတယ်။ ဒီလိုဘဲ ခရစ်ယာန် အသက်တာဟာ ဒုတိယမွေးခြင်း ဆိုတဲ့ အရွယ်မှာဘဲ ရပ်တန့် နေတဲ့ အသက်တာ မဟုတ်ပါဘူး။ ကလေး တစ်ယောက် မွေးကင်းစအရွယ် ကနေ ကြီးထွား မလာဘဲ ဒီအတိုင်း ဒီအတိုင်းပဲ ရှိနေ ပါ့မလား၊၊ အသက်တာ ဆိုတာ တစ်နေ့ထက် တစ်နေ့ ကြီးထွား နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန် ဖြစ်လာယင် ကိုယ့်ရဲ့ ခရစ်ယာန် အသက်တာ အစဉ် ကြီးထွား ရှင်သန်နေဖို့ သိပ်ကို အရေးကြီးပါတယ်။

(ဧဖက် ၄း၁၃-၁၅)မှာ|-
ငါတို့ရှိသမျှသည် ယုံကြည်ခြင်း သို့၎င်း၊ ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်း သို့၎င်း၊ တညီတ ညွတ် တည်း ရောက်၍၊ ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏအရပတည်းဟူသော ကြီးရင့်သော လူ၏အဖြစ် သို့ ရောက်ကြ သည်တိုင်အောင် ဖြစ်သတည်း။ အကြောင်းမူကား သူတပါးတို့သည် လူပရိယာယ်နှင့် အပြစ် သို့ သွေးဆောင် ခြင်းငှါ လှည့်ဖြား ပြောဆို သဖြင့်၊ ငါတို့သည် နောက်တဖန် ခပ်သိမ်းသော သြ၀ါဒလေ တိုက်၍ ဖရိုဖရဲ့ လွင့်သွား သောသူငယ် မဖြစ်ဘဲလျက်၊ မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်း တည်း ဟူသော ခရစ်တော်မှာ အရာ အရာ တို့၌ ကြီးပွါးကြမည် အကြောင်း တည်း။

ခရစ်ယာန်အသက်တာ ရှင်သန်ကြီးထွားဖို့|-
(၁)    ယုံကြည်ခြင်း
(၂) ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်း
နှစ်ရပ်ဟာ အရေးကြီးတဲ့ အုပ်မြစ်တွေဘဲ ဖြစ်သလို၊ “တညီတညွတ်တည်းရောက်၍” လို့ဖေါ်ပြ ထားတဲ့ အတွက်၊တစ်ခုနဲ့ တစ်ခု အပြန် အလှန် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေသလို၊ မျှတမ ရှိနေဖို့လည်း လိုပါတယ်။ ခရစ်ယာန် ဆိုတဲ့ ခရစ်တော်ရဲ့ တပည့်တော် ဖြစ်ခြင်းဟာ၊ Faith ဆိုတဲ့ ယုံကြည်မှုနဲ့ အခြေခံ တည်ဆောက် ထားတဲ့၊ အဆောက်အဦ ဖြစ်ပါတယ်။ တနည်းပြောရယင် Faith ယုံကြည်ခြင်း မရှိဘဲ ခရစ် ယာန် (ခရစ်တော်ရဲ့ တပည့်) မဖြစ်ပါဘူး၊ ဖြစ်လို့ မရပါဘူး။ ယုံကြည်ခြင်းလို့ ပြောယင်၊ ဘာကိုယုံ တာလဲ၊ ဘယ်လို ယုံတာလဲ ဆိုတာ ကလည်း အရေးကြီးသလို၊ ခိုင်မြဲသထက် ခိုင်မြဲတဲ့ ယုံကြည်ခြင်း ဖြစ်ဖို့ ရှင်သန် ကြီးထွားနေတဲ့ ယုံကြည်ခြင်း ဖြစ်အောင် ပျိုးထောင် ပြုစုတာတွေ အဆက် မပြတ် လုပ်ဆောင် ရမှာဖြစ် ပါတယ်။ ရှင်သန်ကြီး ထွားတဲ့ ယုံကြည် ခြင်းဖြစ်ဖို့၊ ကိုယ့်ဘ၀ ကိုယ့်အသက် တာကို ခရစ်တော်နဲ့ နဖူးတွေ့ ဒူးတွေ့ လက်တွေ့ ကျကျ အသက်ရှင် ရမှာ ဖြစ်ပါတယ်။ နှုတ်ကပတ်တော်မှာ ယုံကြည်ခြင်းနဲ့ ပတ်သက်ပြီး ကနဦး ခရစ်ယာန်တွေ အကြောင်းကို ဖေါ်ပြ ထားပါတယ် (ဟေဗြဲ ၁၁း)။ အဲဒီအထဲက ဂိဒေါင်ရဲ့ ယုံကြည် ခြင်း အကြောင်းကို လေ့လာကြည့် ကြပါစို့|-
ဖတ်ရန် (တရားသူကြီး ၇း၁-၂၅)|- …
ရန်သူတွေကို တိုက်ဖို့ ဂိဒေါင်ကို ဘုရားလုပ်ခိုင်းတဲ့ နည်းက ကိုယ့်သေ တွင်း ကိုယ်တူး တဲ့နည်း ဖြစ်နေ ပေမယ့်၊ ဂိဒေါင်က ဘုရားခိုင်းတဲ့ အတိုင်း ယုံကြည် ခြင်းနဲ့ လုပ်ဆောင် ခဲ့တာ တွေ့ရပါလိမ့်မယ်။ ဘုရား ခိုင်းတဲ့ နည်းက လူ့အနေနဲ့ ကြည့်ယင် ဘယ်လိုမှ မလုပ်သင့် တဲ့နည်း ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ရှင်သန် ကြီး ထွားတဲ့ ခရစ်ယာန် အသက်တာ ဆိုတာ..
(၁) ကိုယ့်ဆန္ဒ ကိုယ့်အလို ပြည့်ဝဖို့ ဘုရားက လုပ်ပေးမယ်လို့ ယုံကြည်ခြင်း ကို ဆိုလိုတာလား
(၂) ဘုရားရဲ့ အလိုတော် ပြည့်စုံဖို့၊ ဘုရားခိုင်းစေတဲ့ အရာကို ယုံကြည် စိတ်ချစွာနဲ့ လုပ်တာလား 
ဒီနှစ်ခု ကွဲကွဲပြားပြား နားလည် သဘောပေါက်ပြီး လုပ်ဆောင် တတ်ဖို့တော့ လိုပါတယ်။

တမန်တော်ကြီးရှင်ပေါလုရဲ့အသက်တာပုံရိပ်|-
(တမန်တော် ၉း၂၀-၃၁)
ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းကို တရားစရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။ ကြားသော သူအပေါင်း တို့သည် အံ့သြ၍၊ ဤသူကား၊ ထိုသခင်ကို ပဌနာပြုသော သူတို့ကို ယေရုရှ လင်မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကို ချည်နှောင်၍ ယဇ်ပုရော ဟိတ်အကြီး တို့ထံသို့ ပို့ဆောင်ခြင်းငှါ ဤအရပ်သို့ လာသော သူဖြစ်သည် မဟုတ်လော ဟု ဆိုကြ၏။ ရှောလုသည် လည်း အားတိုး ပွားသဖြင့် ဒမာသက်မြို့၌ နေသော ယုဒ လူတို့သည် ပြောသမျှသော စကားကို ချေ၍၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှား စွာပြ၏။ ကာလကြာ မြင့်ပြီးမှ ရှောလုကို သတ်အံ့သောငှါ၊ ယုဒလူ တို့သည် အချင်းချင်း တိုင်ပင်ကြ၏။ ထိုအကြံ အစည်ကို ရှောလု သည်သိ၏။ သူ့ကိုသတ် အံ့သောငှါ မြို့တံခါး တို့ကို နေ့ညဥ့်မပြတ် စောင့်ကြသော ကြောင့်၊ တပည့်တော် တို့သည် ညဥ့်အခါ သူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျော့ချကြ၏။ ယေရုရှ လင်မြို့ သို့ရောက်သော အခါ၊ တပည့်တော် တို့နှင့် ပေါင်းဘော် မည်ပြုသော်၊ သူသည် တပည့်တော် ဖြစ်ကြောင်းကို တပည့်တော် အပေါင်း တို့သည် မယုံသဖြင့် သူ့ကိုကြောက် ရွံ့ကြ၏။ ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော် များထံသို့ ပို့ဆောင်ပြီး လျှင်၊ အထက် ကရှောလုသည် လမ်းခရီး၌ ဘုရားသခင် ကို မြင်သည် ဟူ၍၎င်း၊ သူ့အား မိန့်တော် မူသည် ဟူ၍၎င်း၊ ဒမာသက်မြို့၌ ယေရှု၏ နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာ ဟောသည် ဟူ၍၎င်း ပြောလေ၏။ ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော် တို့နှင့် ပေါင်းဘော်၍၊ သခင်ယေရှု၏ နာမတော်ကို အမှီပြု၍ ရဲရင့်စွာဟော လျက်နေ၏။ ဟေလေနစ် လူတို့နှင့် နှီးနှော ပြောဆိုသဖြင့်၊ ထိုသူ တို့သည် ရှောလု ကို သတ်မည်ဟု အား ထုတ်ကြ၏။ ထိုအကြောင်းကို ညီအစ်ကို တို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့ သို့ပို့၍ တာရှုမြို့ တိုင်အောင် စေလွှတ် ကြ၏။ ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ် တို့တွင် အသင်း တော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်း ရှိကြ၏။ သခင် ဘုရားကို ကြောက်ရွံ့ခြင်း ၌င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အဆုံးအမ၌၎င်း၊ မွေ့လျော်သော အားဖြင့် ပွားများကြ၏။
ရှောလုလို့ အမည်နဲ့ နေထိုင် အသက်ရှင် ခဲ့သမျှကို နောင်တရပြီး အသက်တာကို ပုံအောကာ ခရစ်တော်၌ အကြွင်းမဲ့ ယုံကြည် ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အပြစ်ရှိသမျှလည်း ခွင့်လွှတ်ခြင်း ခံရပြီး၊ ခရစ်တော်ကို သူ့ဘ၀ရဲ့ ဦးဆောင်သူ အဖြစ် ဖိတ်ခေါ် အပ်နှံခဲ့ပါတယ်။ အယင် လားရာနဲ့ ၁၈၀ ဒီဂရီ ဦးတည်ချက် လားရာ ပြောင်းပြီး အသက်ရှင်ခဲ့သူ ဖြစ်ပါတယ်။
တမန်တော်ကြီး ရှင်ပေါလု ထံကနေ သင်ခန်းစာ များစွာ သင်ယူရန်ရှိပါတယ်။ ပြောင်းလဲပြီးတဲ့ နောက်ပိုင်း လူကတော့ လူပါဘဲ။ ဒါပေမဲ့ ရှင်ပေါလု အသက်တာကို ဘုရားသခင် ပြုပြင်ပေး တာတွေကို ကြည့်ယင် တကယ့် သူရဲကောင်း ကြီးတစ်ယောက် လိုပါဘဲ၊ တမန်တော်ကြီး ရှင်ပေါလု ပြောတဲ့ စကားတစ်ခွန်း မှာက ဒါတွေ အားလုံးဟာ ဘုရားသခင် လုပ်ပေးတာ သက်သက် ဖြစ်ပြီး၊ သူ့အနေနဲ့ ဘာကိုမှ ပြီးမြောက်အောင် မလုပ် ဆောင်နိုင်ပါဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ အသက်တာကို ကြည့်ယင်၊ သူ့ရဲ့ ကနဦး ခရစ်ယာန် အသက်တာမှာ တွေ့ရတာက သူ့ရဲ့ ခရစ်ယာန် အသက်တာဟာ ရပ်တန့်မနေဘဲ  ကြီးထွားမှု အမြဲ ဖြစ်ပေါ် နေတာဘဲ ဖြစ်ပါ တယ်။ (ခရစ်တော်ဟာ မိမိရဲ့ အပြစ်ကို ခွင့်လွှတ် ပေးတဲ့သူ၊ မိမိဘ၀ အသက်တာ သစ်ကို လမ်းပြပေး နေတဲ့သူလို့ လက်ခံတဲ့ သူတိုင်းရဲ့ အသက်တာမှာ၊ မဖြစ်မနေ ဆက်လက်ထိန်းသိန်း လုပ်ဆောင်နေရမယ့် အရာကတော့ မိမိရဲ့ခရစ်တော် အပေါ် ယုံကြည်တဲ့ ယုံကြည်ခြင်း ဆက်လက် ကြီးထွား နေစေ ဖို့ဘဲ ဖြစ်ပါတယ်)   
ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်သူများထံမှ တွေ့မြင်ရသော သွင်ပြင်လက္ခဏာ(၄)ရပ်
(FOUR characteristics of someone who is growing spiritually)
၁။ခရစ်ယာန် အသက်တာ ကြီးထွား နေသူဟာ ခရစ်တော် ဘယ်သူလဲ ဆိုတာ အမြဲရှာဖွေ နေသူ ဖြစ်ပါတယ်|       (A Growing Christian Always Seeks to Know Who Jesus Is) (အခန်းငယ်-၂၀)
ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို တရားစရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။
တမန်တော် ရှင်ပေါလု အနေနဲ့ ယေရှုဟာ ဘုရားရဲ့ သားဖြစ်ကြောင်း ချက်ချင်း စတင်ကြွေးကြော် ပါတယ်။ ဆိုလိုတာက သူ့အနေနဲ့ ခရစ်တော်နဲ့ ပုဂ္ဂိုလ်ချင်း တွေ့ဆုံ ပြီးတဲ့နောက် သူတတ်နိုင်တဲ့ အရာတွေ လုပ်တယ်၊ ဘုရားရဲ့ မျက်မှောက်တော် အောက်မှာ အချိန်ရှိသ၍ နောက်လိုက် တစ်ယောက် အနေနဲ့ အသက်ရှင် ခဲ့ပါတယ်။ (ဘာကြီး ဖြစ်လာမှ/ ဘာကြီးရမှ ဆိုတာ မရှိပါဘူး)။ သူ့အနေနဲ့ ခရစ်တော်ကို ပိုပြီးသိခွင့် ရခဲ့တယ်။ ဒါကြောင့် သူ့အနေနဲ့ ခရစ်တော်ကို ဘာကြောင့် ယုံကြည်ကိုးစား ရသလဲဆိုတာ အခြားသူတွေကို နက်နက်နဲနဲ ပြန်ပြောပြ နိုင်ခဲ့ပါတယ်။
တမန်တော် ရှင်ပေါလု အနေနဲ့ ခရစ်တော်ကို သိကျွမ်းတဲ့ ရင်းနှီးမှုဟာ ဒမသက်မြို့ သွားတဲ့ လမ်းပေါ်မှာ ခရစ်တော်နဲ့သူ ပက်ပင်းတိုးခဲ့တဲ့ ဖြစ်ရပ်ကြောင့် အကန့်အသတ် မရှိလောက် အောင်ပါဘဲ။ အဲဒီဖြစ်ပျက်မှု နောက်ပိုင်း ခရစ်တော်ရဲ့ အကြောင်းကို နေ့တိုင်းပြောတော့ တာပါဘဲ။ သူရေးသားခဲ့တဲ့ သူ့ရဲ့စာစောင် အချို့မှာ ဆုတောင်းတဲ့ အကြောင်းတွေကို ရေးထားပါတယ်။ သူ့အနေနဲ့ တစ်ဦးစီအတွက် ၊ အသင်းတော် တွေ အတွက်၊ ဆုတောင်း ပေးနေတဲ့ အကြောင်း၊ မခြားမလပ် ဆုတောင်းရမယ့် အကြောင်းတွေ ဖေါ်ပြ ထား ပါတယ်။ ဒါကြောင့် တမန်တော်ကြီး ရှင်ပေါလုရဲ့ ရည်ရွယ် ချက်ဟာ အခွင့်အခါ ရသမျှ ခရစ်တော်နဲ့ နီးသထက် နီးအောင် နေရဖို့ဘဲ ဖြစ်ပါတယ်။ ဒီလို ရည်ရွယ်ချက်နဲ့ အသက် ရှင်ခြင်းဟာ သူ့အနေနဲ့ ခရစ်တော် ကို ပိုပိုပြီး သိကျွမ်းခြင်း ကို ဖြစ်စေ ခဲ့ပါတယ်။ တမန်တော်ကြီး ရှင်ပေါလု အနေနဲ့ ခရစ်တော်ကို ပိုပို သိကျွမ်းဖို့ ရည်ရွယ်ချက် ရှိနေကြောင်းကို (ဖိလိပ္ပိ ၃း၁၀)|-မှာ တွေ့နိုင်ပါတယ်။
သို့သော်လည်း ငါ၏အကျိုးစီပွါးကို ပြုစုသောအရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့  ခရစ်တော်ကြောင့် ငါထင်မှတ်၏။  ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှထမြောက် သောအခွင့်ကို ငါရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူသည် နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင် ကို၎င်း၊ ထမြောက်တော်မူခြင်း၏ တန်ခိုးကို၎င်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ ခံခြင်းကို၎င်း၊ သိကျွမ်းခြင်းငှါ၊ ပညတ်တရားအားဖြင့် ရသောကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက် ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း၊  ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။ 
တမန်တော်ရှင်ပေါလု မျက်မှောက်ပြုသော (ပန်းတိုင်ထားသော) အရာများ|
“I want to know Christand the power of his resurrection and the fellowship of sharing in his sufferings, becoming like him in his death.”
ဒီစကားတွေကို အသက်ကြီး ရင့်တဲ့ လူသား တစ်ယောက် အနေနဲ့ဘဲ ဖြစ်ဖြစ်၊ ဘ၀ ဆုံးခန်းရောက် တော့မယ့် လူတစ် ယောက် အနေနဲ့ဘဲ ဖြစ်ဖြစ် ရေးသား ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ခရစ်တော်ရဲ့ အစေကို နှစ်ပေါင်း များစွာ ဆက်ကပ် အစေခံခဲ့တဲ့ အသက်တာ ကို ရေက်နေ ပေမယ့်လည်း ခရစ်တော်ကို ပိုပြီးပိုပြီး သိလိုတဲ့ သူ့ရဲ့ အန္တိမ ရည်ရွယ် ချက်ကတော့ အသက် သေဆုံးတဲ့ အထိ ဆက်ပြီး ရှိနေသေးတာ တွေ့နိုင်ပါတယ်။
ခရစ်တော် သင်သိသလား ဆိုတာထက်၊ ခရစ်တော်ကို သိလိုပါသလား ဆိုတဲ့ မေးခွန်းက ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ မေးသင့်ပါတယ်။ ကျွန်ုပ်တို့ ခရစ်တော်ကို သိပြီးပါပြီလို့ ဖြေခဲ့ယင်၊ ကျွန်ုပ်တို့အနေနဲ့ ခရစ်တော်ရဲ့ အကြောင်း အကုန်အစင် သိတဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ခရစ်တော် အကြောင်းကို အကုန် အစင် သိဖို့ နှစ်ပေါင်း(၁၀၀၀) ကျွန်ုပ်တို့ အသက်ရှင်ခွင့် ရယင်တောင် မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ခရစ်တော်ရဲ့ အကြောင်းဟာ စစ်၍မကုန်နိုင်တဲ့ ဘုရားရဲ့ သားတော် ဖြစ်လို့ပါဘဲ။ သမုဒ္ဒရာ ထဲကရေကို ကုန်အောင် ရေပုံး တစ်ပုံးနဲ့ ခပ်နေတာနဲ့ တူပါတယ်။ ဘုရားသခင်ရဲ့ အကြောင်း အပြည့်အစုံကို ဘုရားသခင်ထံ ကျွန်ုပ်တို့ရောက်မှဘဲ သိရပါလိမ့်မယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ဓါတ် ကျစရာမလိုပါဘူး၊ ဒီလို အသက်ရှင်ခြင်း အားဖြင့် ခရစ်တော် ကလည်း ကျွန်ုပ်တို့ကို ကျေးဇူးသိ တတ်တဲ့ သူဆိုပြီး သူ့အကြောင်းကို ပိုပြီး သိခွင့်ပေးမှာ ဖြစ်ပါတယ်။
ကြီးထွား ရှင်သန်တဲ့ ခရစ်ယာန် တစ်ယောက် ဆိုယင် ခရစ်တော်နဲ့ ပုဂ္ဂိုလ်ချင်း (တမန်တော်ရှင်ပေါလုကဲ့သို့) သိကျွမ်းဖို့ ရည်ရွယ်ချက် ထားရှိ အသက်ရှင် ရပါလိမ့်မယ်။ ကြီးထွား ရှင်သန်တဲ့ ခရစ်ယာန် တစ်ယောက်ရဲ့ ဒုတိယ သွင်ပြင်လက္ခဏာကတော့ မိမိအသက် တာကို ခရစ်တော်၌ ကြီးထွား ရှင်သန်လိုပြီး၊ ဘုရား သခင်မိမိကို ဖြစ်စေလိုတဲ့ ပုံစံအတိုင်း အသက်ရှင်ဖို့ ဆန္ဒရှိနေ တတ်ခြင်းဘဲ ဖြစ်ပါတယ်။
၂။ခရစ်ယာန် အသက်တာ ကြီးထွားနေသူဟာ ကြီးထွားမှုနှင့် ဆိုင်သမျှကို အမိအရ ဖမ်းဆုပ်သူ|     
(A Growing Christian Embraces the Growth Process) (အခန်းငယ်-၂၂-၂၃က)
(တမန်တော် ၉း၂၂)|ရှောလု သည်လည်း အားတိုးပွားသဖြင့် ဒမာသက် မြို့၌ နေသော ယုဒ လူတို့သည် ပြောသ မျှသော စကားကို ချေ၍၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။
တမန်တော် ရှင်ပေါလုဟာ နိသရည်း ဆရာလည်းဖြစ်၊ ဖာရိရှဲလည်းဖြစ်တဲ့ ဂါမလျေလ လက်အောက်မှာ နေပြီး သင်ကြားမှုတွေ ခံယူခဲ့ရရုံမက အခြားကနေလည်း သင်ကြားမှု တွေရခဲ့တဲ့သူ ဖြစ်ခဲ့ပေမဲ့လည်း၊ အဲဒါအရာ အားလုံးရဲ့ တစ်ဖက်မှာရှိတဲ့ ဘုရားသခင်ရဲ့ စီမံကိန်းအတွက် ပုံစံသွင်းခြင်း ခံလိုက်ရတဲ့ လူတစ်ဦး ဖြစ်လာခဲ့ ပါတယ်။ နောက်ပိုင်း တမန်တော် ရှင်ပေါလုဟာ ဘုရား သခင်ရဲ့ နှုတ်ကပတ်တော်ကို ထူးကဲစွာ နားလည် လာခဲ့ ပါတယ်။ သန့်ရှင်းသော ၀ိညာဉ်တော်က သူ့အသက်တာထဲ ဥာဏ်ပညာကို ယူဆောင်လာ ပေးပါတယ်၊ တမန်တော် ရှင်ပေါ လုဟာ မေရှိယ ယေရှု ခရစ်တော် အားဖြင့် လူသားတွေကို အပြစ်မှ လွှတ်ခြင်း၊ နဂိုမူရင်း လူသားဘ၀ကို ပြန်လည်ရရှိ စေဖို့အတွက် ဘုရားရဲ့ အစီအစဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သဲကြီးမဲကြီး ဝေမျှနိုင် တဲ့သူ ဖြစ်လာ ခဲ့ပါတယ်။
တမန်တော်ကြီး ရှင်ပေါလု အနေနဲ့ အဲဒီအချိန် အဲဒီအခါဟာ ဘုရားသခင် သူ့ရဲ့ အသက်တာကို ပြုပြင် နေတယ် ဆိုတာကို သိရုံမျှမက သူ့အားဖြင့် ဘုရားသခင် လုပ်ဆောင်မယ့် အရာတွေကိုလည်း မလွှတ်တမ်း အမိအရ ဖမ်းဆုပ် ထားခဲ့သူ ဖြစ်ပါတယ်။

(အခန်းငယ် ၂၃)| မှာဖေါ်ပြထားတဲ့ “ကာလာ ကြာမြင့်ပြီးမှ” ဆိုတဲ့ ကျမ်းစကားကို ကျမ်းပညာရှင် အချို့က ကရေတေနဲ့ ဒမသက်မြို့တွေမှာ တမန်တော်ရှင်ပေါလု နေခဲ့တဲ့ (၃)နှစ်တာ ကာလကို ပြောတာလို့ ယုံကြည် ကြပါတယ်။ အဲဒီအတောအတွင် တမန်တော်ကြီး ဘာလုပ်ခဲ့သလဲ?၊ အချို့က လူသူဝေးရာ နေရာမှာ သွားနေတယ်၊ သူ့ရဲ့ အတိတ်က အမှားတွေအတွက် အရင်တုန်းက သူနဲ့တွဲခဲ့တဲ့ သူတွေနဲ့ ဝေးရာကို ထွက်သွားတယ်၊ ဘုရားရဲ့ ရှေ့တော်မှောက်မှာ ဆုတောင်းခြင်း၊ ၀တ်ပြုခြင်းနဲ့ အချိန်ယူခဲ့တယ်၊ မေရှိယခရစ် တော်နဲ့ ပတ်သက်ပြီး သူ့ရဲ့ဓမ္မအတွေး အခေါ်ကို ပြန်ဆင်ခြင် တယ်လို့ ယုံကြည် ကြပါတယ်။ ဒီအချက်တွေ အားလုံးဟာ သံသယ စိတ်ဝင်စရာ မရှိပေမယ့်၊ မှန်ပါတယ် လို့လည်း သက်သေပြစရာ မရှိပါဘူး။ ကရေတေ ဆိုတာ ဒမသက်မြို့ရဲ့ တံတိုင်းဆီ သွားတဲ့လမ်း တလျှောက် တိုးချဲ့ထားတဲ့ နယ်ပယ် တစ်ခု ဖြစ်ပါတယ်။ တမန်တော် ရှင်ပေါလု အနေနဲ့ အဲဒီကာလမှာ ပုန်းရှောင် နေတာလည်း ဖြစ်ပုံမရပါဘူး။ ယေရှုဟာ ဘုရားသခင် ဂတိတော်ထားတဲ့ မေရှိယဖြစ်ကြောင်း၊ နောင်တတရား ရဖို့လိုပြီ ဖြစ်ကြောင်း၊ ဘုရားသခင်ကို ခေါ်ဖိတ်ကြဖို့၊ မိမိတို့ရဲ့ အသက်တာတွေကို အဲဒီသခင်ဆီမှာ ဆက်သပုံအပ် ကြဖို့ ကေရတေ မြို့သူမြို့သား တွေကို ပြောပြဖို့ အတွက် ဆက်သွား ခဲ့တာ ဖြစ်ပါတယ်။
တမန်တော်ကြီးရှင်ပေါလုဟာ အဲဒီ(၃)နှစ်တာ ကာလမှာ လူသူ ကင်းဝေးရာဆီ သွားပြီး ဘုရားနဲ့ မိတ်သဟာယ ဖွဲ့ဖို့ လိုအပ်သလို၊ ကေရတေမြို့သူမြို့သားတွေဆီ အမှုတော် သွားဆောင်တယ် ဆိုတာတွေထက်၊ အဓိက ကျွန်ုပ် တို့ သင်ယူရမယ့် အချက်က သူ့ကို ကြီးထွား ရှင်သန်တဲ့သူ ဖြစ်ဖို့ ဘုရားသခင် အလိုတော် ရှိနေ ကြောင်းကို သူအနေနဲ့ ကောင်းကောင်းကြီး သိရှိနားလည် နေခြင်းပဲ ဖြစ်ပါတယ်။ သူဟာ ကြီးထွား ရင့်ကျက်မှုနဲ့ ဆိုင်တဲ့ စနစ် အဆင့်ဆင့်နဲ့ သူ့ကို ဘုရားသခင် ပေးသနား တော်မူတဲ့ ဆုကျေးဇူး တွေကို တတ်မက် စွဲလန်းခြင်း များစွာနဲ့ မလွတ်တမ်း ဖမ်းဆုပ် ထားတဲ့ သူလည်း ဖြစ်ပါတယ်။ ဖင့်နွဲ့မှု မရှိဘဲ ဧ၀ံဂေလိ သတင်းကောင်းကို စတင်ဝေငှ ခဲ့ပါတယ်။ သူ့အသက် တာကို ဘုရား ဘာများ အလိုတော်ရှိလဲ ဆိုတာကို သူကောင်းကောင်းကြီး သိခဲ့ပါတယ်။ နောက်ဆုံး ခရစ်တော် အတွက် မာတုရအဖြစ် အသက်ပေးဆပ် အသက်ရှင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။
မိတ်ဆွေကော ဘယ်လိုလဲ?၊ ဘယ်လို နေရာမှာ ကြီးထွား ရှင်သန် နေပါသလဲ?၊ သင့်အသက် တာကို ဘုရားသခင် ဖြစ်စေလိုတဲ့ အသက်တာ၊ သဘောထား၊ ခံစားချက်နဲ့ အသက်ရှင် နေပါသလား?၊ သခင် ခရစ်တော် အကြောင်းကို ဝေငှပါသလား?၊ ကျွန်ုပ်အားလုံးကို တမန်တော်တွေ၊ ပရေဖက်တွေ၊ ဧ၀ံဂေလိ အမှုတော် ဆောင်တွေ (သို့) သင်းအုပ်တွေ၊ ကျမ်းစာပို့ချသူတွေ အဖြစ် ဘုရားသခင် ခေါ်ယူ ထားတာ မဟုတ်ပါဘူး။ ခရစ်တော်ရဲ့ သက်သေခံတွေ ဖြစ်ဖို့သာ ခေါ်ယူထား တာဖြစ် ပါတယ်။ ကျွန်ုပ်တို့ အသက်တာမှာ ခရစ်တော် ဘုရား ဘာတွေလုပ် ဆောင်ပေး သွားသလဲ ဆိုတာကို သက်သေခံ နိုင်ပါတယ်။ ခရစ်တော် ဘုရားဟာ လူသား အားလုံးရဲ့ မျှော်လင့်ရာ ဖြစ်ကြောင်း ဝေငှနိုင်ပါတယ်။ သင့်ကို ဘုရားပေး ထားတဲ့ ဆုကျေးဇူး တွေကို သင်တကယ် အသုံးပြု အသုံးချ နေရဲ့လား၊ တိုးတက်မှု တွေကော ဘယ်လောက် ရှိလာပြီ လဲ?၊  သင်အဲဒီ ဆုကျေးဇူး တွေကို အသုံးမပြုဘူး ဆိုယင်တော့၊ အဲဒီ ဆုကျေးဇူး တွေကို သင်ပြန်လည် ဆုံးရှုံးခံရ နိုင်ပါတယ်။ ကြီးထွား ရှင်သန်ဖို့ ဆန္ဒနေရှိယင်၊ ခရစ်တော်နဲ့ ရင်းနှီးအကျွမ်းတ၀င် ဖြစ်ဖို့ အစဉ်အမြဲ လုပ်ဆောင်ကြပါ၊ သန့်ရှင်းသော ၀ိညာဉ်တော် အားဖြင့် ကျွန်ုပ်တို့ကို ပေးထားတဲ့ ဆုကျေးဇူး တွေကို အသုံးပြု ကြပါ၊ ကြီးထွား ရှင်သန်စေသော အရာမှန်သမျှကို အပြည့်အ၀ အမိအရ ဖမ်းဆုပ် ရယူကြပါ။ ကြီးထွား ရှင်သန်စေတဲ့ တတိယ လက္ခဏာ ကတော့ ဘေးဒုက္ခနဲ့ ရင်ဆိုင် ရခြင်း ဖြစ်ပါတယ်။
၃။ကြီးထွား ရှင်သန်သူ တစ်ဦးဟာ ပဋိပက္ခကို ကိုင်တွယ်ဖို့ သင်ယူနေ သူဖြစ်တယ်။
(A Growing Christian Learns How to Handle Conflict) (အခန်းငယ်-၂၃-၂၆၊၂၉)
တမန်တော် ရှင်ပေါလု လူတွေ ထံကနေ ရင်ဆိုင် ခဲ့ရတဲ့ အခြေအနေ(၃)မျိုး|-
က) ဒမသက်မှာ ရှိတဲ့ ဂျူးတွေက သူ့ကို သတ်ဖို့ ကြိုးစား ခဲ့ကြ ပါတယ်(း၂၃) ကာလကြာမြင့်ပြီးမှ၊ ရှေလုကို သတ်အံ့သောငှါ၊ ယုဒလူတို့သည် အချင်းချင်း တိုင်ပင်ကြ၏။ (း၂၄) ထိုအကြံအစည်ကို ရှောလု သည် သိ၏။ (း၂၅) သူ့ကိုသတ် အံ့သောငှါ မြို့တံခါးတို့ကို နေ့ညဥ့်မပြတ် စောင့်ကြ သော ကြောင့်၊ (း၂၅) တပည့်တော် တို့သည် ညဥ့်အခါ သူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ၏။
ခ)  ယေရု ရှလင်မြို့မှာ ရှိတဲ့ ခရစ်ယာန် တွေက ပေါလုကို ကြောက်ရွံ့ပြီး လက်မခံကြပါ(း၂၆) ယေရုရှလင် မြို့သို့ ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဘော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ် ကြောင်းကို တပည့်တော် အပေါင်းတို့သည် မယုံသဖြင့် သူ့ကို ကြောက်ရွံ့ကြ၏။
ဂ)  ဟေလေနစ် လူတွေက သူ့ကို သတ်ဖို့ ကြိုးစား ကြတာကို ရင်ဆိုင်ခဲ့ရပါတယ်(း၂၈-၂၉) သခင်ယေရှု၏ နာမတော်ကို အမှီပြု၍ ရဲရင့်စွာ ဟောလျက်နေ၏။ ဟေလေနစ်လူတို့နှင့် နှီးနှော ပြော ဆိုသဖြင့်၊ ထိုသူတို့ သည် ရှောလုကို သတ်မည်ဟု အား ထုတ်ကြ၏။
     (ဟေလေနစ်ဆိုတာ|- ဟေဗြဲဆိုတာ ဂျူးခရစ်ယာန်တွေ ပါပဲ၊ အားလုံးလိုလို အာရမိ စကားပြော ကြပါ တယ်။ ဟေလေနစ် ဆိုတာကတော့ ဂျူးခရစ်ယာန်တွေ ဖြစ်ပေမယ့်လည်း ဂရိစကားကို ပဲပြောပြီး သူတို့ကိုသူတို့ ဂရိလူမျိုး၊ တပါးအမျိုးသား၊ ဂျူးမဟုတ်ဘူးလို့ စိတ်ထဲမှာ ခံယူအသက်ရှင်တဲ့ သူတွေ ဖြစ်ပါတယ်။ ဂရိစကားကိုပဲ ပြောပြီး၊ ဂရိဖက်ရှင်ကိုဝတ်တဲ့၊ ကိုယ့်ကိုယ်ကို ဂျူးလို့မခံယူဘဲ၊ ဂရိလို့ခံယူ သူတွေဖြစ်ကြပါတယ်- တမန် ၂၁း၂၈)
တမန် တော်ကြီး ရှင်ပေါလုလို ခါးခါးသီးသီး မုန်းခံရတာ၊ စိုးရိမ် တုန်လှုပ် အောင် ငြင်းပယ် ခံရ တာမျိုး သင်ရင် ဆိုင်ရယင် ဘယ်လို တုံ့ပြန်မလဲ? ကိုယ့်ဘက်မှာ ရပ်တည် မယ့်သူ တစ်ယောက်မှ မရှိတော့တဲ့ အခြေအနေမျိုး၊ အားလုံးက ကိုယ့်ကို နားလည်မှု လွဲတဲ့ အခါမျိုးမှာ သင်ဘယ်လို ပြန်ပြီး တုံ့ပြန်မလဲ။ အများ အားဖြင့် တော့ ဒေါသစိတ် မှုံယိုပြီး အမှန်တရား ဆင်ခြင်တုံ တရားတွေ ပျောက်ပြီး၊ ပြင်းပြင်း ထန်ထန် ပြန်လည် တုံ့ပြန် တတ်ကြ ပါတယ်။ ကြီးထွား ရင့်ကျက် ရှင်သန်ချင်တဲ့ ခရစ်ယာန်တွေ အနေနဲ့ ကတော့ ဆန့်ကျင်ဖက် ပြုသူတွေကို ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေရဲ့ မဟုတ် မမှန်ဘဲ စွပ်စွဲ အပြစ်တင်၊ ရိုးစွဲတာမျိုး ခံရတဲ့အခါ အမျိုးမျိုး နည်းနဲ့ ပြန်ပြီး အမြင်မှန် ရလာအောင် ကြိုးစားပါ။ နောက်ဆုံး ဘယ်လိုမှ မရနိုင်တဲ့ အဆုံး၊ နှုတ်ကပတ်တော် ကဖေါ်ပြ ထားသလို သက်သေ တစ်ယောက် နှစ်ယောက်နဲ့ နားလည်အောင် ရှင်းပြနိုင် ပါ တယ်။ ဒီနည်းနဲ့ အဆင် မပြေယင် အသင်းတော် တစ်ပါးထဲကဆို သင်းအုပ်ဆရာနဲ့ ညှိနှိုင်းနိုင် ပါတယ်။ ဒါလို လုပ်လို့ မရခဲ့ယင်လည်း သူ့ကို ရန်သူလို သဘော မထားရ ပါဘူး၊ သူ့ရဲ့မကောင်း ကြောင်းကိုလည်း အတင်း မပြောပါနဲ့။ မရှုံ့ချပါနဲ့။ ကိုယ့်ကို မတရား လုပ်တဲ့သူဟာ ခရစ်ယာန် ဘဲဖြစ်ဖြစ်၊ အခြားဘာ သာဝင်ဘဲ ဖြစ်ဖြစ် သူတို့နဲ့ ဘယ်လိုမှ ပြန်ပြီး ပြေလည်ဖို့ နည်းလမ်း မရနိုင်တဲ့အဆုံး ခရစ်တော် သွန်သင်ထားတဲ့ နည်းလမ်းကောင်း အတိုင်း လုပ်ဆောင်နိုင် ပါတယ်။ အဲဒီလမ်းလမ်းကို (မသဲ ၅း၄၄)မှာ ဖေါ်ပြထားပါတယ်။
(မသဲ ၅း၄၄)|-
ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှါ၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသော သူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသော သူတို့အဘို့ ဘုရားသခင်ကို ဆုတောင်းကြလော့။
ကိုယ့်ကို မတရား ပြောတဲ့သူ၊ မတရား ရိုးစွပ်တဲ့သူ၊ မတရား ရန်ရှာသူ၊ မုန်းတီး သူတွေကို ခွင့်မလွှတ်၊ တုံ့ပြန်ရန်ပြု မယ်ဆိုယင်တော့၊ သတိလစ်ပြီး ကိုယ့်ရဲ့ ၀ိညာဉ်ရေးရာ ကြီးထွား ရင့်ကျက်မှုကို ချိနဲ့ သွားအောင် လုပ်လိုက် သလို၊ ကိုယ်ကို တိုင်လည်း စာတန် မာရ်နတ်ရဲ့ အန္ဒရယ် စက်ကွင်း ထောင်ချောက်ထဲ ၀င်မိ သွားသလို ဖြစ်သွားပါ လိမ့်မယ်။ နောက်တစ်မျိုး ပြောရယင် ဒီလိုတုံ့ပြန် ခြင်းဟာ ရန်သူ ဖြစ်တဲ့ စာတန် မာရ်နတ်ကို ကိုယ့်အသက်တာ ကိုယ့်စိတ် နှလုံးသားထဲ ၀င်ရောက်လာဖို့ ဖိတ်ခေါ် လိုက်သ လိုဖြစ်ပြီး၊ ကိုယ့်ဘ၀ကို စာတန်ဆီမှာ အခြေခံ အုပ်မြစ်ချ အသက်ရှင်တဲ့ ပုံစံအဖြစ် ပြောင်းလဲ သွားစေတာ မျိုးလည်း ဖြစ်သွား တတ်ပါ တယ်။
(ဟေဗြဲ ၁၂း၁၅)|-
သင်တို့တွင် တစုံတယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော် ကိုမရ ဘဲ မနေစေခြင်းငှါ၎င်း၊ ခါးစွာသော  ပင်မြစ်ပေါက် ၍ သင်တို့နှောက် ရှက်သဖြင့်၊ လူအများ တို့သည် အပြစ်နှင့် မညစ်ညူးစေခြင်းငှါ၎င်း၊
(စာတန် ပြုစု ပျိုးထောင် ပေးလိုက်တဲ့ အပင်၊ ကိုယ်တင်မက လူတော်တော် များများကိုတောင် အပြစ်နဲ့ ညစ်ညူး စေတဲ့ အပင်မျိုး၊ အသက်တာမျိုး)
(ကျေးဇူးတော်- ကြီးထွားရင့်ကျက် ရှင်သန်ရန် ၀ိညာဉ်ဆုကျေးဇူးများ)
ဒီခါးတဲ့ အမြစ်ဟာ ရန်ကို ရန်ချင်း တုံ့ပြန်တတ်တဲ့ အစေ့ငယ်လေး ကနေ သန္ဓေတည် အမြစ်စွဲ ကြီးထွား လာစေ တာဖြစ်တတ် ပါတယ်။ ဒီခါးသီးတဲ့ အမြစ်ကို ကြီးထွား ရှင်သန်ဖို့ ခွင့်ပြုလိုက် ယင်တော့ အဲဒီ အမြစ်ခါးရဲ့ အကျိုးသက် ရောက်မှုတွေဟာ ကမ္ဘာကြီးကို နာကြင်မှုတွေ ဖြစ်စေလာမယ်၊ ဒုက္ခပြသနာ တွေကို ပေါ်ပေါက် လာစေမယ်၊ လူသား အာလုံးကိုလည်း မကောင်းတဲ့ အကျိုး သက်ရောက် မှုတွေကို ခံစားစေမှာ ဖြစ်ပါတယ်။ သင့်ဘ၀ သင့်အ သက်တာမှာ အမြစ်ခါးတွေ ကြီးထွားရှင်သန် ပေါက်ပွား လာစေရုံ သာမက၊ သင်ကနေ တဆင့် အခြားသူတွေရဲ့ အသက်တာ တွေထဲ ထပ်မံကူစက် ပျံ့ပွားသွား တတ်ပါတယ်။ ဒါကြောင့် ဆုတောင်းပါ၊ ချစ်ခြင်းမေတ္တာ ထားကြပါ၊ ခွင့်လွှတ် ကြပါ|-
၎။ကြီးထွား ရှင်သန်သော ခရစ်ယာန် တစ်ဦးသည် ယုံကြည် သူချင်း မီခို အားထားခြင်း ကို သင်ယူနေ သူဖြစ်သည်။
(A Growing Christian Learns to Rely on Fellow Believers) (အခန်းငယ်-၂၅၊၃၀)|-
၂၅တပည့်တော် တို့သည် ညဥ့်အခါ သူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချ ကြ၏။ ၃၀ထိုအကြောင်း ကို ညီအစ်ကို တို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့ တိုင်အောင် စေလွှတ် ကြ၏။.
ဒမသက်မြို့က ဂျူတွေ သူ့ကို သတ်ဖို့ကြိုးစား ကြတဲ့အခါ ၊ သူ့ရဲ့ခရစ်ယာန် မိတ်ဆွေ များက ကူညီခဲ့ပါတယ်။တပည့်တော် တို့သည် ညဥ့်အခါ သူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ၏။ ထိုအကြောင်း ကို ညီအစ်ကို တို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။
ယေရုရှ လင်မြို့က ခရစ်ယာန်တွေ သူ့ကို ကြောက်ရွံ့ ကြတဲ့အခါ၊ သူ့ရဲ့ ခရစ်ယာန် မိတ်ဆွေ ဗာနဗက ကူညီ ရှင်းပြ ပေးခဲ့ ပါတယ်။
(တမန်တော် ၉း၂၇-၂၈)|

ယေရုရှ လင်မြို့သို့ ရောက်သော အခါ၊ တပည့်တော် တို့နှင့် ပေါင်းဘော် မည်ပြုသော်၊ သူသည် တပည့်တော် ဖြစ်ကြောင်းကို တပည့်တော် အပေါင်းတို့သည် မယုံသဖြင့် သူ့ကို ကြောက်ရွံ့ ကြ၏။ ထိုအခါ ဗာနဗသည် သူ့ကို ခေါ်၍ တမန်တော် များထံသို့ ပို့ဆောင်ပြီး လျှင်၊ အထက်က ရှောလုသည် လမ်းခရီး၌ သခင် ဘုရား ကို မြင်သည် ဟူ၍၄င်း၊ သူ့အား မိန့်တော်မူသည် ဟူ၍၄င်း၊ ဒမာသက်မြို့၌ ယေရှု၏ နာမတော် ကို အမှီပြုလျက်၊ ရဲရင့်စွာ ဟောသည် ဟူ၍၄င်း ပြောလေ၏။ ထိုနောက်မှ ရှောလုသည် ယေရုရှ လင်မြို့၌ တမန်တော် တို့နှင့် ပေါင်းဘော်၍၊ သခင်ယေရှု၏ နာမတော်ကို အမှီပြု၍ ရဲရင့်စွာ ဟောလျက် နေ၏။
သူ့ကို တစ်ခါ တစ်ရံ ခရစ်တော် ကလွဲပြီး ဘယ်သူ့ အကူအညီမှ မယူဘဲ တစ်ကိုယ် တည်း လွတ်လွတ် လပ်လပ် ရပ်တည်နေ တယ်လို့ မြင်ကောင်း မြင်နိုင်ပါတယ်။ သို့သော် ယုံကြည်သူ အချင်းချင်း နီးနီး ကပ်ကပ် ရှိခဲ့ယင်၊ သူ့ရဲ့အမှုတော် ဆောင်ခြင်းအတွက် အခြားယုံကြည်သူ တွေကိုလည်း ဘုရားက အသုံးပြုနေ တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘုရားသခင် အခြား ခရစ်ယာန်တွေ အားဖြင့် ပြောတဲ့ စကားကို လည်း သူခံယူတာ တွေကိုလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီစကား တွေဟာ အမှန်တကယ် သန့်ရှင်းသော ၀ိညာဉ်တော် ထံပါးက လာတဲ့ ဘုရားသခင်ရဲ့ သွန်သင် မိန့်ကြားတာ ဟုတ်မဟုတ် ကိုတော့ သူအမြဲ လေ့လာ သုံးသပ် စိစစ် တာကို လည်း တွေ့ရ ပါတယ်။ ကျွန်ုပ်တို့ အသက်တာမှာ အမှန်တကယ် လိုအပ်လာတဲ့ အခါ အခြား ယုံကြည် သူများကို ဘုရားသခင်က အသုံးပြုတတ် ပါတယ်။

နိဂုံး|-
အဆုံးသတ် အနေနဲ့ မေးခွန်း မေးကြ ရအောင်။ မိတ်ဆွေ ခရစ်တော်၌ ကြီးထွား နေပါသလား၊ ခရစ်တော် ကို ပိုပြီး သိကျွမ်းဖို့ ရှာဖွေလုပ် ဆောင်နေ ပါသလား၊ ကြီးထွား ရှင်သန်စေတဲ့ အရာတွေကို အမိအရ မလွတ် တမ်း ဆွဲကိုင် ထားပါ သလား၊ သက်သက် သာသာနဲ့ နေထိုင်နေ ပါသလား၊ ပဋိပက္ခ တွေကို ဘယ်လို ဖြေရှင်း နေပါ သလဲ၊ ခွင့်လွှတ် တတ်ဖို့ ဖြေလျှော့ဖို့ ဘုရားသခင် ထံပါးမှ သင်ယူ နေပါသလား၊ အခြား ခရစ်ယာန်များနဲ့ သင့်ရဲ့ ဆက်ဆံမှု အခြေအနေက ဘယ်လိုလဲ၊ သင့်ကို ယုံကြည် လက်ခံတဲ့ ခရစ်ယာန် တွေနဲ့ နီးကပ်စွာ ရင်းရင်းနှီးနှီး အသက် ရှင်ဖို့ ရှာဖွေနေပြီလား၊ အခြား ခရစ်ယာန်တွေရဲ့ ဆုတောင်းပေးခြင်း၊ ပံ့ပိုးကူညီခြင်း၊ အားပေးခြင်း၊ အကြံဥာဏ် ပေးတာတွေကို အားထား တတ်ဖို့ သင်ယူနေ ပါသလား။
ဒီမေးခွန်း အားလုံးကို Yes လို့ဖြေနိုင် တယ်ဆိုယင်၊ သင့်ရဲ့ ယုံကြည်ခြင်း ကြီးထွားရှင် သန်နေ တယ်လို့ ဆိုနိုင် ပါတယ်။ No လို့ဖြေမယ်ဆိုယင်တော့၊  သင့်ဘ၀မှာ ကြီးထွား ရှင်သန်ဖို့ လုပ်စရာတွေ ကျန်နေ ပါသေးတယ်။ သင့်အနေနဲ့ မေးဖို့ ဆန္ဒရှိတယ် ဆိုယင်ဖြင့် ဘုရား သခင်က သူကိုယ် တိုင်ဖြစ်စေ၊ အခြား ခရစ်ယာန် မိတ်ဆွေ များအားဖြင့် ဖြစ်စေ သင့်ကို အကူ အညီ ပေးသွားပါ လိမ့်မယ်။ အထက် က အခြေအ နေတွေ သင့်မှာ လုံးဝ မရှိသေး ဘူးဆိုယင် တော့၊- ABC စကားလုံး သုံးလုံးနဲ့ အစပြု လုပ် ဆောင်ပါလို့ အားပေး ချင်ပါတယ်။

အင်္ဂလိပ် အက္ခရာ A,B,C နဲ့ မှတ်ယူ စေလို ပါတယ်။
 Admit(၀န်ခံခြင်း၊ လက်ခံခြင်း) မိမိကိုယ်ကို ဘုရားအား ဆန့်ကျင်တဲ့ အပြစ်သားလို့ လက်ခံပါ၊ ၀န်ခံပါ။
(သမ္မာ ကျမ်း စာက လူသား တိုင်းဟာ အပြစ်သား ဖြစ်တယ်လို့ ဖေါ်ပြထား ပါတယ်)

Believe(ယုံကြည်) ယေရှုကို ဘုရား သခင်ရဲ့သားတော် လို့ ယုံကြည်ပါ။
(သူ့ရဲ့ အသေခံခြင်း ကြောင့် သင်အပြစ်သား ဘ၀ကနေ လွတ်မြောက် ခွင့်ရကြောင်း၊ သင့်ကို ထမြောက် စေသော ဘုရားရှင် ဖြစ်ကြောင်း ယုံကြည်ပါ)

Confess (အပြစ် ၀န်ခံ၊ ၀န်ချ) သင့်ဘ၀ အသက်တာရဲ့ ဦးဆောင် လမ်းပြ ပေးမယ့် ခေါင်းဆောင် အဖြစ် ခရစ်တော် ကို အပြစ် ၀န်ချပါ။

ဒီသုံးမျိုး (Admit, Believe, Confess) ကို သင့်အနေနဲ့ ဘယ်အချိန်၊ ဘယ်နေရာ မှာပဲဖြစ်ဖြစ် လုပ်ဆောင် နိုင်ပါတယ်။ ခရစ်တော်၌ ကြီးထွား ရင့်ကျင်သော ခရစ်ယာန် များဖြစ် ကြပါစေဟု ဆန္ဒ ပြုလျှက်…

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)…